MPT မှ Postpaid သုံးစွဲသူများအတွက် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုအသစ်မိတ်ဆက်

MPT သည် Postpaid Service နှင့် FTTH သုံးစွဲသူများ အားလုံး ပိုမိုအဆင်ပြေ လွယ်ကူစွာဖြင့် ငွေပေးချေမှုများအား အချိန်မှီ ပေးသွင်းနိုင်ရန်အတွက် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု အသစ်တစ်ခုအား မိတ်ဆက်လိုက်ကြောင်းသိရသည်။ Postpaid ဝန်ဆောင်မှုများ (PSTN, GSM, CDMA, ADSL, IP Star) နှင့် FTTH သုံးစွဲသူများအားလုံးသည် MPT GSM Prepaid Mobile ဖုန်းကိုအသုံးပြု၍ လွယ်ကူအဆင်ပြေစွာ ငွေပေးချေနိုင် ပြီဖြစ်သည်။
MPT ၏ Postpaid ဝန်ဆောင်မှုများ (PSTN, GSM, CDMA, ADSL, IP Star) နှင့် FTTH သုံးစွဲသူများသည် လူသိများထင်ရှားသည့် USSD Code (မိမိကိုယ်တိုင်ငွေပေးချေနိုင်သည့်နည်းလမ်း) ဖြင့် ငွေတောင်းခံလွှာများကို အဆင်ပြေချောမွေ့စွာ ပေးဆောင်နိုင်သည့် အကျိုးကျေးဇူးများကိုရယူနိုင်ပြီး ၎င်းတို့၏ လစဉ်ကျသင့် ငွေတောင်းခံလွှာများကို ဖုန်းငွေဖြည့်ကတ်အသုံးပြု၍သော်လည်းကောင်း ဖုန်းလက်ကျန်ငွေမှတစ်ဆင့် ပေးချေခြင်းဖြင့်လည်းကောင်း ပေးချေနိုင် မည်ဖြစ်ပါသည်။

Photo Source https://www.mpt.com.mm/mm/

“ကျွန်တော်တို့ရဲ့ Postpaid ဖုန်းသုံးစွဲသူတွေဟာ လစဉ်ငွေပေးချေမှုတွေကို စိတ်ပူနေစရာမလိုဘဲ အလွယ်တကူ ပေးချေနိုင်အောင် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောာင်မှုအသစ်တစ်ခုကို ကျွန်တော်တို့ ပေးအပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သုံးစွဲသူတွေအတွက် ပိုမိုထူးခြားကောင်းမွန်သည့် ဒီဂျစ်တယ် လူနေမှုဘဝများ ရရှိစေဖို့ ဝန်ဆောင်မှုအမျိူးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ MPT အနေနဲ့ ကျွန်တော်တို့သုံးစွဲသူတွေအားလုံး စိတ်ကျေနပ်မှုရရှိဖို့နဲ့ အဆင်ပြေလွယ်ကူ စေဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု MPT-KSGM JO စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။
USSD ဝန်ဆောင်မှုသည် တစ်နေရာတည်းတွင် မိမိကိုယ်တိုင် ရိုးရှင်းလွယ်ကူအဆင်ပြေစွာဖြင့် ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး လုပ်ဆောင်နိုင်ရန် Prepaid နှင့် Postpaid သုံးစွဲသူနှစ်မျိုးလုံးအတွက် အထောက် အကူပေးသည့်စနစ်ဖြစ်ပါသည်။ USSD ဝန်ဆောင်မှုတစ်ခုစီတိုင်းအတွက် သုံးစွဲသူများသည် ၎င်းတို့၏ ရွေးချယ်မှုမှတစ်ဆင့် လမ်းညွှန်ချက်များနှင့် အကြောင်းပြန်မှုများကိုလည်း ချက်ခြင်းရရှိမည်ဖြစ်သည်။
ငွေပေးချေမှုများကို USSD code နံပါတ်များဖြစ်သည့် *258# နှင့် *106# တို့ဖြင့် လုပ်ဆောင်နိုင်ပါသည်။ MPT GSM Prepaid Mobile ဖုန်းအသုံးပြုပြီး ပေးဆောင်ပါက ဖုန်းငွေဖြည့်ကတ် (သို့မဟုတ်) Prepaid ဖုန်းလက်ကျန်ငွေဖြင့် ပေးဆောင်နိုင်မည်ဖြစ်ပါသည်။ ငွေဖြည့်ကတ်အသုံးပြုသည့် ငွေပေးချေမှုအတွက် အကြိမ်ရေ ကန့်သတ်ထားခြင်း မရှိသည့်အပြင် prepaid ဖုန်းလက်ကျန်ငွေအသုံးပြုကာ ငွေပေးချေသည့် သုံးစွဲသူများမှာ တစ်ရက်လျှင် ၅ ကြိမ်အထိ ပေး ချေနိုင်ပါသည်။

Photo Source https://www.mpt.com.mm/mm/

MPT သုံးစွဲသူများမှာ ယခင်စာရွက်ငွေတောင်းခံလွှာများအစား e-mail (သို့မဟုတ်) SMS မှတစ်ဆင့် သူတို့၏ လစဉ်ငွေတောင်းခံလွှာများကို လက်ခံပေးဆောင်နိုင်သည့် ဆန်းသစ်တီထွင်ထားသော E-invoice စနစ်၏ အားသာချက်များကို ရယူနိုင်ပါသည်။ ဒီဂျစ်တယ်ငွေတောင်းခံလွှာများမှာ ပိုမိုအဆင်ပြေချောမွေ့ရုံသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုစေနိုင်ပါသည်။
MPT သုံးစွဲသူများအနေဖြင့် E-invoice ဝန်ဆောင်မှုကို နီးစပ်ရာ MPT ရုံးများသို့ သွားရောက်ပြီး လွယ်ကူစွာ လျှောက်ထားနိုင်သလို၊ Call Center နံပါတ် (၁၀၆) သို့ ဖုန်းခေါ်ဆို၍ (သို့) အောက်ပါ အင်တာနက် စာမျက်နှာ https://www.mpt.com.mm/mm/e-invoice-registration-mm/ တွင် စာရင်းပေးသွင်းခြင်း တို့ဖြင့် လျှောက်ထားနိုင် သည်။ စာရင်းပေးသွင်း လျှောက်ထားခြင်း အောင်မြင်ပါက သုံးစွဲသူများ အနေဖြင့် SMS (သို့) အီးမေးလ်ကို လက်ခံရရှိမည် ဖြစ်ပြီး မိမိနှစ်သက်ရာ ပေးပို့မှုစနစ်ကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်သည်။ E-invoice ဝန်ဆောင်မှုစာရင်းပေးသွင်းသူ တစ်ဦးချင်းစီအတွက် တစ်လ ၅၀၀ ကျပ် သက်သာခွင့်ကို ၅ လ ဆက်တိုက် စုစုပေါင်း ၂၅၀၀ ကျပ် ရရှိနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။