နှစ်သစ်ကူးကာလ၌ တယ်လီနောသုံးစွဲသူများကြား ဒစ်ဂျစ်တယ်နည်းဖြင့် ဆင်နွှဲပြီး ဖုန်းခေါ်ဆိုမှု ၅ ဆ မြင့်တက်လာကြောင်း တယ်လီနောထုတ်ပြန်

နှစ်သစ်အတွက် အခွင့်အလမ်းသစ်များကို မျှော်လင့်လျက်ရှိသည် နှင့်တပြိုင်နက် ဆုတောင်းနှုတ်ဆက်ကြသည့် တယ်လီနော မြန်မာ၏ သုံးစွဲသူများကြား မိသားစုများနှင့် ချစ်သူ ခင်သူများကို နှစ်ကူးဆုမွန်ကောင်းများ ပေးအပ်ခဲ့သည့် အတွက် ကွန်ရက်အတွင်း ဖုန်းခေါ်ဆိုမှုများ သိသိသာသာ မြင့်တက်ခဲ့သည်။
သုံးစွဲမှုအမြင့်ဆုံးအချိန်ဖြစ်သော ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ၂၀၂၀ ပြည့်နှစ် ည ၉ နာရီမှ ဇန်နဝါရီ လ ၁ ရက်နေ့ ၂၀၂၁ ခုနှစ် နံနက် ၂ နာရီအတွင်း တယ်လီနော ကွန်ရက်ပေါ်တွင် အသုံးပြုခဲ့သော ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် ဒေတာအသုံးပြုမှုနှုန်းများ သိသိသာသာမြင့်တက်ခဲ့ပါသည်။ နည်းပညာများကို ပေါင်းစပ်အသုံး ပြု၍ နှစ်သစ်ကို ဒစ်ဂျစ်တယ်နည်းဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည့်နည်းတူ ၂၀၂၀ ပြည့် နှစ်အတွင်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် အိမ်တွင်းသာနေထိုင်၍ ပွဲတော်များနှင့် အားလပ်ရက်များကို ဒစ်ဂျစ်တယ်နည်းဖြင့် ပါဝင်ဆင်နွှဲလျက်ရှိသည်ကို လေ့လောတွေ့ရှိခဲ့သည်။
အချက်အလက်များအရ တိုက်ရိုက်ကြည့်ရှုခြင်း၊ အင်တာနက်မှတဆင့်ရှာဖွေခြင်း၊ လူမှုကွန်ရက်ဝန်ဆောင်မှုများ အသုံးပြုခြင်း (SNS) နှင့် အင်တာနက်မှတဆင့် ဖုန်းခေါ်ဆိုခြင်း (VoIP) တို့ကို ပုံမှန်နေ့စဉ် အသုံးပြုမူများနှင့် နှိုင်းယှဉ်ပါက နှစ်သစ်ကူးကာလတွင် သိသိသာသာ မြင့်တက်လာခဲ့သည်။ မကြာသေးမီက မိတ်ဆက်ခဲ့သော 4.5G နှင့် 4GSuperLTE+ ကွန်ရက်အပေါ်တွင် ဖုန်းခေါ်ဆိုမှုနှင့် ဒေတာအသုံးပြုမှု အများဆုံးအသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီး ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုနှုန်းများသည် နှစ်သစ်ကူး ညအချိန်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး ပုံမှန်နေ့စဉ် အသုံးပြုမူများနှင့် နိူင်းယှဉ်ပါက ၄၆၈ ရာခိုင်နှုန်း နှင့် ၃၇၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။

