ကျောင်းသုံးရုံးသုံးအတွက် အဆင်ပြေလွယ်ကူစေတဲ့ Smart Myanmar Notebook

ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုပြောပါဆိုရင် သုံးမကုန်တဲ့အရာတွေရချင်တယ်။ ပိုက်ဆံလည်းမကုန်တော့ဘူး။ သဘာဝပတ်ဝန်း ကျင်ကိုလည်းအကျိုးပြုတယ်။ ဒီလိုဆန္ဒရှိတဲ့သူတွေရှိတဲ့သူတွေအတွက်။အဲ့ဒီဆန္ဒတွေကိုဖြည့်ဆည်းပေးမယ့် Smart Myanmar Notebook ကအကောင်းမွန်ဆုံးပါပဲ။
ရုံးသုံး၊ ကျောင်းသုံး ခဏခဏ ပြန်သုံးလို့ရမယ့် SmartMyanmar Notebook ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ရုံးတက်နေတဲ့ သူတွေပဲသုံးမလား။ ကျောင်းသား၊ကျောင်းသူတွေပဲသုံးမလား။ ကြိုက်တဲ့သူသုံး တစ်ခါဝယ်ယူပြီးရုံနဲ့တစ်သက်တာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ SmartMyanmar ရဲ့Notebook ဆိုတာက သာမန် Notebook တွေနဲ့လုံးဝမတူပါဘူး။ တစ်ခါဝယ်ယူရုံနဲ့ တစ်သက်တာထပ်တလဲလဲပြန်အသုံးပြုနိုင်တဲ့ Smart Notebook ဖြစ်ပါတယ်။
SmartMyanmar Notebook မှာပါတဲ့ ဘောပင် သို့မဟုတ် ခဲဖျက်နဲ့ပြန်ဖျက်နိုင်တဲ့မည်သည့်ဘောပင် အမျိုးအစားနဲ့မဆိုရေး နိုင်ပါတယ်။ သာမန်ဘော့ပင်တွေနဲ့မရေးဖို့ကိုတော့သတိပြုပေးရပါမယ်။ ဘာလို့ သာမန်ဘောပင်နဲ့မရေးခိုင်းရတာလဲဆိုရင် SmartMyanmar Notebook ရဲ့အားသာချက်က ရေးထားတဲ့စာတွေကိုရေအနည်းငယ်စွတ်၍ စာအုပ်ဝယ်တုန်း ကပါတဲ့အဝတ်စနဲ့ဖျက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ သာမန် ဘောပင်နဲ့ရေးလိုက်ရင်ဒီလိုပြန်ဖျက်နိုင်မှာမဟုတ်ပါဘူး။ ဖျက်လိုက်ရင်လည်းကိုယ်မှတ်ထားတဲ့အချက်အလက်တွေ၊ Notes တွေပျက်ကုန်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ 

Photo source https://bit.ly/2ONlBiR
SmartMyanmar ရဲ့ Notebook မှာရေးသားထားတဲ့စာတွေကို မည်သည့် Scanner applicationနှင့်မဆို Scan ပြုလုပ်၍ မိမိဖုန်းထဲမှာဖြစ်စေ၊ Google Drive မှာဖြစ်စေ၊ မိမိကြိုက်နှစ်သက်တဲ့နေရာမှာ Digital File/Photo တွေအဖြစ်သိမ်းဆည်းပြီးမှ ဖျက်လို့ရတာကြောင့် အဆင်ပြေပါတယ်။ Notebook ဝယ်ယူသူတိုင်းကို Scanner သုံးနည်း Video တွေ၊ Instruction တွေကိုလည်း စနစ်တကျမျှဝေပေးသွားမှာလည်းဖြစ်ပါတယ်။
အခုခေတ်မှာ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတယ်ဆိုတာဂုဏ်ယူစရာအချက်ပါ။ SmartMyanmar ရဲ့အဓိကရည်ရွယ် ချက်ကလည်း စက္ကူသုံးစွဲမှုလျှော့ချပြီး သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက်အကျိုးပြုချင်တာဖြစ်ပါတယ်။ လူတိုင်းသာဒီလိုပြန်လည်အသုံးပြုနိုင်တဲ့ Notebook တွေအသုံးများလာမယ်ဆိုရင် ကမ္ဘာကြီးကဒီထက်ပိုပြီးလှပလာစေမှာပါ။
ထပ်မံသိရှိလိုသော အချက်အလက်များအတွက် အောက်ပါလင့်ခ်မှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3cWj6Tj