MPT Club အဖွဲ့ဝင်များအတွက် PUBG Gang ပရိုမိုးရှင်းအစီအစဉ်အား မိတ်ဆက်

MPT သည် မိတ်ဖက်လုပ်ငန်း ဖြစ်သည့် PUBG Mobile နှင့် ပူးပေါင်း၍ MPT Club အဖွဲ့ဝင်များနှင့် PUBG ဂိမ်းချစ်သူများအတွက် တစ်မူထူးခြားဆန်းသစ်ပြီး ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းသော “PUBG Gang” ပရိုမိုးရှင်း အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
MPT Club အဖွဲ့ဝင်များသည် သြဂုတ်လ (၃၁)ရက်အထိ စုဆောင်းသိမ်းဆည်းထားသော Ticket အရေအတွက် အပေါ်မူတည်၍ ပွိုင့်များကို ပြန်လည်လဲလှယ်နိုင်မည်ဖြစ်ပြီး PUBG Gang ပရိုမိုးရှင်းကံစမ်းမဲ အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် ရွှေဒင်္ဂါးပြားဆုကြီး၊ PUBG Merchandise ဆုများ ၊ MPT Club Point များ နှင့် PUBG ဂိမ်း item များ စသည့် စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်ပေါင်းများစွာကို ပါဝင်ကံစမ်း ရယူနိုင်မည် ဖြစ်သည်။
“MPT က သုံးစွဲသူတွေဆီ ပိုမိုကောင်းမွန်တဲ့ အထူးအခွင့်အရေးတွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးသွားနိုင်ဖို့ PUBG Mobile ကို MPT Club ရဲ့ မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိုဘိုင်းလ်ဂိမ်း ဝါသနာရှင်တွေအတွက် အကောင်းဆုံး ဂိမ်းကစားခြင်းအတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ ကြိုးပမ်းရာမှာ တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ PUBG Gang ပရိုမိုးရှင်းအစီအစဉ်မှာ ပါဝင်ရင်းနဲ့ MPT သုံးစွဲသူတွေက ကိုယ်ကြိုက်နှစ်သက်တဲ့ ဂိမ်းတွေကိုလည်း စိတ်ကြိုက်ဆော့ကစားနိုင်တဲ့အပြင် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုလက်ဆောင်ပေါင်းများစွာ ကံထူးနိုင်မယ့် Ticket တွေ ရရှိနိုင်ပြီး Ticket များများ ရရင် များသလို အခွင့်အရေးတွေကိုလည်း ပိုမိုခံစားနိုင်မှာပါ။ အခု MPT Club ဟာဆိုရင် သုံးစွဲသူတွေကို တစ်မူ ထူးခြားတဲ့ သုံးစွဲမှုအတွေ့အကြုံကောင်းတွေနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ စိတ်လှုပ်ရှားစရာ အကျိုးခံစားခွင့်တွေပေး နေတဲ့ မိတ်ဖက်လုပ်ငန်း ၇၀ ကျော်တို့နဲ့အတူ ကြီးမားကျယ်ပြန့်တဲ့ကွန်ရက်ကို ပိုင်ဆိုင်ထားပါတယ်” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။

Photo Source https://web.facebook.com/mptofficialpage/

MPT Club အဖွဲ့ဝင်များသည် Ticket များ ရရှိနိုင်ရန် ရိုးရှင်းလွယ်ကူသော လုပ်ဆောင်ချက်များ ပြုလုပ်ရုံမျှဖြင့် ယခု အထူးပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ကံထူးနိုင်ပါသည်။ အဆိုပါလုပ်ဆောင်ချက်များတွင်
-MPT ကွန်ရက်ဖြင့် PUBG mobile ဂိမ်းကို 100MB အသုံးပြုပြီး ဆော့ကစားတိုင်း Ticket (၁)စောင် ရရှိနိုင်ခြင်း
-MPT ၏ PUBG အင်တာနက်ပက်ကေ့ချ် တစ်ခု ဝယ်ယူတိုင်း Ticket (၃)စောင် ရရှိနိုင်ခြင်း
-Codashop တွင် MPT ဖုန်းဘေလ်ဖြင့် PUBG In-Game Items များ ဝယ်ယူရာတွင်ငွေကျပ် ၁, ၀၀၀ သုံးစွဲတိုင်း Ticket (၁)စောင် ရရှိနိုင်မည် ဖြစ်သည်။
ထို့အပြင် MPT Club အဖွဲ့ဝင်များသည် “PUBG Gang” အစီအစဉ်ဖြင့် Ticket (၅)စောင် နှင့်အထက် စုဆောင်း သိမ်းဆည်းထားသောသူများအတွက် ထပ်ဆောင်းအထူးအခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပြီး သုံးစွဲသူတစ်ဦးအတွက် (ကံထူးရှင် ၅,၀၀၀) ဆုတစ်ဆု ရရှိနိုင်ပါသည်။
-Ticket (၅)စောင် စုဆောင်းထားသော Diamond အဆင့်အဖွဲ့ဝင် – (၅၀၀) ပွိုင့်
-Ticket (၅)စောင် စုဆောင်းထားသော Platinum အဆင့်အဖွဲ့ဝင် – (၃၀၀) ပွိုင့်
-Ticket (၅)စောင် စုဆောင်းထားသော Member အဖွဲ့ဝင် – (၁၀၀) ပွိုင့် ရရှိမည် ဖြစ်သည်။
MPT Club က ပရိုမိုးရှင်း ဗွီဒီယိုဖိုင်ကို စတင်ကြေညာသည့်နေ့တွင် ပထမဦးဆုံး ပရိုမိုကုဒ်အသုံးပြုပြီး ဝင်ရောက် ကြည့်ရှုသော သုံးစွဲသူအယောက် (၂၀၀) အား MPT Club ပွိုင့် (၅၀၀) ကိုလည်း မေတ္တာလက်ဆောင်အဖြစ် ပေးအပ် သွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage/

MPT Club ဆိုသည်မှာ MPT သုံးစွဲသူများကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့်အကျိုးခံစားခွင့်များစွာကို ပြန်လည်ရရှိ ခံစားနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ MPT ၏ မိတ်ဖက်ဆိုင်ပေါင်း (၇၀)ကျော်ထံမှ ပေးအပ်သော အထူးအခွင့်အရေးများကို ရယူနိုင်ရန် MPT သုံးစွဲသူတိုင်းသည် MPT Club အဖွဲ့ဝင်အဖြစ်သို့ လွယ်ကူစွာ ဝင်ရောက်နိုင်ပါသည်။ MPT Club အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန်နှင့် ပွိုင့်များကို စုဆောင်းနိုင်ရန် MPT သုံးစွဲသူများအနေဖြင့် 345 သို့ ”REG M/F” (ဥပမာ- REG F) ဟု စာတို (SMS) ရိုက်နှိပ်ခြင်းဖြင့် စာရင်းသွင်း ပါဝင်နိုင်ပါသည်။
MPT သုံးစွဲသူများသည် 900 MB ဒေတာပမာဏ ပါရှိသည့် PUBG Pack ကို သက်သာသော နှုန်းထားဖြစ်သည့် (၉၄၅) ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ရက်ပေါင်း (၃၀) အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ MPT ၏ ကြိုတင်ငွေ ဖြည့်ကတ်စနစ်ကို သုံးစွဲသူများအနေဖြင့် *8005# ကိုခေါ်ဆိုခြင်းဖြင့် PUBG Data Pack ကို လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။
MPT Club ပရိုမိုးရှင်း နှင့် PUBG Data Pack တို့နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် (သို့မဟုတ်) MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာတို့ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။