နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေကို အပြည့်အဝအသုံးချနိုင်စေပြီး Galaxy S24 Series ရဲ့ အကောင်းမွန်ဆုံးလုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy S24 FE စမတ်ဖုန်းအသစ်

Samsung Myanmar ဟာ Galaxy AI ecosystem ထဲအသစ်ထပ်မံရောက်ရှိလာတဲ့ Galaxy S24 FE စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံစျေးကွက်မှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ Galaxy AI အပါအဝင် စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy S24 Series စမတ်ဖုန်းတွေရဲ့ လူကြိုက်များတဲ့လုပ်ဆောင်ချက်တွေပါဝင်တဲ့ Fan Edition စမတ်ဖုန်းအသစ် Galaxy S24 FE ကို ပရီမီယံဆန်တဲ့ စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို အတန်ဆုံးစျေးနှုန်းနဲ့ရရှိနိုင်အောင် ဖန်တီးပေးထားတာပါ။
Galaxy S24 FE ဟာ Galaxy S24 Series မှာလို ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတာဖြစ်ပြီး အရောင်အားဖြင့်လည်း လှပသစ်လွင်တဲ့ Blue, Mint, Grey တို့နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Gorilla Glass Victus+ Aluminum frame နဲ့ ပြုလုပ်ထားပြီး iP68 လည်းပါဝင်တာကြောင့် ရေစိုဒဏ်နဲ့ ဖုန်ဒဏ်တို့ကိုလည်း ကာကွယ်ပေးသွားနိုင်ဦးမှာပါ။ Samsung Galaxy ရဲ့ နာမည်ကျော် Knox စနစ်ကလည်း Hardware နဲ့ Software နှစ်မျိုးလုံးအတွက် End-to-end data Encryption စနစ်နဲ့ အချိန်နဲ့တပြေးညီ စနစ်တကျကာကွယ်ပေးထားတာကြောင့် အရေးကြီးအချက်အလက် တွေရဲ့ လုံခြုံရေးအတွက်စိတ်ချရစေဦးမှာဖြစ်ပါတယ်။
Galaxy S24 FE မှာ ဆက်သွယ်ပြောဆိုမှု၊ လုပ်ဆောင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ပိုမိုတိုးတက်ကောင်းမွန်စေအောင်ကူညီပေးနိုင်မယ့် Galaxy AI လုပ်ဆောင်ချက်တွေအပြင် နေ့စဉ်သုံးစွဲမှုများအတွက်သာတင်မက ကြည့်ရှုမှု၊ ဂိမ်းကစားမှုအတွေ့အကြုံတွေ အကောင်းဆုံးရရှိစေမယ့် လုပ်ဆောင်ချက်တွေနဲ့ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးဖန်တီးမှုတွေ အကောင်းဆုံးလုပ်သွားနိုင်မယ့် လုပ်ဆောင်ချက်တွေပါဝင်ပါသေးတယ်။
 
Image: Samsung
ဖန်တီးနိုင်စွမ်းတွေကို ပိုမိုမြင့်မားလာစေမယ့် AI စနစ်သုံး ကင်မရာနဲ့ ပုံရိပ် Edit ပြုလုပ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ
 
