“OPPO Architecture Gallery” Campaign တွင် ပါဝင်ကာ ငွေသားဆုလက်ဆောင်များရယူနိုင်

OPPO မှ ဇန်နဝါရီလ ၁၂ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည့် Imagine with Reno5: OPPO Architecture Gallery Zoom Conference အခမ်းအနား၌ OPPO Reno5 ၏ ကင်မရာလုပ်ဆာင်ချက်များဖြင့် ရိုက်ကူးထားသော ရန်ကုန်မြို့ရှိ အထင်ကရ အဆောက် အအုံများ၏ အတွင်းပိုင်း ဗိသုကာလက်ရာများ၏ ဓာတ်ပုံများကို ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါအခမ်းအနား၌ “Picture Life Together” ဆောင်ပုဒ်နှင့် အတူ ထွက်ရှိလာသည့် OPPO Reno5 စမတ်ဖုန်းအသစ်တွင် ထည့်သွင်းပါဝင် လာသော ကင်မရာနှင့် ဗီဒီယိုလုပ်ဆောင်ချက် အသစ်များနှင့် OPPO ၏ ဆန်းသစ်တီထွင်ထားသော Imaging Technology အကြောင်းများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
Imagine with Reno5 Workshop ကို OPPO Myanmar AED ၏ Assistant Media နှင့် PR Manager ဖြစ်သူ မမိုးပွင့်ဖြူက Moderator အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင်နှင့် OPPO Myanmar AED ၏ Product Manager ဖြစ်သူ ကိုသန်းအောင်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

Photo Source https://tinyl.io/3LK2

အဆိုပါ အခမ်းအနားတွင် OPPO Japan Research Center ၏ Lead Technical Director ဖြစ်သူ Jun Luo က Reno5 တွင် အသုံးပြုခဲ့သော OPPO ၏ ဆန်းသစ်တီထွင်ထားသည့် Imaging Technology အကြောင်းကို အသေးစိတ် ဆွေးနွေးပြောကြား ပေးခဲ့သည်။ ထို့ပြင် ဓာတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင်က Reno5 ၏ ကင်မရာလုပ်ဆောင်ချက်များကို အသုံးပြု၍ ရန်ကုန်မြို့အထင်ကရ အဆောက်အဦးများ၏ ဗိသုကာလက်ရာများကို သွားရောက်ဖန်တီးရိုက်ကူးထားသော လက်ရာမြောက် ဓာတ်ပုံများကို ထုတ်ဖော်ပြသပေးခဲ့ပြီး Reno5 ၏ ဗီဒီယိုလုပ်ဆောင်ချက်များကို Twin Guys ဖြင့် ပူးပေါင်း၍ ရိုက်ကူး ပုံဖော်မှုများကို ပြသခဲ့ကာ Reno5 ၏ ဆန်းသစ်သော ကင်မရာနှင့် ဗီဒီယိုလုပ်ဆောင်ချက်များ အကြောင်းကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့ပြင် ဓာတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင် ရိုက်ကူးပုံဖော်ထားသော ရန်ကုန်မြို့အထင်ကရ အဆောက်အအုံတို့၏ ဗိသုကာ လက်ရာ ပုံရိပ်များဖြင့် OPPO Architecture Gallery ဟူသော Campaign ကိုလည်း စတင်ပါဝင်နိုင်ပြီဖြစ်ကြောင်း OPPO မှ မိတ်ဆက်ကြေညာလိုက်သည်။
OPPO ချစ်ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံကို ဖော်ပြပါလင့်မှ (https://tinyl.io/3LK2) ရွေးချယ်ပြီး Wallpaper ထားရှိကာ Screenshot ပြုလုပ်၍ OPPO Facebook Page Post (https://tinyl.io/3LJJ) အောက်တွင် ဇန်နဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထားကာ Comment ပေးရုံဖြင့် ပြိုင်ပွဲတွင် ပါဝင် နိုင်မည်ဖြစ်သည်။ ထို့နောက် Random စနစ်ဖြင့် ကံထူးရှင် ၅ ဦးကို ရွေးချယ်ကာ ၅ ယောက်အတွက် ဖုန်းဘေလ် ၅၀,၀၀၀ ကျပ် ကို လက်ဆောင် ပေးအပ်သွားမည်ဖြစ်သည်။

