မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Online Ticketing ဖြစ်တဲ့ MMBusTicket 

https://www.facebook.com/MMbusticket

မြန်မာနိုင်ငံအတွင်း ခရီးသွားလာဖို့စီစဉ်တိုင်း အဝေးပြေးကားလက်မှတ်ဝယ်ယူဖို့ အခက်အခဲတစ်ခုလိုဖြစ်လာတာကြောင်း MMBusTicket မှ အဆိုပါ အခက်အခဲကိုဖြေလျော့ပေးနိုင်မဲ့ Online Ticketing Website ကိုလွှင့်တင်ထားလိုက်ပါ။ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော အများပြည်သူများ အနေဖြင့် အစိုးရရုံးပိတ်ရက် စနေ ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များတွင် အေးဆေးစွာအနားယူနိုင်စေဖို့အတွက် စိတ်ဖိစီးမှုများသော မြို့ပြနဲ့ဝေရာသို့ခရီးထွက်ခွာပြီး စိတ်ဖိစီးမှုဒါဏ်ကို ဖြေလျော့စေရန်အတွက် အပန်းဖြေ ခရီးသွားလာခြင်း တချို့မှာမူ တစ်နယ် တစ်ကျေး မှ လာရောက်အလုပ် လုပ်ကိုင်း ကျရသောကြောင့် ပိတ်ရက်များတွင် မိဘ ဆွေမျိုးများရှိရာ နယ်မြို့ များသို့ပြန်လေ့ ရှိကျပါတယ်။ ထိုသို့ခရီးသွားလာရာတွင် အဝေးပြေးကားလက်မှတ်များ ၀ယ်ယူရာတွင် အချိန်ကုန် ငွေကုန် လူပင်ပန်း ပြီး ကားလက်မှတ်များ မရရှိခြင်း များ ဖြစ်ဖော်လျက်ရှိခြင်းတို့ကို အထိုက်အလျောက် ကူညီဖြေရှင်းပေးနိုင်စေရန် ကားလက်မှတ်များကို အချိန်အခါမရွေး ၀ယ်ယူရရှိအောင် အကောင်းဆုံး ၀န်ဆောင်ပေးလျက်ရှိသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး Online Ticketing Website ကတော့ MMBusTicket ဖြစ်ပါတယ်။ MMBusTicket ဟာဆိုလျင်ဖြင့် အဝေးပြေးကားလက်မှတ်များကို Online မှတဆင့် မည်သည့် အချိန် နေရာ ဒေသ မရွေး အင်တာနက်ရှိယုံမျှဖြင့် အဝေးပြေးကားလက်မှတ်များကို မိမိစိတ်ကြိုက်ရွေးချယ်ပြီး ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Online Payment စနစ်ရှိခြင်းတို့ကြောင့် ပြည်တွင်း ရော ပြည်ပနိုင်ငံများ မှလည်းဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Online မှတဆင့် ထိုင်ခုံနေရာနေအထားကအစ စိတ်ကြိုက်ဝယ်ယူပြီးတာနဲ့ တခါထဲဆိုသလို ကားလက်မှတ်ကို လက်ခံရရှိစေနိုင်မှာဖြစ်ပါတယ်။ MMBusTicket Website ကို PC, Phone, Tablet စသည် အင်တာနက် web browser ကို အသုံးပြုနိုင်သော မည်သည့် Devices တွင်မဆို အဝေးပြေးကားလက်မှတ်များကို https://www.mmbusticket.com တွင် အသုံးပြုဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ခရီးသွားပြည်သူများအနေဖြင့် မိမိသွားလိုသော အဝေးပြေးယာဉ်လိုင်းများ နှင့် ခရီးစဉ်များကို ရိုးရှင်းလွယ်ကူစွာရှာဖွေနိုင်ပြီး မိမိ၀ယ်ယူထားသော ခရီးစဉ်လက်မှတ်များအား မေ့လျော့ ပျောက်ဆုံးခဲ့ပါကလည်း Print Your Ticket တွင်လွယ်ကူစွာ ပြန်လည်ထုတ်ယူနိုင်မှဖြစ်ပါတယ်။ MMBusTicket Website တွင်ဝယ်ယူရရှိနိုင်သော အဝေးပြေးကားလက်မှတ်များကတော့ ပုဂံမင်းသား ၊ ရွှေမန္တလာ ၊ မန္တလာမင်း ၊ မြတ်မန္တလာထွန်း ၊ လုမ္ဗိိနီ ၊ GI Group ၊ ရွှေမန္တလေး ၊ Shwe Lashio ၊ ရွှေတောင်ရိုး ၊ ခိုင်မန္တလေး ၊ ရွှေစင်စင်္ကြာ ၊ မျိုးဆက်သစ် ၊ Man Yar Zar High Class ၊ တက်လမ်း ၊ တောင်ပြာတန်း ၊ ATW ၊ ZYMG Group ၊ နန်းထိုက်တော်ဝင် ၊ ရွှေလွန်းပျံ ၊ ထွန်းဧရာ ၊ ငွေနှင့်းမန္တလာ ၊ ချင်းတောင်တန်း နှင့် နယူမန္တလာထွန်း တို့ရဲ့ ကားလက်မှတ်များကို ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ခရီးသွားပြည်သူများ အနေဖြင့် E-commerce ဖြင့် ငွေပေးချေမည်ဆိုပါကလည်း စိုးရိမ်ပူပန်နေစရာမလိုအပ်ပဲ MMBusTicket နဲ့ ချိန်ဆက်ထားသော ဘဏ်များကလည်း လုံးခြုံစိတ်ချရသော ဘဏ်များဖြင့်သာချိတ်ဆက်ဆောင်ရွက်ထားသောကြောင့် ငွေပေးချေမှုတိုင်းလုံခြံုစိတ်ချစေမှာဖြစ်ပါတယ်။ MMBusTicket နဲ့ချိတ်ဆက်ထားသော E-commerce များကတော့ Visa Card , Master Card, MPU Card, CB Pay နှင့် Wave Money စနစ်တွေနဲ့ လက်မှတ်များကို ၂၈ ရက် ကြိုတင် ငွေပေးချေ ၀ယ်ရရှိနိုင်မှာဖြစ်ပါတယ်။MMBusticket ကို အသုံးပြုပြီး ခရီးသွားပြည်သူများအတွက် မိမိသွားလိုသော ခရီးစဉ်များကို လွယ်ကူစွာ ရှာဖွေပြီး မိမိ စိတ်ကြိုက် ထိုင်ခုံတွေကို ရွေးချယ်ပြီး Online မှ ငွေပေးချေခြင်း Online (E-Ticket) ပါတခါတည်းရရှိနိုင်မှာဖြစ်ပါတယ်။ တချို့သောခရီးသွားပြည်သူတွေအတွက် Online မှငွေပေးချေချင်းများအတွက် အခတ်အခဲ ရည်ရွယ်ပြီး Master Card ၊ Visa Card ၊ MPU Card နှင့် သတ်မှတ်ထားသော တခြားသောငွေပေးချေမှုပုံစံ အဆင့်ဆင့်တိုကိုတင်ပြပေးလိုက်ပါတယ်။ ပထမဦးစွာ မိမိသွားလို့သည့်ခရီးစဉ် နှင့် နေ့ရက်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ လက်မှတ် ကြိုတင်ဝယ်ယူရာတွင် ရက်ပေါင်း ၂၈ ရက်စာ ကြိုတင်ဝယ်ယူနိုင်ပါတယ်။ မိမိ၏ကိုယ်ရေးအချက်အလုပ် များကိုဖြည့်ပေးရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ငွေပေးချေမှုအတွက် Master Card ၊ Visa Card Logo နှင့် MPU Card Logo ပါရှိသောနေရာကို ရွေးချယ်ပေးရမှာပြစ်ပြီး ဘေးနားတွင် အစိမ်းရောင်ဘားတန်းလေးပေါ်က Process To Payment ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ မိမိသည် Master Card Holder or Visa Card Holder နှစ်ခုထဲမှ တစ်ကို ရွေးချယ်ပါ ဒါမှမဟုတ် MPU Card Holder ဆိုရင် MPU Card ကိုရွေးချယ်ပြီး မိမိ Payment Card ၏ အချက်အလက်များအားလုံးကိုဖြည့်စွက်ပြီးပါက ညာဘက်ထောင့်တွင်ရှိသော Pay ခလုတ်ကိုနှိပ်ပြီးငွေပေးချေနိုင်ပါပြီ။ လက်မှတ်ကိုတော့ Email သို့မဟုတ် Print Your Ticket မှာတစ်ဆင့် ရယူနိုင်မှာဖြစ်ပါတယ်။

လက်မှတ်များကိုဝယ်ယူပြီးသည်နဲ့တစ်ပြိုင်တည်းဆိုသလို မိမိ ရဲ့ Email သို့ E-Ticket ရောက်ရှိလာမှာဖြစ်ပြီး ထိုလက်မှတ်ဖြင့် မိမိ၀ယ်ယူထားသော အဝေးပြေးကားလိုင်းများတွင်ပြသ၍ စီးနင်းလိုက်ပါနိုင်မှာဖြစ်ပါတယ်။ MMBusTicket Website ကို အသုံးပြုခြင်းကြောင့် ကားလက်မှတ်ဝယ်ယူရာတွင် အချိန်ကုန် ငွေကုန် လူပင်ပန်း သက်သာပြီး မိမိတို့လိုရာခရီးကို အခတ်အခဲမရှိရောက်လှမ်းနိုင်မှာဖြစ်ပါကြောင်း သတင်းပေးတင်ဆက်လိုက်ရပါတယ်။