Ooredoo Myanmar ရဲ့ “M-Pitesan” App မှ တဆင့် ဒီဂျစ်တယ် ကူပွန်နှင့် E-Commerce ငွေပေးချေမူများလုပ်ဆောင်နိုင်ပြီ

Image Credit: ooredoo.com.mm
M-Pitesan ၀န်ဆောင်မှုကို ၂၀၁၇ စက်တင်ဘာလ ၁၉ ရက်နေ့တွေစတင်မိတ်ဆက်ခဲ့ပြီး ငွေလွှဲခြင်း ၊ ငွေလက်ခံခြင်း ၊ ငွေပေးချေခြင်း များကို Ooredoo ဖုန်းနံပါတ်ကို အသုံးပြုပြီး အချိန်မရွေး ၊ နေရာမရွေး ချက်ချင်းမြန်မြန် ငွေလွှဲ ၊ ငွေထုတ်နိုင်ပြီး ယခုအခါတွင်လည်း Ooredoo Myanmar ရဲ့ “M-Pitesan” App မှ တဆင့် ဒီဂျစ်တယ် ကူပွန်နှင့် E-Commerce ငွေပေးချေမူများကို ၂၀၁၈ ဧပြီလ ၄ ရက်နေ့မှစတင်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Ooredoo ရဲ့M-Pitesan သည် မြန်မာပြည်သူများအားလုံးအတွက် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများနှင့်အတူ လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်မည့် ၀န်ဆောင်များပေးလျက်ရှိပါတယ်။ M-Pitesan မှ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္႑နှင့်ဆက်စပ်နေသည့် ဘဏ္႑ာရေးဆိုင်ရာ ပံ့ပိုးပေးရန် အတွက် ၀န်ဆောင်မှုအသစ်နှစ်ခုဖြစ်သည့် iTunes နှင့် Google Play Store အတွက် ဒီဂျစ်တယ်ကူပွန် နှင့် E-Commerce ငွေပေးချေမှုစနစ်များကို ၂၀၁၈ ဧပြီလ ၄ ရက်နေ့မှစတင်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ Gift Cards အောက်တွင် iTunes, Google Play Store, Steam Wallet, Easy Points နှင့် Viber Out တို့အတွက် ကူပွန်များနှင့် ဘောက်ချာများကို ၀ယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ “M-Pitesan” App သုံးစွဲသူများအားလုံးသည် Application တွင်ပါ၀င်သော ၀န်ဆောင်မှုအမျိုးအစား များအားလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယခင်ကဆိုလျင် မြန်မာနိုင်ငံ ရှိပြည်သူများသည့် Online မှတဆင့်၀ယ်ယူအသုံးပြုရမည့် ၀န်ဆောင်မှုများကို နည်းပညာကန့်သတ်ချက်များနှင့်ငွေကြေးပိုင်းဆိုင်ရာ ၀န်ဆောင်မှုများ ကန့်သတ်ချက်များရှိခဲ့ပြီး ယခုအခါတွင် Ooredoo Myanmar ရဲ့ “M-Pitesan” App မှတဆင့် iTunes , Google Play Store တို့မှ Games များ တေးသီချင်းများ နှင့် အသုံး၀င်မဲ့ Application များ ၊ Steam Community အတွက် Game ကစားရန်အတွက် Coins များကို၀ယ်ယူနိုင်ခြင်း ၊ Viber မှ Sticker များ နှင့် Viber မှ ဖုန်းများသို့ဖုန်းခေါ်ဆိုရန်အတွက် VoIP Prepaid e Top-Up များ ၊ Easy Points မှ Games များ Application များကို စာရင်းသွင်းရယူခြင်းများပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ “M-Pitesan” App ကိုအသုံးပြုသူများအနေဖြင့် အဆိုပါ ၀န်ဆောင်မှုများအတွက် အပို၀န်ဆောင်ခပေးဆောင်ရန်မလိုအပ်ဘဲ ၀ယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ “M-Pitesan” App သုံးစွဲသူများ အဆင်ပြေချောမွေ့မှုအတွက် E-Commerce ငွေပေးချေစနစ်ကို ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။ ယခု အခါ မြန်မာအမျိုးသား လေကြောင်းလိုင်း (MAI) နှင့် NOK Air တို့မှ လေယာဉ်လက်မှတ်များကို ၀ယ်ယူရာတွင် ငွေပေးချေနိုင်ပြီဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ “M-Pitesan” App ကို အသုံးပြုပြီး Flymya.com တွေင်ရရှိနိုင်သော ခရီးသွား၀န်ဆောင်မှုများဖြစ်သည့် လေယာဉ်လက်မှတ်များ နှင့် အေ၀းပြေးကားလက်မှန်များ၊ ဟိုတယ်များ၊ သွားရောက်လည်ပတ်မည့်နေရာများနှင့် ခရီးစဉ်များအတွက် ကြိုတင်စာရင်းသွင်းခြင်းများ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ “M-Pitesan” App သုံးစွဲသူများအနေဖြင့် ခရီးသွားအသုံးစရိတ်များကို ပေးချေခြင်း ၊ အွန်လိုင်းမှတဆင့် ဈေး၀ယ်ခြင်းနှင့်ငွေပေးခြင်းများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ခရီးသွားဝန်ဆောင်မှုများအပြင် ဒီဂျစ်တယ်ပိုက်ဆံကို အသုံးပြုပြီး SG Shop Myanmar , Myan Pwel နှင့် 123 Payment Service တို့ရဲ့ အွန်လိုင်းဖြင့် ဈေးဝယ်ခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပြီး M-ပိုက်ဆံသုံးစွဲသူများ အနေဖြင့် ယခုအခါတွင် ခလုက်တစ်ချက် နှိပ်ရုံဖြင့် ခရီးသွား အသုံးစရိတ်များကို ပေးချေခြင်း သို့မဟုတ် အွန်လိုင်းဖြင့် ဈေးဝယ်ခြင်း တို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုငံဟာ ဒေသတစ်ခုအတွင်းဖြစ်ပေါ်လာတဲ့ အလားအလာ ကောင်းများနဲ့မြင့်တက်လာတဲ့မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းတို့ကနေတစ်ဆင့် မရှိန်မြှင့် မောင်းနှင်ပေးလိုက်တဲ့ စီးပွားရေးအကူးအပြောင်းအချိန်ကာလကို ရောက်ရှိနေတာကြောင့် မြန်မာနိုင်ငံ၏ ငွေသွားဖြင့်သာအခြေခံဆောင်ရွက်နေသည့် စီးပွားရေးစနစ်ကို ဒီဂျစ်တယ်ပိုက်ဆံစနစ်အပေါ်တွင် အခြေခံသည် လွယ်ကူ လျှင်မြန်ပြီး လုံခြုံစိတ်ချရမှုရှိသည့် ဝန်ဆောင်မှုအသစ်ကိုခေတ်နှင့် အညီဖန်တီးပေးလိုပြီး မြန်မာနိုင်ငံ၏ ငွေပေးချေမှုနှင့် ဘဏ္ဍရေးပိုင်ဆိုင်ရာ ဝန်ဆောင်မှုပုံစံကို M-ပိုက်ဆံ ဝန်ဆောင်မှုနဲ့ ပြောင်းလဲဖော်ဆောင်ပေးလျက်ရှိနေပါတယ်လို့ အူရီဒူးမြန်မာမှသိရှိရပါတယ်။ အူရီးဒူး M-ပိုက်ဆံအဖွဲ့မှ မြန်မာပြည်သူလူထုကို E-Commerce စနစ်အား တကယ့်အစစ်အမှန်ဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်လုပ်ဆောင်ပေးခြင်းဖြင့် မြန်မာပြည်သူလူထုကို လုပ်ဆောင်နိုင်စွမ်းများ တိုးမြှင့်အောင် ပံ့ပိုး ကူညီပေးသွားမည်ဖြစ်ပြီး ယခုအချိန်အခါသည် မြန်မာပြည်သူလူထုအနေဖြင့် မိမိတို့၏ လုံခြုံစိတ်ချရမှုနှင့် အဆင်ပြေချောမွေ့စေမှုအတွက် M-ပိုက်ဆံဝန်ဆောင်မူကို စတင်အသုံးပြုသင့်သည့် အချိန်အခါသမယပင်ဖြစ်ပေမည်။
Ooredoo Myanmar ရဲ့ “M-Pitesan” မှ မြန်မာပြည်သူပြည်သားများ ကို E-Commerce စနစ်အား အစစ်အမှန်တကယ် ၀န်ဆောင်မှုများပေးခြင်းဖြင့် မြန်မာပြည်သူများ အတွက် ၀န်ဆောင်မှုများလုပ်ဆောင်နိုင်စွမ်းများတိုးမြှင့်အောင် ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း မြန်မာပြည်သူလူထု အနေဖြင့် မိမိ တို့၏ ငွေကြေးများ လုံခြုံစိတ်ချရမူ နှင့် အဆင်ပြေချောမွေ့စေမှုတို့အတွက် Ooredoo Myanmar ရဲ့ “M-Pitesan” ၀န်ဆောင်မှုများကိုအသုံးပြုသင့်ကြောင်း သတင်းပေးအကြုံပြုတင်ဆက်လိုက်ရပါတယ်။