မြန်မာရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် Burmese Video Directory

Photo Source- http://www.burmesedirectory.com/v/search_m.php

ယခုနောက်ပိုင်း မြန်မာ့ဗီဒီယိုရုပ်ရှင်ဟာကြည့်ှရှုသူနီးပါးလာပြီးတဲ့နောက် ရပ်ကွက်ထဲမှာ ယခင်ကလိုမျိုး ဗီဒီယိုခွေငှားတဲ့အခွေဆိုင် စာအုပ်ဆိုင်တွေသိသိသာသာပျောက်ကွယ်သွားတာကိုတွေ့ရှိရမှာပါ။ အွန်လိုင်းမှာအလွယ်ကတူ ဟောလိဝုဒ်ရုပ်ရှင်ကားများ၊ ကိုရီးယားဇာတ်လမ်းတွဲများ အလွယ်တကူကြည့်ှရှုနိင်သော်လဲ အရင်ကကြည့်ရှုခဲ့တဲ့ မြန်မာဇာတ်လမ်းကောင်းများ၊ အသစ်ထွက်ရုပ်ရှင်များကို ကြည့်ရှုလိုတဲ့အခါ ဘယ်ကကြည့်ရမှန်းမသိဖြစ်တက်ပါတယ်။ များသောအားဖြင့် ရုပ်သံလိုင်းများက မြန်မာရုပ်ရှင်တွေကို ထုတ်လွှင့်တင်ဆက်သောလဲ အာ။လပ်ရက်မှာ မိသားစုတစ်လုံးတီဗီရှေ့မှာထိုင်ပြီး ဟိုရုပ်ရှင်ကြည့်မယ ်ဒီရုပ်ရှင်ကြည့်မယ် လုယက်ပြီးရွေးခဲ့တဲ့အချိန်တွေက မမေ့နိုင်စရာပါပဲ။ မြန်မာစာတန်းထိုးတဲ့ ုနိုင်ငံခြားရုပ်ရှင်များထက် မြန်မာလူမျိုများအတွက်တော့မြန်မာစကား မြန်မာ့ဟန်နဲ့ တင်ဆက်တဲ့ ရုပ်ရှင်တွေက ကြည့်ရှုဖို့ ပိုအားစိုက်ထုတ်စရာမလိုတာတော့ငြင်းဆိုမရနိုင်လောက်စရာပါပဲ။ အားလပ်ရက်မှာ မြန်မာရုပ်ရှင်ကားများကိုကြည့်ရှုလိုသူ မြန်မာ့ဓလေ့ဟန်ပန်အငွေ့အသက်များကို ခံစားလိုသူများအတွက်တော့ Burmesse Video Directory က အွန်လိုင်းပေါ်က အခွေဆိုင်လေးတစ်ခုလိုမျိုး ခံစားရစေမှာပါ။

Burmese Video Directory website မှာ ဟာသ၊ အက်ရှင်၊ သည်းထိတ်ရင်ဖိုစတဲ့ မြန်မာရုပ်ရှင်တွေကို အမျိုးစားစုံလင်စွာ ကြည့်ရှုနိုင်ပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ဇာတ်ကားကောင်းများသာမက ငယ်ငယ်ကကြည့်ရှခဲ့တဲ့ ဂန္တဝင်မြောက်အဖြူအမဲရုပ်ရှင်များကိုပါကြည့်ရှုနိုင်တာမို့ ခေတ်အလိုက်ယဉ်ကျေးမှု၊ အနုပညာတိုးတက်မှုတို့ကိုသိရှိနိုင်တဲ့အပြင် အိမ်မှာလူငယ်များသာမက ဘိုးဘိုးဘွားဘွားများလဲ အကြိုက်တွေ့စေမှာပါ။ ဒါ့ုအပြင်ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးများ အကယ်ဒမီဆုရနာမည်ကြီးရုပ်ရှင်ဇာတ်ကားများကိုလဲ တစ်ခါထဲကြည့်ရှုနိုင်တာမို့ ရုံတင်တုန်းမကြည့်မိလိုက်တာတွေအတွက် နောင်တရစရာမလိုအပ်တော့ပါဘူး။ မိမိကြည့်လိုသော ရုပ်ရှင်များကိုလဲ အလွယ်တကူရှာဖွေနိုင်ပြီး သုံးရလွယ်ကူပါတယ်။ မြန်မာဗီဒီယိုဇာတ်ကားများအပြင် ရုပ်ရှင်သံလိုင်းများမှ ထုတ်လွှင့်သော နာမည်ကြီးမြန်မာဇာတ်လမ်းတွဲများကိုလဲ ကြည့်ရှုနိုင်ပါတယ်။

