Grab က ၂၀၂၀ အတွင်း ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ရွေးချယ်ဆုပေးအပ်

Grab သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကာလအတွင်း စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ဆုအမျိုးအစားခေါင်းစဉ် ၁၀ ခုဖြင့် ရွေးချယ်ကာ ဆုပေးအပ်ခဲ့သည်။
ဆုအမျိုးအစား ၁ ဖြစ်သည့် Big Heart Award ကို အမေ့အိမ်စားသောက်ဆိုင်ကလည်းကောင်း၊ ဆုအမျိုးအစား ၂ ဖြစ်သည့် Local Hero Award ကို The District Coffee Lounge က လည်းကောင်း၊ 5-Stars Merchant Award ကို Seoul Chicken က လည်းကောင်း၊ Most Loved by Bikers (YGN) ဆုကို Lotteria က လည်းကောင်း၊ Most Loved by Bikers (MDY) ဆုကို SP Bakery ကလည်းကောင်း၊ Green Merchant Award ကို Café Salween က လည်းကောင်း၊ COVID-19 Safety Award ကို The Pizza Company က လည်းကောင်း၊ Mandalay Merchant of the Year ဆုကို စန္ဒာမေ (၇၉ လမ်း) က လည်းကောင်း၊ Digital Rising Star ဆုကို J’Donuts နှင့် GrabMart Merchant of the Year ဆုကို Beauty & Me ကလည်းကောင်း အသီးသီး ရရှိခဲ့သည်။

Photo Source https://www.facebook.com/GrabMM/

ထိုဆုအမျိုးအစားတိုင်းတွင် သီးသန့်အကဲဖြတ်သတ်မှတ်ချက်များ ရှိပြီး GrabFood အစားအသောက် ပို့ဆောင်သူများအား အစားအစာအော်ဒါ စောင့်ဆိုင်းနေချိန်အတွင်း နားနေစရာနှင့် အဆာပြေစားစရာများ ပြင်ဆင်ပံ့ပိုးပေးလေ့ရှိသည့်အတွက် Big Heart Award ဆုကို ရရှိသွားသည့် အမေ့အိမ်စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ချိုချိုက “မေတ္တာပေးလို့ မေတ္တာပြန်ရတယ်လို့ အရမ်းပီတိဖြစ်ရပါတယ်။ GrabFood စက်ဘီးသမားလေးတွေ အစားအသောက်အော်ဒါလာယူတိုင်း နားနေဖို့ နေရာနဲ့ အချိန်အခါအလိုက် အအေးဖြင့် အအေး၊ စားစရာဖြင့် စားစရာ အမြဲ ပြင်ပေးခဲ့တာ၊ သူတို့လေးတွေကို ကိုယ့်သားသမီး တွေလိုပဲ သဘောထားပြီး ဂရုတစိုက်ဆက်ဆံပေးခဲ့တာရဲ့ အကျိုးလို့ မြင်ပါတယ်” ဟု ပြောသည်။
အမေ့အိမ်စား သောက်ဆိုင်သည် GrabFood ပလက်ဖောင်းပေါ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လခန့်က စတင်ချိတ်ဆက်ရောင်းချခဲ့ပြီး Grab အက်ပလီကေးရှင်းအတွင်း GrabFood စာမျက်နှာပေါ်ရှိ Local Heroes ဆိုင်အုပ်စုများထဲမှ တစ်ဆိုင်အပါအ ဝင်ဖြစ်သည်။
GrabFood ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာ မန္တလေးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၌ စတင် မိတ်ဆက်ခဲ့ပါသည်။ ယနေ့အချိန်အထိ GrabFood မှ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၁,၅၀၀) ကျော်အား အွန်လိုင်းကတစ်ဆင့် ပြောင်းလဲရောင်းချနိုင်ရန်နှင့် ၎င်းတို့၏ ဆိုင်ကို ပိုမို လူသိများလာစေရန် ပံ့ပိုးပေးမည့် Grab ၏ နည်းပညာပလက်ဖောင်းနှင့် နည်းပညာအကူအညီများကို တိုက်ရိုက် ရယူအသုံးပြုနိုင်ရေးအတွက် ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း GrabFood မိတ်ဖက်စား သောက်ဆိုင်ပိုင်ရှင်များအတွက် အစားအသောက်အော်ဒါ အရေအတွက်ပေါင်း ပျမ်းမျှ (၄၀ ရာခိုင်နှုန်း) ခန့် တိုးပွားလာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် GrabFood မှ ပြည်တွင်းရှိ အကြီးဆုံး မြို့ကြီး နှစ်မြို့အတွင်း ရာပေါင်းများစွာသော မိတ်ဖက်အစားအသောက် ပို့ဆောင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။

