MPT သုံးစွဲသူများအတွက်“ရွှေအိပ်မက်” အစီအစဉ်အား မိတ်ဆက်

MPT သည် ပထမဆုံးအကြိမ်အဖြစ် တစ်မူထူးခြားဆန်းသစ်သည့် “ရွှေအိပ်မက်” အစီအစဉ်ကို သုံးစွဲသူများ၏ အိပ်မက်များအမှန်တကယ်ဖြစ်လာစေရန် အကောင်အထည် ဖော်နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်းသိရသည်။
MPT နှင့် KSGM တို့ Joint Operations အဖြစ် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများနှင့် လူမူအသိုင်းအဝိုင်းများအား အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လာသည်မှာ မကြာသေးမီက (၇)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီး အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ်စိုက်ထူနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း အောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် MPT သည် ကံထူးရှင်အဖြစ် ရွေးချယ်ခြင်းခံရမည့် သုံးစွဲသူ (၇) ဦး ၏ အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် “အနာဂါတ်တွေ ပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့”အစီအစဉ်ကို ကျင်းပဆောင်ရွက်လိုက်သည်။ ကံထူးဆုရရှိသူများသည် ၎င်းတို့၏ အိမ်မက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် အများဆုံး ငွေကျပ် သိန်း (၅၀၀) စီ အထိ ရရှိမည်ဖြစ်ပါသည်။
အဆိုပါ အစီအစဉ်တွင် စိတ်ပါဝင်စားသော MPT သုံးစွဲသူများအနေဖြင့် https://www.facebook.com/mptGoldendream Facebook Page မှတစ်ဆင့် “ရွှေအိပ်မက်” အစီအစဉ်သို့ဝင်ရောက်ပြီး Facebook Messenger ကိုအသုံးပြုကာ ၎င်းတို့၏ အိပ်မက်များကို တင်သွင်းရမည်ဖြစ်သည်။

Photo Source https://www.facebook.com/mptGoldendream

“ရွှေအိပ်မက် အစီအစဉ်နဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ အိပ်မက်တွေကို ဖော်ထုတ်ပြသနိုင်ဖို့အတွက် အားပေးအားမြှောက်ပြုချင်ပါတယ်။ MPT မှာလည်း ကျွန်တော်တို့ရဲ့ မျှော်မှန်းချက် အိပ်မက်တွေက ကန့်သတ်ထားတဲ့ဘောင်တွေကနေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ခိုင်မာတဲ့ လူမှုအဖွဲ့အစည်းတွေအဖြစ် ဖော်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့က ဒီအစီအစဉ်ကနေတစ်ဆင့် ကူညီ ထောက်ပံ့လိုက်တာဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။
MPT မှ သုံးစွဲသူများအားလုံးကို ၎င်းတို့၏ စိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဇွဲလုံ့လရှိမှုကို ပြသရန်နှင့် ၎င်းတို့၏ စိတ်ကူးယဉ်အိပ်မက်များကို အောက်တွင်ဖော်ပြပေးထားသော အမျိုးအစားများဖြင့် ပါဝင်နိုင်ရန် တိုက်တွန်းထားသည်။
၁။ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)
၂။ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း
၃။ မိသားစု
အစီအစဉ်တွင် ပါဝင်ခွင့်ရရှိသူများအားလုံးကို MPT မှ ကံစမ်းမဲနိုက်ကာရွေးချယ်ပေးသွားမည်ဖြစ်ပြီး ကံထူးရှင် (၇) ဦးအား ရွေးချယ်ကာ ဆုချီးမြှင့်သွားမည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် မှန်ကန်တိကျသော ကိုယ်ရေး အချက်အလက်များနှင့် MPT ဆင်းမ်ကတ်ကို မှတ်ပုံတင်ထားပြီး ပါဝင်လျှောက်ထားရန်လိုအပ်ပါသည်။ ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများကို https://www.facebook.com/mptGoldendream တွင် ကြည့်ရှုနိုင်ပါသည်။

Photo Source https://www.facebook.com/mptGoldendream

MPT သုံးစွဲသူများသည် ၎င်းတို့၏အိပ်မက်များကို အောက်တိုဘာ (၇) ရက်နေ့အထိ တင်သွင်းနိုင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို ၃ ပတ်ကြာ ဆောင်ရွက်သွားမည် ဖြစ်ပြီး အိပ်မက်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ “ရွှေအိပ်မက်”အစီအစဉ်ကို အခမဲ့ပါ ဝင်နိုင်ပြီး အခကြေးငွေပေးဆောင်ရန် မလိုအပ်ပေ။ ကံထူးဆုရရှိသူများကို ၂၀၂၀ ခုနှစ် အောက်တိုဘာလအတွင်းတွင် ကြေညာပေးသွားမည် ဖြစ်သည်။
လူသားတို့၏ သမိုင်းကြောင်း တစ်လျှောက်ကိုဆန်းစစ်ရပါက ကမ္ဘာ့အကြီးကျယ်ဆုံးသော တီထွင်မှုများမှာ စိန်ခေါ်မှုများရှိနေသည့် ကာလများတွင် ဖန်တီးခဲ့ကြခြင်း ဖြစ်ပြီး ယခုလို MPT ၏ ထူးခြားသည့် အစီအစဉ်မှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်တွန်းလှန် နေရသော မြန်မာနိုင်ငံသားများအတွက် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များရရှိစေကာ တစ်နည်းအားဖြင့် မိမိတို့နေအိမ်တွင် နေထိုင်စဉ် တီထွင်ကြံဆမှုနှင့် အိမ်မက်များအကောင်အထည်ဖော်ရန် အားပေးနေခြင်းလည်းဖြစ်သည်။
“ရွှေအိပ်မက်” အစီအစဉ်အကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် (သို့) MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။