Zero Checkout နည်းပညာဖြင့် ဈေးဝယ်နိုင်မည့် အခွင့်အရေးကို စိတ်ဝင်စားလာကြကြောင်း Visa ထုတ်ပြန်

Visa မှ မြန်မာနိုင်ငံသား သုံးစွဲသူထက်ဝက်ကျော် (၅၁ ရာခိုင်နှုန်း) သည် လက်လီအရောင်းဆိုင်များအတွက် နောက်ဆုံးပေါ် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည့် ဝယ်ယူသူများအနေဖြင့် ငွေပေးချေရေးကောင်တာများသို့ လူကိုယ်တိုင် သွားစရာမလိုဘဲ အာရုံခံကိရိယာ (Sensor) သို့မဟုတ် RFID နည်းပညာကို အသုံးပြု၍ ဝယ်ယူနိုင်သော ထိတွေ့ရန် မလိုအပ်သည့် ဈေးဝယ်နိုင်ခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်သော Zero Checkout နည်းပညာဖြင့် ဈေးဝယ်နိုင်မည့် အခွင့်အရေးကို စိတ် ဝင်စားကြကြောင်း တွေ့ရှိချက်ကို ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါတွေ့ရှိချက်သည် Visa မှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက် (လေ့လာ ဆန်းစစ်ချက်)[1] အပေါ် အခြေခံထားခြင်းဖြစ်ပြီး ငွေပေးချေမှုဆိုင်ရာ အလေ့အကျင့်များနှင့် သဘောထားများ အပါအဝင် ငွေပေးချေမှုနှင့် ပတ်သက်သည့် ဖြစ်ပေါ်လာသော အကြောင်းအရာများကို မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှရှိ နိုင်ငံများအတွင်း စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်သည်။ လေ့လာမှုတွင် မြန်မာသုံးစွဲသူထက်ဝက်နီးပါး (၄၄ ရာခိုင်နှုန်း) သည် Virtual Reality (VR) နည်းပညာကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ခဲ့ပါက လက်ခံအသုံးပြုကြ မည်ဖြစ်ကြောင်း ဖြေကြားခဲ့ ကြသည်။