Photo Source- http://www.burmesedirectory.com/v/search_m.php

မြန်မာ့ရုပ်ရှင်များအပြင် တစ်ခြားသောဖျော်ဖြေရေး အစီအစဉ်များဖြစ်တဲ့ အငြိမ့်သဘင်ပွဲများ၊ ရိုးရာဓလေ့ကစာနည်းများ၊ ပြဇာတ်များ၊ အော်ပရများ၊ အနုပညာရှင်များ၏ အင်တာဗျူးဗီဒီယိုဖိုင်များ၊ လက်ဝှေ့ပွဲများ၊ မော်ဒယ်လ်ရှိုးများ အစရှိတာတွေကိုလဲ ကြည့်ရှုနိုင်တာမို့ တစ်နေရာထဲမှာ စုံလင်တဲ့ဖျော်ဖြေတင်ဆက်မှုကို ခံစားရရှိစေမှာပါ။ ကလေးများအတွက် ငါးရာ့ငါးဆယ်နိပါတ်တော် ကာတွန်းသရုပ်ဖော်၊ အားကစားလိုက်စားသူများအတွက် အေရိုးဘစ်လေ့ကျင့်ခန်း ဗီဒိယိုများ၊ အိမ်ရှင်မများအတွက် အိမ်တွင်းပစ္စည်းများနှင့် အလှဆင်နည်း၊ဟင်းချက်နည်း စတဲ့ သုတုရသနှစ်မျိုးလုံးခံစားနိုင်တဲ့ အစီအစဉ်တွေကိုလဲ ကြည့်ရှုနိုင်ပါတယ်။

Photo Source- http://www.burmesedirectory.com/v/search_m.php

မြန်မာ့ရုပ်ရှင်ဆုပေးပွဲတော်ဖြစ်တဲ့ အကယ်ဒမီပွဲတော်များကို နှစ်အလိုက်ကြည့်ရှုနိုင်ပြီး စကာတင်စာရင်းဝင်သူများစာရင်း။ အကယ်ဒမီရွှေကြိုများအကြောင်းကိုလဲဖော်ပြထားပါတယ်။ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့သြင်္ကန်ပွဲတော်အကြောင်း အခြေံရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကိုလဲ သြင်္ကန်ကဏ္ဍတစ်ခုအဖြစ် သီးသန့်ဖော်ပြထားတာကိုတွေ့ရှိရမှာပါ။ ဒါ့အပြင် အထူးကဏ္ဍရပ်အဖြစ် အကယ်ဒမီသတင်းနဲ့ နှစ်စဉ်အကယ်ဒမီပွဲတက် အနုပညာရှင်များရဲ့ ဂုဏ်ယူစရာ ရိုးရာဖက်ရှင်ဝတ်စုံများကို အထူးတလည်ဖော်ပြထားမို့ မြန်မာရုပ်ရှင်ကောင်းများကိုကြိုက်နှစ်သက်သူ အနုပညာကိုစိတ်ဝင်စားသူများအတွက် http://www.burmesedirectory.com/v/home က အနုပညာကဏ္ဍပေါင်းစုံကိုဖျော်ဖြေတင်ဆက်ပေးလျက်ရှိပါတယ်။ Website တွင်ဝင်ရောက်ပြီး ရုပ်ရှင်များ တင်ဆက်မှုများကို အခမဲ့ ကြည့်ရှုနိင်ပါတယ်။