Joint Operations ၏ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် ၇ နှစ်မြောက် ကံစမ်းပွဲအစီအစဉ် MPT ပြုလုပ်

MPT သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဂျပန် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့ ပူးပေါင်းဆောင်ရွက်ထားသည့် KDDI Summit Global Myanmar (KSGM) တို့၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် Joint Operations (JO) ၏ ၇ နှစ်မြောက်သည့်အနေ ဖြင့် အထူးကံစမ်းပွဲအစီအစဉ်ကို ပြလုပ်ထားကြောင်းသိရသည်။
အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှ အစဉ်တစိုက် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့် ၇ နှစ်မြောက် ကျေးဇူးတုံ့ပြန် ကံစမ်းပွဲ အထူးအစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်ကို MPT GSM/WCDMA ကြိုတင်ငွေ့ဖြည့်ကတ်စနစ် သုံးစွဲသူများအနေဖြင့် မည်သည့် နည်းလမ်း (USSD/ E Top-Up/ DMS/ SDP/ MPT4U/ Mobile Money) ကိုမဆို အသုံးပြုပြီး ငွေကျပ် ၁, ၀၀၀ နှင့်အထက် ဖုန်းဘေလ် ဖြည့်လိုက်ရုံဖြင့် စုစုပေါင်း မြန်မာကျပ် သိန်းပေါင်း တစ်သောင်းကျော်နှင့် ညီမျှသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်များ ရယူနိုင်မည့် အခွင့်အရေးရရှိ ကံထူးနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

သုံးစွဲသူများသည် နေ့စဉ်ဆုလက်ဆောင်များနှင့် အပတ်စဉ် ဆုကြီးများကို ရယူပိုင်ဆိုင်နိုင်ရန် နည်းလမ်းများစွာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဖုန်းဘေလ် ကျပ် ၁, ၀၀၀ ဖြည့်သွင်းမှုတိုင်းအတွက် Chance (၁)ခုကို ရရှိမည်ဖြစ်ပြီး MPT4U app ထဲရှိ “Top up Hti Pauk” ၌ Chance များဖြင့် ကံစမ်းခွင့်ရရှိမည်ဖြစ်ပြီး 777GB အထိ ဒေတာ လက်ဆောင်များကို ချက်ချင်း ရယူကံထူးနိုင်မည် ဖြစ်သည်။
ထို့အပြင် သုံးစွဲသူများအနေဖြင့် MPT4U app ထဲရှိ “Top-Up Hti Pauk” မှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော အထူးဆုကြီးများကို ကံထူးနိုင်သည့် “Ticket” များကို လက်ခံရရှိမည်ဖြစ်ပြီး အပတ်စဉ် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ် ကံစမ်းနိုင်သည့်ဆုကြီးများကို အပတ်စဉ် တနင်္လာနေ့တိုင်း MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာတို့တွင် ကြေညာပေးသွားမည် ဖြစ်သည်။
အဆိုပါ အထူးကံစမ်းမဲ အစီအစဉ်ကို ၂၀၂ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ ရက်မှ အောက်တိုဘာလ ၂၅ ရက် အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ဖုန်းဘေလ်များများဖြည့်ပါက “Chance” များများ ရရှိကံစမ်း နိုင်မည်ဖြစ်ပြီး ဖုန်းဘေလ်ဖြည့်သွင်းခြင်းကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ် အထူးဆုကြီးများ၏ အပတ်စဉ် ကံထူးသူများစာရင်းကို ပရိုမိုးရှင်းသီတင်းပတ်အပြီး နောက်တစ်ပတ် စနေနေ့တွင် MPT ၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ ပထမဉီးဆုံး ရက်သတ္တပတ်၏ ကံထူးဆုကို ငွေသားဖြင့် ချီးမြှင့်သွားမည် ဖြစ်ပြီး ကံထူးရှင် (၁) ဉီးလျှင် ငွေသား ကျပ်(၇) သန်းဖြင့် (၇) ဉီး ကံထူး ရရှိနိုင်မည် ဖြစ်သည်။ ကျန်သည့် ရက်သတ္တပတ် (၉) ပတ်အတွက် သုံးစွဲသူများသည် အပတ်စဉ်တိုင်းတွင် အဆိုပါဆုနှင့် ညီမျှသည့် (သို့မဟုတ်) ပိုပြီး တန်ဖိုးကြီးသည့် ဆုများကံထူးနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

ထို့အပြင် MPT Club အဖွဲ့ဝင်များသည် ကံစမ်းမဲ အစီအစဉ် ကာလအတွင်း လစဉ် ၅၊ ၁၅၊ ၂၅ ရက် (Lucky 5 နေ့များ) တို့တွင် ဖုန်းငွေဖြည့်သွင်းသည့် အကြိမ်တိုင်းအတွက် “Chance” တစ်ခုကို ထပ်ဆောင်း ရရှိနိုင်မည်ဖြစ်သည်။
“မြန်မာ့ဆက်သွယ်ရေး လောကမှာ Joint Operations အနေနဲ့ ဝန်ဆောင်မှုပေးနေတာ (၇) နှစ်ထဲကို ရောက်ရှိလာတဲ့ အထိမ်းအမှတ်အဖြစ် MPT ကို အစဉ်တစိုက် သုံးစွဲသူတွေအားလုံးကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ကျေးဇူး တုံ့ပြန်ချင်ပါတယ်။ ဒါကြောင့် စုစုပေါင်း မြန်မာကျပ် သိန်းပေါင်း တစ်သောင်းကျော်နဲ့ ညီမျှတဲ့ 777 GB အထိဒေတာ အပိုလက်ဆောင်တွေနဲ့ တယ်လီကွန်း ဆုတွေမဟုတ်တဲ့ အထူးလက်ဆောင်ဆုကြီးတွေကို ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက် ထားပါတယ်။ ဒါဟာ MPT ကို အစဉ်တစိုက် သုံးစွဲသူတွေကို တန်ဖိုးထားပြီး ကျေးဇူးတင်ရှိကြောင်း ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြား သည်။
၂၀၁၄ ခုနှစ်တွင် ဂျပန် အခြေစိုက်ကုမ္ပဏီကြီးများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့ ပိုင်ဆိုင်သည့် KDDI Summit Global Myanmar (KSGM) နှင့် MPT တို့ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းအတွက် သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ လုပ်ငန်းပူးပေါင်း ဆောင် ရွက်မှု JO ၏ အဓိကရည်ရွယ်ချက်မှာ သုံးစွဲသူများအတွက် အကောင်းဆုံးသော မြန်နှုန်းမြင့်ဝန်ဆောင်မှုနှင့် ကောင်း မွန်ခိုင်မာသည့် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အခြေခံအဆောက်အဦးများ ကမ်းလှမ်းပေးအပ်နိုင်ရန် ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်ပါသည်။ MPT Club သို့ ဝင်ရောက်လိုပါက *345# သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ 345 သို့ “REG M” (သို့) “REG F” ဟု စာတိုပေးပို့၍ သော်လည်းကောင်း ၊ MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် စာရင်းသွင်း၍ သော်လည်းကောင်း ပြုလုပ်နိုင်မည်ဖြစ်သည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာ တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။