Photo Source https://www.telenor.com.mm

တိုက်ရိုက်ကြည့်ရှုမှုနှုန်းများလည်း မြင့်တက်ခဲ့ပြီး ဗီဒီယိုတိုက်ရိုက်ကြည့်ရှုမှုနှုန်းတွင် VIU အက်ပလီကေးရှင်း သည် ၁၁၁% ဖြင့်ဦးဆောင်ခဲ့ပြီး Netflix တိုက်ရိုက်ကြည့်ရှုမှုသည်လည်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သီချင်းတိုက် ရိုက်နားထောင်သော အက်ပလီကေးရှင်းဖြစ်သည့် Joox ကို အသုံးပြုမှုသည်လည်း ၄၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ နှစ်သစ်ကူးကာလအတွင်း အင်တာနက်မှတဆင့် ဖုန်းခေါ်ဆိုခြင်းများအတွက် Facebook ၏ messenger မှ (၅၁၆ ရာခိုင်နှုန်း) ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် WhatsApp (၂၉၅ ရာခိုင်နှုန်း)၊ WeChat (၁၆၈ ရာခိုင်နှုန်း) နှင့် Viber (၁၃၂ ရာခိုင်နှုန်း) ဖြင့် ရပ်တည်လျက်ရှိသည်။ လူမှုကွန်ရက်အသုံးပြုမှု (SNS) နှုန်းတွင်မူ အခြားသော ပလက်ဖောင်းများ ထက် Facebook က ၄၇ ရာခိုင်နှုန်း ဖြင့် ဦးဆောင်လျက်ရှိသည်။
“ဒီအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် ကူးစက်ရောဂါဟာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားသွားလာမှုတွေဖြစ်တဲ့ အချင်းချင်း တွေ့ဆုံတာနဲ့ ပွဲတော်တွေမှာ မတွေ့ဆုံနိုင်အောင် ကန့်သတ်ချက်တွေရှိပေမဲ့ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှု တွေကို ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းလမ်းတွေကနေတဆင့် မျှဝေတဲ့နေရာမှာ မတားဆီးနိုင်ခဲ့ဘူးဆိုတာကို သက်သေပြနေ ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့အတူ ၂၀၂၁ နှစ်သစ်ကို ကြိုဆိုနိုင်ဖို့ MRTV-4 နဲ့ ပူးပေါင်း ပြီး နှစ်သစ်ကူးပွဲတော်ကိုလည်း ထုတ်လွှင့်ခဲ့ပါသေးတယ်။ နှစ်ကူးကာလအတွင်း မိသားစုဝင်အချင်းချင်း၊ ချစ်သူ ခင်သူတွေနဲ့ အချင်းချင်း နှစ်ကူးနှုတ်ဆက်စကားပြောတာတွေက ကွန်ရက်အပေါ်မှာ အဆမတန်သုံးစွဲမှုမြင့် တက် လာပေမယ့်လည်း တယ်လီနောမြန်မာအနေနဲ့ တကယ့်သုံးစွဲမှုအတွေ့အကြုံကောင်းတွေ ပေးနိုင်အောင် အချိန် ပြည့်စောင့်ကြည့် ကူညီပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံသားတွေကို ဒီလိုစိန်ခေါ်မှုတွေရှိတဲ့ အချိန်အခါမှာတောင် သူတို့အတွက် အရေးပါဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ရပါတယ်” ဟု တယ်လီနော မြန်မာ၏ နည်းပညာရေးရာ အရာရှိချုပ်ဖြစ်သူ Jai Prakash က ပြောကြားသည်။

