MPT ၏ ဆော့ဖ်ဝဲ အခြေပြု ဒီဂျစ်တယ်ဆင်းမ်ကတ် (eSIM) လဲလှယ်နိုင်ပါပြီ

MPT သုံးစွဲသူများ လွယ်ကူချောမွေ့စွာဖြင့် ပိုမိုကောင်းမွန်သော ဆက်သွယ်နိုင်မှု အတွေ့အကြုံကို ရရှိနိုင်ရန် အတွက် eSIM ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ပါသည်။ eSIM ဝန်ဆောင်မှု ဆိုသည်မှာ သုံးစွဲသူများအနေဖြင့် ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) ထည့်သွင်းအသုံးပြုရန် မလိုအပ်ဘဲ ၎င်းတို့၏ မိုဘိုင်းဖုန်းစနစ်ထဲတွင် digital နည်းဖြင့် တိုက်ရိုက် ဖြည့်သွင်းအသုံးပြုနိုင်သည့် ဒီဂျစ်တယ် ဆင်းမ်ကတ် တစ်ခုဖြစ်ပါသည်

MPT eSIM မှာ MPT မိုဘိုင်းဖုန်းသုံးသူများ အားလုံးအတွက်ဖြစ်ပါသည်။  MPT eSIM များကို သတ်မှတ်ထားသော MPT အရောင်းဆိုင်များတွင် ရရှိနိုင်ပြီး အသေးစိတ် အချက်အလက်များကို (https://mpt.com.mm/mm/e-sim/) မှ တစ်ဆင့် ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ သုံးစွဲသူများအား  ပရိုမိုးရှင်းကာလ ဖြစ်သည့်  ဩဂုတ်လ (၃၁) ရက် အထိ ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) မှ eSIM သို့ အခမဲ့ ပြောင်းလဲပေးသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မိုဘိုင်းဖုန်း၏ SIM manager settings ရှိ Add eSIM menu သို့သွားကာ စကန်ဖတ်နိုင်သည့် QR ကုတ် မှတစ်ဆင့် eSIM ကို ထည့်သွင်းနိုင်မည်ဖြစ်ပါသည်။

MPT eSIM ကို အသုံးပြုရန်အတွက်  eSIM အသုံးပြုနိုင်သော မိုဘိုင်းဖုန်း လိုအပ်မည်ဖြစ်ပြီး eSIM ပြောင်းလဲအသုံးမပြုမီ မိမိတို့၏ မိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ခြင်း ရှိ မရှိကို ကြိုတင်စစ်ဆေးထားရန် လိုအပ်ပါသည်။   သုံးစွဲသူများအနေဖြင့် *#06# ကိုခေါ်ဆိုပြီး မိမိတို့၏ ဖုန်းသည် eSIM ဝန်ဆောင်မှုသုံးစွဲနိုင်မှု ရှိ/မရှိ ကို အလွယ်တကူ စစ်ဆေးနိုင်ပါသည်။ ထို့နောက် ဖုန်းမျက်နှာပြင်တွင် ပြသထားသည့် EID ဘားကုတ်ကို မြင်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါအဆင့်များအတိုင်းလုပ်ဆောင်ခြင်းဖြင့် သုံးစွဲသူများက eSIM ကို ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

eSIM ဝန်ဆောင်မှုတွင် အကျိုးကျေးဇူးများစွာ ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော ကြိုးမဲ့ဆက်သွယ်ရေးစနစ်(mobile) သုံးစွဲမှု အတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများသည်  ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) များမလိုအပ်ဘဲ နိုင်ငံရပ်ခြားတွင် အဆင်ပြေ ချောမွေ့စွာ  ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ eSIM ဝန်ဆောင်မှု အသုံးပြုခြင်းအားဖြင့် ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) များကဲ့သို့   ပျောက်ဆုံးပျက်စီးနိုင်ခြေ နည်းပါးသည့်အတွက် သုံးစွဲသူများအနေဖြင့် စိတ်သက်သာမှု ရရှိနိုင်မည် ဖြစ်ပါသည်။

Image: MPT

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ဒီဂျစ်တယ်ဝန်ဆောင်မှုဖြစ်တဲ့ eSIM ကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေထံ မိတ်ဆက်ခွင့် ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒီနေ့လို ဒီဂျစ်တယ်ခေတ်မှာ သုံးစွဲသူတွေ အဆင်ပြေလွယ်ကူချောမွေ့စွာနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး eSIM ကို ဆောင်ရွက်ထားတာပဲ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ အခုပေးလိုက်တဲ့ဝန်ဆောင်မှုကို စိတ်ကျေနပ်မှုရရှိမယ်လို့ ယုံကြည်ပြီး ကျွန်တော်တို့ရဲ့ eSIM ဝန်ဆောင်မှုကတစ်ဆင့် ဒီဂျစ်တယ်အတွေ့အကြုံသစ်တွေကို ရရှိခံစားကြဖို့အတွက် တိုက်တွန်းလိုပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT eSIM လဲလှယ်နိုင်သည့် QR ကုတ်ကတ်ကို လတ်တလောတွင် သတ်မှတ်ထားသော MPT အရောင်းဆိုင်များ၌ ရရှိနိုင်ပါသည်။ MPT အနေဖြင့် သုံးစွဲသူများ ဒီဂျစ်တယ် QR ကုတ် အသုံးပြုနိုင်ရန်အတွက် ဆက်လက်တိုးချဲ့ သွားမည် ဖြစ်ပြီး eSIM အကြောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို လူမှုကွန်ရက်မီဒီယာချန်နယ်များမှ တစ်ဆင့်  ကြေညာပေးသွားမည် ဖြစ်ပါသည်။

ဒီဂျစ်တယ် QR ကုတ်သည် အသုံးပြုသူများအတွက် ပိုမိုအကျိုးရှိပြီး သုံးစွဲသူများသည် ဆိုင်ကိုသွားစရာမလိုဘဲ အင်တာနက်ရသည့်နေရာများမှ eSIM လဲလှယ်ခြင်းကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

MPT eSIM ဝန်ဆောင်မှုနှင့် eSIM စတင်သုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်မှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို သုံးစွဲသူများနှင့် အနီးဆုံး MPT အရောင်းဆိုင်များကို သွားရောက်၍ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ MPT အနေဖြင့် သုံးစွဲသူများအားလုံးအတွက် ဆန်းသစ်ပြီး ပိုမိုကောင်းမွန်သော ချိတ်ဆက်မှု အတွေ့အကြုံကောင်းများကို ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။