MPT က ပြည်တွင်းဖုန်းလိုင်းအားလုံးကို ခေါ်ဆိုနိုင်ပြီး လက်ကျန်မိနစ်များကို သယ်ဆောင် အသုံးပြုနိုင်သည့် ကြိုက်ရာခေါ် အစီအစဉ်ကို မိတ်ဆက်

MPT သည် သုံးစွဲသူများအတွက် Joint Operations (JO) ၏ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခြင်းအဖြစ် MPT သည် သုံးစွဲသူများအား ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ မည်သည့်ဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှု အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိဘဲ စိတ်ကြိုက်ခေါ်ဆို နိုင်ပြီး အသုံးမပြုဘဲ ကျန်ရှိသည့် voice မိနစ်များကို သယ်ဆောင် အသုံးပြုနိုင်သည့် ကြိုက်ရာခေါ် ဝန်ဆောင်မှု အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ကြိုက်ရာခေါ် ပက်ကေ့ချ်တွင် မည်သည့်ပြည်တွင်းဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှုများပြုလုပ်ရန်အတွက် မိနစ် ၉၂ နှင့် မိနစ် ၁၉၀ (၂) မျိုး ပါရှိပါသည်။ ပက်ကေ့ချ်သက်တမ်းမှာ ၁၅ ရက် (သို့မဟုတ်) ရက် ၃၀ ဖြစ်ပြီး ဈေးနှုန်းမှာ ၉၉၇ ကျပ်နှင့် ၁,၉၉၇ ကျပ်အသီးသီးဖြစ်သည်။
သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီပြီး သုံးစွဲရ လွယ်ကူအဆင်ပြေစေမည့် ပက်ကေ့ချ်များကို မိတ်ဆက် လိုက်ခြင်းအားဖြင့် MPT မှ သုံးစွဲသူများအား ပြည်တွင်းဖုန်းခေါ်ဆိုမှုအားလုံးအတွက် အသုံးစရိတ်များကို အသက် သာဆုံးဖြစ်စေရန် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်။ “ကြိုက်ရာခေါ်” အစီအစဉ်ကို MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ/ ရှယ်ပြော/ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ဝယ်ယူ အသုံးပြုနိုင်ပါသည်။

Photo Source https://www.facebook.com/mptofficialpage/

သယ်ဆောင်အသုံးပြုနိုင်သည့် အကျိုးကျေးဇူးအဖြစ် သုံးစွဲသူများသည် လက်ကျန် Voice မိနစ် သယ်ဆောင် နိုင် သော ကာလ (Package ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ် ပက်ကေ့ချ်အသစ် ဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ်အသစ်၏ သက်တမ်းအတိုင်း ပေါင်းစည်းအသုံးပြုနိုင်ပါသည်။ သုံးစွဲသူများမှာ အသုံးမပြုရသေးသော မိနစ်များကို သယ်ဆောင်နိုင်ရန် Package ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်အတွင်း “ကြိုက်ရာခေါ်” ပက်ကေ့ချ်အသစ် ဝယ်ယူရန်လိုအပ်ပါသည်။ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး လက်ကျန်မိနစ် သယ်ဆောင် ကာလအတွင်း ပက်ကေ့ချ်အသစ်ထပ်မံဝယ်ယူပါက မူလပက်ကေ့ချ်၏ လက်ကျန် မိနစ်များကို ပေါင်းစည်း အသုံးပြုနိုင်သည့်အပြင် အရှည်ဆုံးသက်တမ်းရှိသောပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်သည်။
“ဘယ်ဖုန်းလိုင်းကိုမဆိုခေါ်ဆိုနိုင်မယ့် ကျွန်တော်တို့ရဲ့ voice ပက်ကေ့ချ်အသစ်တွေနဲ့အတူ သုံးစွဲသူတွေကို ပက်ကေ့ချ် ရဲ့ မိနစ်နဲ့ သက်တမ်းကိုပေါင်းစည်း သယ်ဆောင်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးခြင်းကတစ်ဆင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး သုံးစွဲရလွယ်ကူအဆင်ပြေစေမယ့် အစီအစဉ်ကို ယူဆောင်လာပြီ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် တန်ဖိုးအရှိဆုံးနဲ့ အကုန်အကျအသက်သာဆုံး voice pack ဖြစ်ပါတယ်။ အထူးသဖြင့် လူတွေအားလုံး ကိုဗစ်-၁၉ အခြေအနေကြောင့် အိမ်မှာနေဖို့လိုအပ်တဲ့ အခုလိုခက်ခဲလှတဲ့ အချိန်အတွင်းမှာ ကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံကို တန်ဖိုးရှိရှိပေးအပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage/

ကြိုက်ရာခေါ် voice ပက်ကေ့ချ်များ၏ အကျိုးကျေးဇူးကို ရယူနိုင်ရန်နှင့် ချစ်ခင်သူများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် သုံးစွဲသူများမှာ ကြိုက်ရာခေါ် voice ပက်ကေ့ချ်ကို *997# သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီ ကေးရှင်းမှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။ ကြိုက်ရာခေါ် Package များကို မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်သည်။
MPT သုံးစွဲသူအားလုံးသည် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ၎င်းတို့၏အကောင့်များကို ၎င်းတို့နေအိမ်တွင်ပင် မိုဘိုင်းလ်ဖုန်းများပေါ်မှ အလွယ်တကူအသုံးပြုနိုင်ပါသည်။ MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။