ကလေးများအတွက် Steam Education Game အခမဲ့ သင်ကြားပေးသွားမယ့် 3L Education

ရန်ကုန် ၊ ပြည် ၊ မကွေး ၊ မုံရွာ ၊ မန္တလေး ၊ဟားခါး ၊ မြစ်ကြီးနား ၊ တောင်ကြီး ၊ လွိုင်ကော် ၊ မော်လမြိုင် ၊ မြိတ် ၊ ဘားအံ ၊ စစ်တွေ ၊ ပုသိမ် တို့တွင် ရှိ ဘုန်းတော်ကြီး ပညာသင်ကျေင်းများ ၊ အစိုးရကျော်ငးများ ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ STEAM Education ဆိုင်ရာ ဗဟုသုတများ ၊ ပညာရေးဂိမ်းအစီအစဉ်များအား ကျောင်းသို့လာရောက်၍ သင်ကြားရှင်းလင်းပေးမည်ဖြစ်ပါသည်။
နိုင်ငံတဝန်းကျောင်းပေါင်း ၁ဝဝ ခန့် ၊ မူလတန်း – အလယ်တန်းကျောင်းသားကျောင်းသူပေါင်း ၁ဝ,ဝဝဝ ကျော်အား Laptop computer အသုံးပြု၍ STEAM ပညာရေးဂိမ်း များ အခမဲ့
သင်ကြားပေးမည်ဖြစ်သည်။

Photo Source By Myanmar Tech Press

ကလေးများအနေဖြင့် ဖုန်း ၊ ကွန်ပျူတာတို့ဖြင့် violent, action ဂိမ်းများကစားရခြင်းကို စွဲလမ်းလျှက်ရှိခြင်းကြောင့် ကျောင်းစာနှင့်ဆက်နွယ်မှုရှိသော ပညာရေးဂိမ်းများ အား သိရှိစိတ်ဝင်စားစေရန် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်သည်။
STEAM Education Game များ သည် ပျော်ရွင်မှုအပြင် ကလေးငယ်များအား Critical Thinking. Science Knowledge,
Computing/ICT Literacy ဆိုင်ရာ အသိပညာများ တစ်စိတ်ဒေသ ရရှိနိုင်ပါသည်။

 

STEAM ဆိုသည်မှာ Science, Technology, Engineering, Arts and Maths ဖြစ်ပြီး အင်္ဂလိပ်စာ ၊ ပထဝီ ၊ အထွေထွေသိပ္ပံ ၊ သင်္ချာ ၊ ပန်းချီ အနုပညာ ပညာရေးဂိမ်းများ ပါဝင်ပါသည်။
ကလေးငယ်များ အား အုပ်စုများ ဖွဲ့စည်း၍ လေ့လာမှု့ ပုံစံဖြင့် သင်ကြားပေးမည်ဖြစ်သည်။
ဘကကျောင်းများ ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ ၊ အစိုးရကျောင်းများအနေဖြင့် 3L Education ၏ ဖေ့ဘုတ်စာမျက်နှာမှ တဆင့်သော်လည်းကောင်း ၊ ဖုန်း ဝ၉ ၇၉၉ ၈၅၂ ၄၄၅, ဝ၉ ၅၃၂၁ ၃၁၄ အားဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

စာရင်းပေးသွင်းရန်အတွက် –
ကျောင်းအမည်
ကျောင်းလိပ်စာ
စာရင်းပေးသည့်ဆရာ၊ဆရာမအမည်
မူလတန်း ၊ အလယ်တန်း ကျောင်းသားအရေအတွက် တို့ကို ရေးသား ၍ မက်ဆေ့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

3L Education သည် YSEALI Seeds for the Future 2019 အစီအစဉ်ဖြင့် အခမဲ့ သင်ကြားပေးခြင်းဖြစ်ပါသည်။
3L Education
အဆောင် (၁၄) ၊ ၄ လွှာ ၊ Kanaung Hub, MICT Park, လှိုင်မြို့နယ် ၊ ရန်ကုန်မြို့

Ref: 3L education (Facebook)