Galaxy S24 FE စမတ်ဖုန်းမှာ Optical Image Stabilization (OIS) စနစ် ပါရှိတဲ့ 50MP Wide Lens နဲ့ 8MP Telephoto Lens with 3x optical zoom ထည့်သွင်းပေးထားတဲ့အပြင် 12MP Ultra-Wide Lens နဲ့ 10MP selfie ကင်မရာ စတဲ့ အဆင့်မြင့် ကင်မရာလုပ်ဆောင်ချက်တွေ ပါရှိတဲ့အတွက် ပြီးပြည့်စုံမှုအရှိဆုံး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို စိတ်တိုင်းကျ ရိုက်ကူး သွားနိုင်မှာပါ။ ဒါ့အပြင် Samsung ရဲ့ ကိုယ်ပိုင် AI နည်းပညာသုံး ProVisual Engine ကို FE Series တွေမှာ ပထမဆုံးအဖြစ် အခု Galaxy S24 FE မှာထည့်သွင်းပေးထားတာကြောင့် အသေးစိတ်အကျဆုံးနဲ့ အရည်အသွေးအမြင့်မားဆုံး ရုပ်ပုံတွေကို ရရှိနိုင်မယ့်အပြင် AI Image Signal Processing (ISP) စနစ်ပါဝင်တဲ့ Nightography လုပ်ဆောင်ချက်၊ 50MP Wide Lens မှာ ထည့်သွင်းပေးထားတဲ့ Adaptive Pixel Sensor စနစ်နဲ့ ပြင်ပလောကနဲ့ တစ်ထပ်တည်းကျတဲ့ ပုံရိပ်တွေကို ရရှိစေမယ့် Super High Dynamic Range (HDR) လုပ်ဆောင်ချက်တွေကိုလည်း Galaxy S24FE မှာ ထည့်သွင်းပေးထားပါတယ်။ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို Edit ပြုလုပ်ဖို့အတွက်လည်း Generative Edit, Portrait Studio, Edit Suggestions နဲ့ Instant Slow-mo အစရှိတဲ့ နောက်ဆုံးပေါ် AI စနစ်သုံး နည်းပညာမြင့်လုပ်ဆောင်ချက်တွေကိုလည်း Galaxy S24 FE မှာ ထည့်သွင်းပေး ထားပါတယ်။
အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ဂိမ်းကစားမှု အတွေ့အကြုံ 
Galaxy S24 FE မှာ ထည့်သွင်းပေးထားတဲ့ Exynos 2400 series chipset နဲ့ Ray Tracing လို နောက်ဆုံးပေါ် လုပ်ဆောင်ချက် တွေကြောင့် Galaxy S24 FE မှာ သူမတူတဲ့ ဂိမ်းကစားမှု အတွေ့အကြုံကို အပြည့်အဝခံစားရစေနိုင်မှာ ဖြစ်ပါတယ်။ ၁.၁ ဆ ပိုကြီးတဲ့ Vapor Chamber က အပူကို အကောင်းဆုံးလျှော့ချပေးနိုင်ပြီး နဲ့  4,700mAh ဘက်ထရီ ပါဝင်လာတာကြောင့် စိတ်ပူစရာမရှိဘဲ နာရီပေါင်းများစွာ စွမ်းဆောင်ရည်မြင့် ဂိမ်းများကို ကစားနိုင်မှာ ဖြစ်ပါတယ်။ ၆.၇ လက်မရှိ Adaptive Dynamic AMOLED 2X မျက်နှာပြင် နဲ့ 120Hz refresh rate က အလွန် ကြည်လင်ချောမွေ့တဲ့ ကြည့်ရှုမှု နဲ့ သုံးစွဲမှု အတွေ့အကြုံကို ရစေနိုင်မှာဖြစ်ပြီး Vision Booster ကလည်း စူးရှတဲ့ နေရောင်အောက်မှာ ဖုန်းအသုံးပြုရင်တောင် မျက်နှာပြင်မှာပေါ်မှာ ပြသပေးနေသမျှ ကို ကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်စေပြီး အရောင်များပါ စိုပြည်တောက်ပအောင် ထိန်းညှိ လုပ်ဆောင်ပေးနိုင်ဦးမှာပါ။
 
Image: Samsung
သူမတူတဲ့ စွမ်းဆောင်ရည်မြင့် Galaxy AI သုံးစွဲမှုအတွေ့အကြုံများ
Galaxy S24 FE မှာ Galaxy S24 Series စမတ်ဖုန်းတွေမှ စတင်ပါဝင်ခဲ့တဲ့ အဆင့်မြင့် AI လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး လုပ်ငန်းဆောင်တာတွေကို လွယ်ကူအောင်လုပ်ပေးတဲ့အပြင် ဆက်သွယ်ရေးနဲ့ ချိတ်ဆက်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ “Circle to Search with Google” လုပ်ဆောင်ချက် ဟာ Home Button ကို အနည်းငယ်ကြာအောင်နှိပ်ပြီး သိလိုတဲ့ အချက်အလက်ကို ဝိုင်းရုံနှင့် ရလဒ်တွေကို အလွယ်တကူ ရှာဖွေစေနိုင်ပြီး၊ “Interpreter” လုပ်ဆောင်ချက်က မတူညီတဲ့ ဘာသာစကားနဲ့ စကားပြောဆိုမှုတွေကို အချိန်နဲ့တပြေးညီ တိုက်ရိုက်ဘာသာပြန်ပေးနိုင်ပါတယ်။ “Live Translate” လုပ်ဆောင်ချက် ကတော့ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ဖုန်းပြောဆိုချိန်တွေနဲ့ လူချင်းတွေ့ဆုံစကားပြောချိန်မှာလည်း အချိန်နဲ့တပြေးညီ အတားအဆီး မရှိ ဘာသာပြန်ဆိုပေးနိုင်မှာဖြစ်ပြီး အချို့သော Third-party App တွေမှာလည်း လွယ်ကူစွာအသုံးပြုနိုင်စေပါတယ်။ Samsung Keyboard ရဲ့ “Composer” လုပ်ဆောင်ချက်က Email နဲ့ သတ်မှတ်ထားတဲ့ Social Media App တွေမှာ အသုံးပြုဖို့ စာသားတွေကို မိမိထည့်သွင်းလိုက်တဲ့ ရိုးရှင်းတဲ့ Keywords စာသားတွေအပေါ် အခြေခံကာ ကူညီအကြံပြုပေးနိုင်မှာ ဖြစ်ပြီး၊ “Note Assist” ကတော့ မှတ်စုများ စနစ်တကျမှတ်သားနိုင်စေမယ့် လုပ်ဆောင်ချက်တွေအပြင်၊ ဘာသာပြန်မှုတွေကို ကူညီပေးသလို၊ အသံဖိုင်များကိုလည်း စာအဖြစ်ပြောင်းလဲပြီး မှတ်စုထုတ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် PDF အတွင်းရှိ စာတွေကို ဘာသာပြန်ထည့်သွင်းပေးနိုင် တဲ့ PDF overlay translation လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဦးမှာပါ။
“Galaxy AI ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေက အသုံးပြုသူတွေအတွက် ဘယ်လောက်ထိ အသုံးဝင်ပြီး အကျိုးရှိစေလဲဆိုတာကို ကျွန်တော်တို့ ဝမ်းမြောက်စွာနဲ့ တွေ့မြင်နေရပါတယ်။ အဲ့တာကြောင့် Galaxy AI ကို အပြည့်အဝအသုံးချနိုင်စေပြီး ကျွန်တော်တို့ Samsung ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S24 Series ရဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေကို ပိုများတဲ့ သုံးစွဲသူတွေရဲ့ လက်ထဲရောက်ရှိအောင် ကြိုးပမ်းချင်ခဲ့တာဖြစ်ပါတယ်။ အဲ့တာကြောင့်လည်း ပိုမိုစျေးသက်သာပြီး စွမ်းဆောင်ရည်မြင့်တဲ့ Galaxy S24 FE ကို ယူဆောင်လာခဲ့တာဖြစ်ပြီး Samsung ချစ်သူတွေအနေနဲ့လည်း နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်သူ ကို တင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။
 
