Telenor သုံးစွဲသူများအတွက် စိတ်ကြိုက် Package များကို ၀ယ်ယူနိုင်တဲ့ Flexi Plan App အသစ်ကို မိတ်ဆက်

Image Credit: httpswww.telenor.com.mm

တယ်လီနော မြန်မာသည် ၂၀၁၇ ခုနှစ်ရဲ့ တတိယသုံးလပတ်(ဇူလိုင်လ ၁ ရက် မှ စက်တင်ဘာလ ၃၀ ရက်) နှင့် စတုတ္ထသုံးလ ပတ် (အောက်တိုဘာလ ၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်)  တွင် Ookla မှဆုချီးမြှင့်သည့် ကာလအတွင်း အမြင့်ဆုံးမြန်နှုန်းကို ၀န်ဆောင်မှုပေးနိုင်ခ့ဲခြင်းတို့ကြောင့် Ookla မှ ပေးအပ်သည့် အမြန်ဆုံး မိုဘိုင်း၀န်ဆောင်မှုဆုကိုရရှိခဲ့ပါတယ်။ တယ်လီနော မြန်မာရဲ့ Mobile Network ကို အသုံးပြုထားသော LTE Devices များပေါ်တွင် ပျမ်းမျှ Internet Download Speed 14.5 MB နှင့် Upload Speed 7.8 MB ဖြင့် အင်တာနက်လိုင်းအထူးကောင်းမွန်သောမြန်နှုန်းရရှိခဲ့ခြင်းတို့ကြောင့်မြန်နှုန်း သတ်မှတ်ချက်အမှတ် 13.41 ရရှိခဲ့ခြင်းတို့ကြောင့် “မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ဆု” ကို တယ်လိီနောမြန်မာ မှဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုဖော်ပြပေးသွားမှာကတော့ မြန်မာနိုင်ငံမှာပထမဆုံးသော မိမိစိတ်ကြိုက် Package များကို မိမိစိတ်တိုင်းကျ၀ယ်ယူပြီး သုံးစွဲနိုင်တဲ့ တယ်လီနော့မြန်မာရဲ့ Flexi Plan App ဖြစ်ပါတယ်။
Flexi Plan App မှတစ်ဆင့် မိမိ ဖုန်းနှင့် အင်တာနက် အသုံးပြုမှုများအပေါ်မူတည်ပြီး ၃ ကြိမ် ရွေးချယ်ရုံမျှဖြင့် ကိုယ်ပိုင်အစီစဉ်ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်ပထမဆုံး မိမိတို့စိတ်ကြိုက် Package များကို Flexi Plan App မှတဆင့် ၀ယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Telenor သုံးစွဲသူမိဘပြည်သူများ လိုအပ်ချက်ပေါ်မူတည်ပြီး Package သက်တမ်း ၊ Internet သုံးစွဲခြင်း MB ၊ Voice Call Min နှင့် SMS တို့ကို ကိုယ်တိုင်ဖန်တီး ပြီး ပုံမှန် အသုံးပြုသောပမာဏထက် ၈၀% ပိုမို သက်သာမှာဖြစ်ပါတယ်။ မိမိရဲ့ ချစ်ခင်သူများကိုလည်း Data Package များကို လက်ဆောင်လွဲပေးနိုင်မှာလည်းဖြစ်ပါတယ်။
သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် ပျော်ရွှင်ဖွယ်ရာအကောင်းဆုံး ပွဲတော်ကြီး တစ်ခုဖြစ်ရာ မည်သူမဆို သင်္ကြန်နှင့်ပတ်သက်ပြီး မေ့မရနိုင်သော ကိုယ်ပိုင်အမှတ်တရများအား ပိုင်ဆိုင်ထားကြသည်ဟု ယုံကြည်ထားပါတယ်။ လူတိုင်းလူတိုင်း၏ သင်္ကြန်အမှတ်တရများအား စာကြောင်းများအဖြစ် အသွင်ပြောင်းလဲ လိုက်ခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူများသည် သင်္ကြန်ပွဲတော်ကာလအား ပျော်ရွှင်စွာဖြတ်သန်းနိုင်မည့် အပြင်စိတ်လှုပ်ရှားဖွယ်ရာ ဆုပစ္စည်းများစွာကိုလည်း ရယူနိုင်မည်ဖြစ်ပြီး တယ်လီနောသည် အသုံးပြုသူများအား စိတ်လှုပ်ရှားစရာ အကောင်းဆုံး Promotion အစီစဉ်များ ပြိုင်ပွဲများအား ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။ တယ်လီနောမြန်မာမှ “ သင်္ကြန် အမှတ်တရပုံရိပ်များကို မျှဝေလိုက်ပါ” ပြိုင်ပွဲအစီအစဉ်ကိုကျင်းပပြီး Samsung Galaxy S8+ နှင့် iPhone 6 ဟန်းဆက်များကို ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါတယ်။ အဆိုပါအစီစဉ်ကို လူမှုကွန်ရက် အခြြေ့ပု သင်္ကြန်ပွဲတော် ဆင်နွှဲပွဲအား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသူများ အနေနှင့် ၎င်းတို့၏ အမှတ်ရစရာအကောင်းဆုံး သင်္ကြန်အမှတ်တရများကို ရေးသားယှဉ်ပြိုင်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များကိုကို ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ၎င်း ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေနှင့် ဦးစွာပထမတယ်လီနောမြန်မာရဲ့ တရားဝင် Facebook စာမျက်နှာရှိ Campaign Announcement Post ကို Like လုပ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် Facebook စာမျက်နှာများပေါ်တွင် Public နှင့် Share လုပ်ရမည်ဖြစ်ပါတယ်။ ပြိုင်ပွဲတွင်ယှဉ်ပြိုင်သူများသည် Campaign Announcement Post အောက်တွင် အကောင်းဆုံး သင်္ကြန်အမှတ်တရစာသားများကို အနည်းဆုံး စာကြောင်းရေ ၂ ကြောင်းခန့် Comment ရေးသားရန် လိုအပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူများ အနက် ရေးသားမှု ၃၀ အား ဆန်ကာတင် ရွေးချယ်မှာဖြစ်ပါတယ်။ ၎င်း တို့အနက် သင်္ကြန်ကာလ အမှတ်တရများအား စိတ်ဝင်စားဖွယ် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်သော ရေးသားမှု ၄ ခု အား အနိုင်ရရှိသူများအဖြစ် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် အနိုင်ရရှိသူ ၄ ဦးရဲ့အမည်စာရင်းများကို ဧပြီလ ၂၅ ရက်နေ့ မှာကြေညာပေးသွားမှာဖြစ်ပါတယ်။
ယခု Telenor Flexi Plan App ကို Telenor Operator ၏ Prepaid သုံးစွဲသူများအတွက်သာအကျိုး၀င်ပြီး မိမိ သုံးစွဲလိုသောပမာဏနှင့်ကိုက်ညီသော Internet ၊ Voice Call နှင့် SMS တို့တစ်ခုခြင်းသော်လည်းကောင်း အတွဲလိုက်တို့ကို Package သက်တမ်း ၁ ရက် ၇ ရက် ၁၅ ရက် ၃၀ ရက် ဟူ၍ အမျိုးအစားအလိုက်၀ယ်ယူနိုင်မှဖြစ်ပါတယ်။ မိမိ၀ယ်ယူထားသော Package လက်ကျန်များကို Flexi Plan App ၏ Menu မှတဆင့်၀င်ရောက်ကြည့်ရူနိုင်ပြီး သို့မဟုတ် *124*1# ကိုဖုန်းခေါ်ဆိုပြီး စစ်ဆေးနိုင်ပါတယ်။ မိမိ ၀ယ်ယူထားသော Package များမှ SMS အသုံးပြုမူများသည် Telenor သုံးစွဲသူအချင်းချင်း အတွက်သာ အကျုံး၀င်မှာဖြစ်ပါတယ်။ တချို့သော Package များသည် သက်တမ်း တစ်ရက်စာအတွက် ရွေးချယ်၍ ရနိုင်မှာမဟုတ်သလို ၀ယ်ယူထားသော Package များသက်တမ်း ကုန်ဆုံးသွားပါကလည်း အလိုအလျှောက်ထပ်မံ၀ယ်ယူခြင်းရှိမှာမဟုတ်ဘူးလို့တွေ့ရမှာဖြစ်ပါတယ်။ Telenor ရဲ့ Flexi Plan App ကိုရယူလို့ပါက https://flexiplan.telenor.com.mm မှတဆင့် Download လုပ်ပြီးသုံးစွဲနိုင်မှာဖြစ်ပါတယ်။