Mobile Version အဖြစ်မကြာမှီ ထွက်ရှိလာတော့မည့် NARAKA: BALDEPOINT

Mobile Gaming Industry ဟာပိုပိုပြီး ကျယ်ပြန့်လာတာနဲ့အမျှ PC, Consoler, Xbox လို Platform တွေမှာ အောင်မြင်နေတဲ့ ဂိမ်းတော်တော်များများဟာ Mobile Industry ဘက်ကိုစတင် ချဲ့ထွင်လာကြပါတယ်။ Battle Royal ဂိမ်းတွေခေတ်စားလာတဲ့ ဒီလိုအချိန်မျိုးမှာလည်း Melee တိုက်ခိုက်ရတာကို အခြေခံထားတဲ့ Fighting, Shooter Video Game နဲ့ Action-adventure ဂိမ်းအမျိုးအစား NARAKA: BLADEPOINT ဟာလည်း Mobile Device တွေ အတွက် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

NARAKA: BLADEPOINT MOBILE ကို Android နဲ့ iOS အတွက် Develop ပြုလုပ်နေပြီလို့ 24 Entertainment နဲ့ NetEase Games ဘက်က Announce ပြုလုပ်ထားပါတယ်။ ထွက်ရှိလာမယ့်ရက်ကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။ NARAKA: BLADEPOINT ရဲ့ တစ်ခြား Battle Royal ဂိမ်းတွေနဲ့မတူတဲ့အချက်ကတော့ ခေတ်ပေါ်လက်နက်တွေဆိုတာထက် Martial Arts ကိုအဓိကအသုံးပြုပြီး တိုက်ခိုက်ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Melee နဲ့ Ranged လက်နက်တွေပါဝင်တဲ့အပြင် အသုံးပြုတဲ့ Character ပေါ်မူတည်ပြီး Ability တွေပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ 

Photo Source NARAKA: BLADEPOINT MOBILE

Beta Test တွေအတွက်ရက်ကို မဖော်ပြထားပေမယ့် NARAKA: BLADEPOINT MOBILE  website မှာတော့ ထွက်ရှိလာမယ့် Beta Test နဲ့တခြား သတင်းအချက်အလက်တွေအတွက် Subscribe ပြုလုပ်ထားနိုင်ပါပြီ။ Website မှာ Subscribe ပြုလုပ်ထားတဲ့သူတွေအနေနဲ့ Exclusive in-game Rewards တွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ Steam မှာတော့ အခကြေးငွေပေးပြီး ဝယ်ဆော့ရပေမဲ့ Mobile Version အတွက်ကတော့ ဝယ်ဆော့ရမလား အခမဲ့ဆော့ကစားနိုင်မလား မသိရသေးပါဘူး။

NARAKA: BLADEPOINT MOBILE နဲ့ပက်သက်တဲ့ အချက်အလက်တွေအတွက် Twitter ကနေလည်း စောင့်ကြည့်နိုင်ပါတယ်။