ကားချစ်သူတွေကြားမှာရေပန်းစားလာတဲ့ CarsDB Platform (CarsDB Platform ၏Operation Manager ကိုမျိုးသီဟနှင့်အင်တာဗျူးဆောင်းပါး)

(လက်ရှိရောင်းအားအကောင်းဆုံးကားတွေကတော့ သိန်းနှစ်ရာနဲ့ သုံးရာကြားကားတွေက ပိုအရောင်းသွက်ပါတယ်)
CarsDB Platform ဆိုတာကားရောင်းချင်တဲ့သူတွေ၊ ကားဝယ်ချင်တဲ့သူတွေအတွက်တစ်နေရာတည်းမှာ စုံစုံလင်လင် ရောင်း ချဝယ်ယူနိုင်တဲ့ Online Platform တစ်ခုဖြစ်ပါတယ်။လက်ရှိမှာလည်းကားရောင်းချင်တဲ့သူဖြစ်ဖြစ်၊ ဝယ်ချင်တဲ့ သူဖြစ်ဖြစ် အပြင်ထွက်ပြီးတကူးတက ချိတ်ဆက်နေစရာမလိုတော့ဘဲ Online ပေါ်မှာပဲ အလွယ်တကူရောင်းချ၊ ဝယ်ယူနိုင် တာကြောင့် ကားဝယ်၊ကားရောင်းချင်တဲ့သူတွေအတွက် အားကိုးရတဲ့ Platform တစ်ခုဖြစ်လို့နေပါတယ်။
CarsDB Platform ကို ၂၀၁၂ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အဆင့်မှီတဲ့ကား Online Platfrom တစ်ခုရှိစေချင်တဲ့ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာဖြစ်ကြောင့် ကားချစ်သူများအတွက် ရေပန်းစားနေတဲ့ Platform တစ်ခုပါပဲ။
ဒါပေမဲ့ CarsDB Platform ကိုစတင်ခဲ့ချိန်တုန်းကတော့ အင်တာနက်အသုံးပြုမှုမကျယ်ပြန့်သေးတဲ့ကာလ တစ်ခုဖြစ်သလို ဖုန်းအသုံးပြုမှုကလည်း နည်းပါးတဲ့အချိန်ဖြစ်တာကြောင့် CarsDB Platform ကိုအသုံးပြုသူအရေအတွက် အင်မတန် နည်းပါး ခဲ့ပါတယ်။

Photo..CarsDB Platform ၏Operation Manager ကိုမျိုးသီဟ

“အဲဒီအချိန်တုန်းက အင်တာနက်သုံးတဲ့သူတွေက Website ထဲဝင်ကြည့်တာကိုစိမ်းနေသေးတဲ့အတွက် အခက်အခဲ တွေကြုံရတယ်။ အဲဒီအချိန်တုန်းက အင်တာနက်တွေအရမ်းမဖွံ့ဖြိုးသေးတော့လိုင်းဆွဲအားနှေးတာမျိုးတွေကြောင့်လည်း ပါပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ User တွေWebsite ကိုအသုံးပြုတဲ့အခါ အများကြီး Guide လုပ်ပေးခဲ့ရ တာမျိုးတွေလည်းရှိပါတယ်” ဟု CarsDB Platform ၏ Operation Manager ကိုမျိုးသီဟက တွေ့ကြုံခဲ့ရတဲ့ အခက်အခဲကိုရှင်းပြပါတယ်။
လက်ရှိ CarsDB Platform မှာ ကားအမျိုးအစားတွေစုံလင်စွာနဲ့ကားအစီးရေတစ်ထောင်ကနေ နှစ်ထောင်ကြားအထိ ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ အခုဆိုရင် CarsDB Website နဲ့ Application ကိုလစဉ်အသုံးပြုတဲ့ User အရေအတွက် ၇ သောင်းကျော်လောက်ရှိနေပါပြီ။
“ရောင်းအားအကောင်းဆုံးကားတွေကတော့ သိန်းနှစ်ရာအောက်နဲ့ သုံးရာကြားကားတွေကပိုအရောင်းသွက်ပါတယ်။ အခု လက်ရှိကားဈေးအနေအထားနဲ့ဆိုရင်တော့ သိန်းသုံးရာအောက်ကားတွေအရောင်းထွက်တာများပါတယ်။ ကျန်တဲ့ဈေး မြင့်ကားတွေလည်း နေ့စဉ်ပုံမှန်ရောင်းရပါတယ်” ဟု ကိုမျိုးသီဟ ကပြောပါတယ်။
CarsDB Platform မှာကားအရစ်ကျဝယ်ယူချင်တဲ့သူတွေအတွက်လည်း Loan Service ပိုင်းဆိုင်ရာများ၊ ကားဝယ်ပြီး အာမခံထားချင်တဲ့သူများအတွက် အာမခံဝန်ဆောင်မှုပိုင်းတွေကိုလည်း ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး၊ နောက်ပိုင်းမှာ ကားနဲ့ ပတ်သက်တဲ့ဆက်စပ်ပစ္စည်းများကိုလည်း ရောင်းချပေးသွားဦးမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ Platform မှာကားဝယ်ချင်တဲ့သူတွေအတွက်အရမ်းကိုလွယ်ကူစေပါတယ်။ ကျွန်တော်တို့ Website ကိုဝင်လိုက်မယ်။ ဒါမှမဟုတ် Application ထဲကိုဝင်လိုက်မယ်။ ဝယ်ချင်တဲ့သူတွေအနေနဲ့ကြိုက်တဲ့ကားကိုနိုပ်လိုက်မယ်။ ပြီးရင် ကားအသေးစိတ်အချက်အလက်တွေကိုကြည့်မယ်။ ရောင်းတဲ့သူရဲ့ဖုန်းနံပါတ်ပါဝင်တာမို့ တိုက်ရိုက်ဖုန်းဆက်ပြီး မေးမြန်း ဝယ်ယူနိုင်တယ်။ ကားရောင်းချင်တဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ Website မှာဖြစ်ဖြစ် Application မှာဖြစ်ဖြစ် ပထမဆုံးနာမည်၊ ဖုန်းနံပါတ်တွေနဲ့ Register လုပ်မယ်။ မိမိရဲ့ကားကိုဓါတ်ပုံရိုက်မယ်၊ ကားရဲ့အချက်အလက် တွေဖြည့်မယ်၊ ပြီးတာနဲ့အရောင်း ကြော်ငြာတင်လိုက်မယ်။ ဖုန်းတစ်လုံးတည်းနဲ့တင် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင် ပါတယ်”ဟု ကိုမျိုးသီဟ ကရှင်းပြပါတယ်။

Photo Source https://www.facebook.com/CarsDB

CarsDB Website ဟာ ကားအရောင်းအဝယ် Platform တခုအဖြစ်သာမကပဲ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မှီ ကားအရောင်းပြပွဲများကိုလည်း စီစဉ်ကျင်းပပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကားနှင့်ပတ်သတ်တဲ့ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ၊ ကား Review သုံးသပ်ချက်များ၊ ဆောင်းပါးများကိုလည်း ပုံမှန် တင်ဆက်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာကားနှင့်ပတ်သတ်ရင် အစုံလင်ဆုံးနဲ့ လူသုံး အများဆုံး Online Platform တခုအဖြစ်ရပ်တည် လျှက်ရှိနေတာဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက ်Install ပြုလုပ်နိုင်ပါတယ်။
Android: https://play.google.com/store/apps/details?id=com.rebbiz.mmcarsdb&hl=en_SG&gl=US
App Store: https://apps.apple.com/us/app/carsdb-buy-and-sell-cars/id1030719556