Image: Samsung
Galaxy S24 FE (8/256GB) ကို အခုအချိန်မှာတော့ ၃,၉၁၉,၀၀၀ ကျပ် နဲ့ အတန်ဆုံး ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အောက်ပါ အကျိူးခံစားခွင့်တွေကိုလည်း ခံစားရရှိနိုင်မှာပါ။
  • လက်ကျန်ပစ္စည်းရှိသလောက် လက်ဆောင်ပေးသွားမယ့် Original Silicone Case နဲ့
  • Galaxy Watch7 နဲ့ Galaxy Buds3 ဝယ်ယူမှုအတွက် ၂၀ % Discount ကို ရရှိနိုင်မှာဖြစ်ပါတယ်။
  • ATOM နဲ့ Ooredoo အသုံးပြုသူတွေ အနေနဲ့လည်း Operator Bundle Benefit တွေပါ ထပ်မံရယူနိုင်ဦးမှာဖြစ်ပြီး၊
  • မိမိရဲ့ ဖုန်းလက်ရှိဖုန်း နဲ့ Trade-in ပြုလုပ်ပြီး လဲလှယ်ဝယ်ယူချင်ရင်တော့ ဖုန်းအဟောင်းတန်ဖိုးအပြင် Trade-in Discount အနေနဲ့ ၃ သိန်းကျပ်အထိသက်သာခွင့်ရသွားနိင်ဦးမှာပါ။
  • AYA Pay နဲ့ချိတ်ဆက်မှာယူမယ်ဆိုရင်တော့ Down Payment လုံးဝ ပေးသွင်းစရာမလိုဘဲ “၉” လ အရစ်ကျစနစ်နဲနဲ့ ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။
  • Samsung Care+ ဝန်ဆောင်မှုနဲ့လည်း ကာကွယ်ပေးထားတာဖြစ်လို့ မတော်တဆဖြစ်ပြီး ဖုန်းအနောက်မျက်နှာပြင်ပျက်စီးခြင်းအတွက် လက်ခနဲ့ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင်ပျက်စီးခြင်းအတွက် လက်ခနဲ့ပစ္စည်းတန်ဖိုး ၇၀ % သက်သာခွင့်တွေကို ဝယ်ယူတဲ့နေ့မှ ၁၈ လအတွင်း ၁ ကြိမ် ခံစားခွင့် ရရှိနိုင်တာဖြစ်လို့ အဆိုပါပျက်စီးမူတွေအတွက် စိတ်ပူစရာမလိုဘဲ အသုံးလို့လို့ရနိုင်စေဦးမှာပါ။
Galaxy S24 FE ကို နီးစပ်ရာ Samsung Showroom နဲ့ အ​ရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်