Photo Source https://tinyl.io/3LK2

“အခုလို Imagine with Reno5 ခေါင်းစဉ်နဲ့ OPPO Architecture Gallery Workshop ကို ကျင်းပလိုက်ရတဲ့ အကြောင်းအရင်းကတော့ OPPO အနေနဲ့ Reno5 မှာ သုံးထားတဲ့ Imaging Technology ကို ကြိုးစားအားထုတ်ပြီး ဖန်တီးပြုလုပ်ထားတဲ့အကြောင်းကို မီဒီယာမတ်ဆွေများကနေတစ်ဆင့် အများပြည်သူတွေအားလုံးကို သိစေချင်တဲ့အတွက်ကြောင့်ပါပဲ။ OPPO အနေနဲ့ နည်းပညာနဲ့ သုံးစွဲသူတွေရဲ့ လိုချင်တောင့်တတဲ့ အချက်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ သုံးစွဲသူတွေအတွက် စစ်မှန်သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ အမြဲတမ်း ဖန်တီးပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်” ဟု OPPO Myanmar AED ၏ Assistant Media နှင့် PR Manager ဖြစ်သူ မမိုးပွင့်ဖြူ က ပြောကြားသည်။
“Imagine with Reno5: OPPO Architecture Gallery Project က တခြား Project တွေနဲ့ ယှဉ်ရင် ထူးခြားသွားတဲ့အချက်က ကျွန်တော်တို့ ရန်ကုန်မြို့အထင်ကရ အဆောက်အအုံတွေရဲ့ အတွင်းပိုင်း ဗိသုကာလက်ရာတွေကို ဦးစားပေးရိုက်ကူးထားတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော် Reno5 စမတ်ဖုန်းကိုသုံးပြီး အဆောက်အအုံတွေရဲ့ Interior Design တွေကို ရိုက်ရမယ်ဆိုတော့ အလင်းအမှောင်မညီပဲ အဆင်မပြေမှာကို စိတ်ပူခဲ့ပင်မယ့် ရိုက်ကူးကြည့်ခဲ့တဲ့အချိန်မှာ Reno5 ရဲ့ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ AI Mixed Portrait၊ Dual-view Video နဲ့ AI Highlight Video လို လုပ်ဆောင်ချက်တွေက မထင်မှတ်လောက်အောင် ကောင်းနေတာတွေ့ရပါတယ်။ Reno5 က ကင်မရာနဲ့ ဗီဒီယိုတွေကို ဖန်တီးမှုကောင်းကောင်းနဲ့ ရိုက်ချင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချက်မှုတစ်ခု ဖြစ်လာမှာပါ” ဟု ဓာတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင်ကလည်း ပြောကြားသည်။

Photo Source https://tinyl.io/3LK2

Imaging Technology သည် OPPO Research & Development လုပ်ငန်း၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး OPPO Japan Research Center ရှိ OPPO Team မှ Imaging Technology ၏ Camera System၊ Module Innovation၊ Computation Optimization နှင့် Algorithm Research ကဲ့သို့ နည်းပညာများကို အဓိကထား၍ ဆန်းသစ်တီထွင်လျက်ရှိသည်။ OPPO ၏ Computer Vision Research ပိုင်းတွင် အောင်မြင်မှုများကြောင့် Imaging Technology ကဲ့သို့ ထူးခြားကောင်းမွန်သော နည်းပညာနှင့် ထုတ်ကုန်များကို သုံးစွဲသူများအတွက် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ OPPO မှ ၂၀၁၄ ခုနှစ်မှ စတင်၍ Find 7၊ R11၊ Reno 10X နှင့် Find X2 Pro ကဲ့သို့ ထုတ်ကုန်များနှင့် စမတ်ဖုန်းကင်မရာပိုင်းတွင် ဦးဆောင်လျက်ရှိပြီး ယခုအခါ ကင်မရာပိုင်းတွင်သာမက ဖန်တီးမှုကောင်းသော ဗီဒီယိုများကိုပါ ရိုက်ကူးလာနိုင်စေရန် လုပ်ဆောင်ပေးလိုက်ပြီဖြစ်သည်။
OPPO Reno5 တွင် ဗီဒီယိုနှင့် Creation များကို အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်ရန် OPPO Full Dimension Fusion (FDF) Portrait Video System ၏ Image Processing Engine နှစ်ခုကို ထည့်သွင်းတပ်ဆင်ထားသည်။ Quality Enhancement Engine မှ လှုပ်နေသောအချိန်နှင့် ငြိမ်နေသောအချိန်စသည့် မည်သည့်အခြေအနေမျိုးတွင်မဆို ဗီဒီယိုရိုက်ကူးသောအခါ အရည်အသွေးကောင်းမွန်အောင် ပြုလုပ်ပေးထားသည်။ Portrait Peception Engine မှ လူပုံနှင့် Background Video များကို အကောင်းဆုံး Portrait Effects ရအောင် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် OPPO မှ Imaging Technology ၏ Hardware မှ Image Quality ၏ Lower Limits ကို အာမခံလုပ်ဆောင်ပေးနိုင်၍ အဆင့်မြင့် Algorithms များမှ Image ၏ Upper Limit ကို ဆုံးဖြတ် ပြုလုပ်ပေးနိုင်သည်ဟု ယုံကြည်ထားသည်။ သုံးစွဲသူများ၏ မတူညီသော လိုချင်တောင့်တမှုများကို မတူညီသောနည်းလမ်းများဖြင့် ဖြေရှင်းပေးရသောကြောင့် Imaging Technology သည် ခက်ခဲရှုပ်ထွေးသော်လည်း OPPO အနေဖြင့် အနာဂတ်၏ Smart Applications များမှ တစ်ဆင့် သုံးစွဲသူများအတွက် Imaging Technology ကို စစ်မှန်သော တိုးတက်မှုများ ဖန်တီးပြုလုပ်ပေးသွားမည်ဖြစ်သည်။
OPPO Reno5 ၏ ကင်မရာလုပ်ဆာင်ချက်များဖြင့် ရိုက်ကူးထားသော ရန်ကုန်မြို့ရှိ အထင်ကရ အဆောက်အအုံများ၏ အတွင်းပိုင်း ဗိသုကာလက်ရာများ၏ ဓာတ်ပုံများကို ဖော်ပြပါလင့်တွင်လည်း ကြည့်ရှုနိုင်သည်။
https://tinyl.io/3LK2