ထို့အပြင် နှစ်ကူးအကြို ပျော်ပွဲရွှင်ပွဲများသာမက ၂၀၂၀ ပြည့်နှစ်အတွင်း ဒစ်ဂျစ်တယ်ဆက်သွယ်ရေးလမ်း ကြောင်းမှတဆင့် ဆက်သွယ်ချိတ်ဆက်မှုများ အဆမတန် တိုးတက်ခဲ့သည်။ ကူးစက်ရောဂါကြောင့် အိမ်မှနေ၍ ပိုမိုလုပ်ကိုင်လာသည်နှင့်အမျှ တယ်လီကွန်ဖရင့်ဒေတာ အသုံးပြုမှုနှုန်းသည်လည်း သိသာထင်ရှားစွာ မြင့်တက် လာခဲ့သည်။ တယ်လီကွန်ဖရင့် ပလက်ဖောင်းအတွက် အဓိကအသုံးပြုခဲ့သော ထိပ်တန်းပလက်ဖောင်း (၃) ခုမှာ Zoom (၃၉၉၁ရာခိုင်နှုန်း)၊ Microsoft Teams (၂၁၉ ရာခိုင်နှုန်း) နှင့် Google Hangout (၁၅၅ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။ ထို့အပြင် တယ်လီနောကွန်ရက်တွင် ဖိုင်မျှဝေသည့် ဝန်ဆောင်မှုများ အသုံးပြုမှုနှုန်းသည်လည်း မြင့်တက်ခဲ့ပြီး ထိပ်တန်း ဝန်ဆောင်မှုသုံးခုမှာ OneDrive (၉၆၉ ရာခိုင်နှုန်း)၊ Dropbox (၁၄၅ ရာခိုင်နှုန်း) နှင့် Google Drive (၂၉ ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။
မြန်မာ့ပထမဦးဆုံး ကိုဗစ်-၁၉ လူနာကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်တွေ့ရှိခဲ့စဉ်ကတည်းက ဧပြီလသည် ဒေတာအသုံးပြုမှုနှုန်း အများဆုံးလအဖြစ် စံချိန်တင်ရပ်တည်ခဲ့သည်။ ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်း ဖြစ်ပွားမှုအတွင်း ဒေတာအသုံးပြုမှုမှာ ပထမလှိုင်းအတွင်း (မတ်လမှ ဧပြီလအထိ) သုံးစွဲမှုနှုန်းမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ သုံးစွဲမှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၆.၅ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပြီး ဒုတိယလှိုင်းအတွင်း (စက်တင် ဘာမှ အောက်တိုဘာလအထိ) သုံးစွဲမှုနှုန်းမှာ ဇူလိုင်လမှ ဩဂုတ်လအထိ သုံးစွဲမှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း တယ်လီနောမြန်မာက လေ့လာတွေ့ရှိခဲ့သည်။

Photo Source https://www.telenor.com.mm

“တယ်လီနောမြန်မာက သုံးစွဲသူ‌တွေကို သူတို့အတွက် အရေးပါဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့နဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆန်းသစ်တီထွင်မှုရှိပြီး လက်လှမ်းမှီတဲ့ဈေးနှုန်းရှိတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့ ကတိကဝတ်ပြုပါတယ်။ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်တဲ့နေရာမှာလည်း တတ်နိုင်တဲ့ နေရာမှန် သမျှကနေ ပါဝင်ကူညီပေးသွားမှာဖြစ်သလို ကူးစက်ရောဂါကာလအလွန်မှာလည်း ဒစ်ဂျစ်တယ် ဆက်သွယ်ချိတ် ဆက်ရေးက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ရှိနေမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကွန်ရက်အပေါ်မှာ သုံးစွဲမှု အလွန်မြင့်တက်လာတာက ပုံမှန်အခန်းကဏ္ဍအသစ်အဖြစ်တည်ရှိလာမှာဖြစ်ပြီး နိုင်ငံအဝှမ်းမှာရှိ လူတိုင်း လူတိုင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ဒစ်ဂျစ်တယ်နည်းလမ်းကို ယခင်ထက် လက်ကမ်းကြိုဆိုလာမှာ မလွဲ ပါဘူး။ ၂၀၂၁ ခုနှစ်နဲ့ အလွန်မှာ ဒစ်ဂျစ်တယ်ပြောင်းလဲမှုများနဲ့ မြန်မာ့ဒစ်ဂျစ်တယ်ခရီးလမ်းမှာ နိုင်ငံသားအားလုံး တစိတ်တပိုင်း ပါဝင်နိုင်ဖို့ တယ်လီနောအနေဆက်ဦးဆောင်သွားမှာဖြစ်ပြီး လက်တွေ့ကျ အသုံးဝင်ပြီး လွယ်လင့် တကူ ရယူနိုင်တဲ့ ပလက်ဖောင်းအသစ်တွေကိုလည်း ဆက်လက်ဖန်တီးသွားပါလို့ ကတိကဝတ်ပြုပါတယ်။” ဟု Jai Prakash က ဖြည့်စွက်ပြောကြားခဲ့သည်။
တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။