Photo Source https://www.facebook.com/GrabMM/

ပြီးခဲ့သည့် ၆ လတာအတွင်း အစားအသောက်မှာယူသူများ၏ အကောင်းဆုံးသော အဆင့်သတ်မှတ်ချက်နှင့် အတူ ရောင်းအားအမြင့်ဆုံးရရှိခဲ့သည့် Local Hero Award ကို ရရှိသွားသည့် The District Coffee Lounge ၏ ဆိုင်တာဝန်ခံဖြစ်သူ မအိအိဝင်းက “ဒီလိုရောင်းအားမြင့်တက်လာတာဟာ ကျွန်မတို့လို local စားသောက်ဆိုင်တွေအတွက် GrabFood က ပြုလုပ်ပံ့ပိုးပေးခဲ့တဲ့ Local Heroes ကမ်ပိန်းတွေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကြောင့်လည်း ပါပါတယ်။ ဆိုင်ရဲ့ စုစုပေါင်းရောင်းအားရဲ့ ထက်ဝက်လောက်က GrabFood အမှာအော်ဒါတွေဆီက လာတာပါ။ ဆိုင်အနေနဲ့ကတော့ စားသုံးသူတွေ ကျေနပ်ဖို့အတွက် ကိုယ့်ဆိုင်က အစားအသောက်ပစ္စည်းတွေကို အမြဲ စုံလင်အောင်၊ မှာလိုက်တဲ့အခါ မရှိဘူးဆိုတာမျိုး မဖြစ်ရအောင် ပြင်ဆင်ထားသလို GrabFood အော်ဒါပို့ပေးတဲ့ စက်ဘီးသမားတွေရဲ့ မြန်ဆန်တဲ့ ဝန်ဆောင်မှုကလည်း ကျွန်မတို့ရဲ့ အစားအသောက်တွေကို ပူပူနွေးနွေး အရသာမပျက်စေဘဲ စားသုံးသူတွေ လက်ထဲ ပို့ဆောင်ပေးနိုင်တာမို့ စားသုံးသူကျေနပ်မှုရပြီး rating ကောင်းကောင်း ပေးကြတာ ဖြစ်မယ်ထင်ပါတယ်” ဟု ဆိုသည်။
ဆုအမျိုးအစား ၁၀ ခုအနက် GrabFood အစားအသောက်ပို့ဆောင်ပေးသူများ နှစ်ခြိုက်သဘောကျစွာ မဲပေးရွေးချယ်မှုဖြင့် Most Loved by Bikers (YGN) ကို ရရှိသွားသည့် Lotteria ၏ မန်နေဂျာ မကျင့်ရှင့်နှဲမ်က အစားအသောက်ပို့ဆောင်သူများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်ထားကြောင်း၊ အော်ဒါ စောင့်ဆိုင်းချိန်ကိုလည်း တတ်နိုင်သမျှ နည်းအောင် ပြင်ဆင်ပေးပြီး အကြောင်းကိစ္စကြုံလာပါကလည်း ညှိနှိုင်းဖြေရှင်းပြီးအတူတကွ လုပ်ဆောင်ကြကြောင်း ပြောပြသည်။

Photo Source https://www.facebook.com/GrabMM/

“ပစ္စည်းပို့ပေးတဲ့ Biker တွေရဲ့ ပံ့ပိုးမှုကလည်း အရေးကြီးပါတယ်။ သူတို့က ကျွန်မတို့လို ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေကြား မရှိမဖြစ် တံတားလည်း ဟုတ်တယ်၊ မျက်နှာစာဆိုလည်း ဟုတ်ပါတယ်။ သူတို့နဲ့ အဆင်မပြေရင် ဝယ်တဲ့သူတွေကလည်း မှာကြမှာမဟုတ်တော့ဘူးလေ။ အခုလို ကိုဗစ်ကာလအတွင်း ရောင်းသူ ဝယ်သူ တွေ့ဆုံလို့ မရတဲ့အချိန်တွေမှာ ပိုသိသာပါတယ်” ဟု GrabMart Merchant of the Year ဆုရှင်ဖြစ်သည့် Beauty & Me ဆိုင်ပိုင်ရှင် မကေဇင်ဖြိုးဝင်းကဆိုသည်။
“ကျွန်တော်တို့ Grab အနေနဲ့ မိတ်ဖက်လုပ်ငန်းတွေအတွက် စီးပွားရေးဆိုင်ရာ အကျိုးရှိပြီး လူမှုဘဝတွေကို တိုးတက်ကောင်းမွန်စေဖို့ အမြဲ အလေးထားလုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အခုလို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလမှာ ကျွန်တော်တို့ရဲ့ GrabFood မိတ်ဖက်အစားအသောက် ပို့ဆောင်သူတွေအတွက် ဝင်ငွေ ရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ ပံ့ပိုးပေးနိုင်လို့ ဝမ်းသာကျေနပ်မိပါတယ်။ အစားအသောက်တွေကို မှာယူသူတွေဆီ အရောက်ပို့ဆောင်ပေးဖို့၊ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ ကြိုးစားနေကြတဲ့ သူတို့ရဲ့ အားထုတ်မှုတွေကို ကျွန်တော်တို့သာမက သူတို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ မိတ်ဖက် စားသောက်ဆိုင်လုပ်ငန်းတွေကပါ အသိအမှတ်ပြုကြတာကို ကျေးဇူးတင်ဂုဏ်ယူမိပါတယ်” ဟု Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်းမင်း က ပြောသည်။