Photo Source https://web.facebook.com/VisaMM/

“သုံးစွဲသူများရဲ့ ဈေးဝယ်ခြင်းနဲ့ ငွေပေးချေခြင်းနည်းလမ်းဟာ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများနှင့်အတူ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေတာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပိုမိုသက်သောင့်သက်သာရှိစေတဲ့ နည်းလမ်းသစ်တွေကို ရှာဖွေလာကြတာနဲ့အမျှ ဒီပြောင်းလဲမှုကို မောင်းနှင်သူတွေ ဖြစ်လာကြပါတယ်။ ကျွန်မတို့ Visa အနေနဲ့လည်း ဒါကို ခရီးစဉ်တစ်ခုအနေနဲ့ နားလည်သိရှိပြီးတော့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဖက်တွေနဲ့ အတူတကွ လက်တွဲပြီး ငွေပေးချေမှုအတွေ့အကြုံကို ပိုမိုရရှိစေဖို့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုရှိတဲ့၊ အလိုလျောက်သိစေနိုင်တဲ့၊ ချောမွေ့မှုနဲ့ လုံခြုံမှုတွေရှိစေတဲ့ ငွေပေးချေမှုနည်းလမ်းတွေကို ဖော်ဆောင်လုပ်ကိုင်ဖို့ အထူးအာရုံစိုက် နေခဲ့တာဖြစ်ပါတယ်” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang မှ ပြောကြားသည်။
Zero Checkout ဆိုသည်မှာ လက်လီအရောင်းဆိုင်များတွင် ကိုယ်တိုင်ကိုယ်ကျ တန်းစီ၍ ငွေပေးချေရန် မလိုအပ်တော့ သည်ကို ဆိုလိုခြင်းဖြစ်သည်။ ဈေးဝယ်သူ (Customer) တစ်ဦးအနေနှင့် စတိုးဆိုင်အတွင်းသို့ ဝင်ရောက်ကာ စင်များပေါ်တွင် တင်ထားသော ထုတ်ကုန်ပစ္စည်းများကို ကောက်ယူပြီး ငွေပေးချေခြင်းအတွက် တန်းစီ၍ စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ စတိုးဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်သည်။ ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းသည် မြန်မာပြည်ရှိ သုံးစွဲသူများအကြား Zero Checkout နည်းပညာကို စိတ်ဝင်စားစေသည့် အဓိကအချက်များမှာ နည်းပညာအသစ် ပေါ်ပေါက်လာမှုနှင့် ပတ်သက်၍ စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုကို ဖြစ်သောကြောင့်ဟု ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူ ၃၇ ရာခိုင်နှုန်းသည် ငွေရှင်း ကောင်တာများတွင် တန်းစီရန် (Checkout Queue) မလိုတော့သည့်အတွက် ရရှိလာနိုင်မည့် အကျိုးကျေးဇူးနှင့် အဆင်ပြေ ချောမွေ့မှုတို့ကို လိုလားသောကြောင့်ဟု ဖြေဆိုကြသည်။ ထို့အပြင် စစ်တမ်းအချက်အလက်များအရ မြန်မာနိုင်ငံရှိ သုံးစွဲသူများအနေဖြင့် Zero Checkout နည်းပညာသည် ဆန်းသစ် ခေတ်မီသော ဈေးဝယ်မှု နည်းလမ်းတစ်ခုဖြစ်လာမည်ဟု မှတ်ယူကြောင်း ၂၉ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။
ကျယ်ပြန့်စွာအသုံးပြုလာသော လက်လီဆိုင်များ၏ VR အပလီကေးရှင်းများ သို့မဟုတ် “V-commerce” များသည် အရှေ့တောင်အာရှရှိ သုံးစွဲသူများအကြား အနာဂတ်တွင် ဈေးဝယ်ခြင်းပုံစံများ ပြောင်းလဲလာမည်ကို အဓိပ္ပါယ် ဖော်ဆောင်လျက်ရှိသည်။ ၎င်းသည် သုံးစွဲသူများကို လက်လီဆိုင်များ၏ Virtual Showroom များမှ တစ်ဆင့် အမျိုးမျိုးသော ကုန်ပစ္စည်းများကို ၎င်းတို့၏ နေအိမ်မှပင် ကြည့်ရှုကာ နှိုင်းယှဉ် ဝယ်ယူမှု ပြုလုပ်နိုင်စေခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ သုံးစွဲသူများအကြား စစ်တမ်းကောက်ယူရာတွင် ဈေးဝယ်ခြင်း အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန် VR စနစ်ကို အသုံးပြုခြင်း၏ သဘောသဘာဝကို သတိပြုမူမိသည်ဟု ဖြေဆိုသူ ၁၁ ရာခိုင်နှုန်းသာ ရှိသေးသော်လည်း ကျန်ထက်ဝက်နီးပါး ၄၄ ရာခိုင်နှုန်းက ဤနည်းပညာအသစ်ကို ကြိုးစား၍ အသုံးပြုကြည့်ရန် စိတ်ဝင်စားကြောင်း ဖြေဆိုခဲ့ကြသည်။ စစ်တမ်းကောက်ယူခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံရှိ သုံးစွဲသူများအကြား VR နည်းပညာအပေါ် စိတ်ဝင်စား လာစေသည့် အဓိကအချက်များမှာ နည်းပညာအသစ်အဆန်းများအပေါ် စမ်းသပ်ရန် စိတ်ဝင်စားသူ ၃၃ ရာခိုင်နှုန်း၊ နောက်ဆုံးပေါ်နည်းပညာများဖြင့် ကိုက်ညီမှုရှိနေစေရန် ဆန္ဒရှိသူ ၂၇ ရာခိုင်နှုန်း၊ VR စနစ်၏ အကျိုးကျေးဇူးများထဲမှ ဈေးဝယ်သူများအတွက် မိမိဝယ်လိုသော ပစ္စည်းများအပေါ်ရွေးချယ်၍ ဝယ်ယူနိုင်ခြင်း အကျိုးကို ကြိုက်နှစ်သက်သူ ၂၂ ရာခိုင်နှုန်း အသီးသီးရှိကြောင်း လေ့လာတွေရှိခဲ့ရသည်။

Photo Source https://web.facebook.com/VisaMM/

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင် လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ် လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ် စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်း မွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။
Visa မှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက်ကို Visa ကိုယ်စား ENGINE insights မှ ၂၀၁၉ သြဂုတ်လတွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့တွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လစဉ်ဝင်ငွေ အနည်းဆုံး ကျပ် ၁၅၀,၀၀၀ ရရှိသော အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိ ဖြေဆိုသူ ၅၁၅ ဦး အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံ (၇) နိုင်ငံမှ သုံးစွဲသူ စုစုပေါင်း ၅,၁၀၂ ဦး တို့ကို စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။