GitHub ကိုစတင်အသုံးပြုခြင်း

GitHub ဆိုတာကတော့ ကမ္ဘာ့အကြီးဆုံး Developer အသိုက်အဝန်းတစ်ခု ဖြစ်ပါတယ်။ Developer တွေကိုပူးပေါင်းဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးတဲ့ ရှုပ်ထွေးတဲ့ အသိုက်အဝန်း ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ Development Team တွေအတွက် Project တစ်ခုကိုအတူတူပြုလုပ်နိုင်ပြီးတော့ လွယ်လွယ်ကူကူ လက်ရှိဗားရှင်းကို မထိခိုက်စေဘဲနဲ့ ဗားရှင်း အသစ် တွေကိုလည်း ဖန်တီးနိုင်တဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ GitHub မှာအများအပြားရှိပါတယ်။

GitHub ကအသုံးပြုရရှုပ်ထွေးပေမယ့် အခြေခံလုပ်ဆောင်ချက်လေးတွေကို နားလည်တယ်ဆိုရင်တော့ အသုံးပြုရ လွယ်ကူ ပါတယ်။ GitHub ကိုအသုံးပြုဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို လုပ်ဖို့တော့လိုအပ်ပါတယ်။ 

Photo source https://github.com/

(၁) Sign Up လုပ်ခြင်း

GitHub ကိုအသုံးပြုဖို့အတွက် GitHub အကောင့်ရှိဖို့တော့လိုအပ်ပါတယ်။ GitHub အကောင့်ကိုအလွယ်တကူဖွင့်နိုင်ပြီးတော့ ချက်ချင်း အသုံးပြုလို့ရပါတယ်။ အခမဲ့အသုံးပြုတဲ့ အကောင့်ဆိုရင်တော့ public နဲ့ private repositories ဆိုပြီးတော့ သိမ်းဆည်းလို့ရမယ့်နေရာတွေ ရရှိမှာ ဖြစ်ပါတယ်။ အပြစ်ရှာတာနဲ့ Project စီမံခန့်ခွဲတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါသေးတယ်။

(၂) Git ကို Install လုပ်ခြင်း

GitHub ကိုတော့ Git နဲ့အသုံးပြုမှာ ဖြစ်ပါတယ်။ Git ဆိုတာကတော့ Programming icon တစ်ခုဖြစ်တဲ့ Linus Torvald ဖန်တီးခဲ့တဲ့ version-control စနစ်တစ်ခု ဖြစ်ပါတယ်။ Linux Operation System ကိုဖန်တီးနေတဲ့အချိန်မှာပဲ Source Code ပြောင်းလဲမှုတွေကို ခြေရာခံဖို့အတွက် Git ကိုဆက်ပြီးဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Git အနေနဲ့ ရှုပ်ထွေးတဲ့ကုဒ်တွေနဲ့ Development Project တွေကို Programmer တွေအတူပူးပေါင်းလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

(၃) Repository တစ်ခုဖန်တီးခြင်း

GitHub ကိုအသုံးပြုလုပ်ကိုင်ဖို့ဆိုရင် Repository တစ်ခုကိုစတင်အသုံးပြုရမလဲ သိဖို့လိုပါတယ်။ Repository (Repo) ဆိုတာ ကတော့ Project ဆိုတဲ့စကားလုံးနဲ့ အဓိပ္ပာယ်တူပါတယ်။ ရှင်းရှင်းပြောရရင် Repository ဆိုတာကတော့ ဖိုင်တွေ၊ ဓာတ်ပုံတွေ၊ စီမံကိန်းတွေ၊ အချက်အလက်တွေနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းပေးတာဖြစ်ပါတယ်။

Repository တစ်ခုဖန်တီးဖို့အတွက် ညာဘက်အပေါ်ထောင့်က “New Repository” ကိုနှိပ်ပါ။ နာမည်သတ်မှတ်ပြီးတာနဲ့ ဖော်ပြချက် တွေကို အတိုချုပ်ပြီးတော့ “initialize this repository with a README” ကိုပြုလုပ်နိုင်ပါတယ်။ ပြီးတာနဲ့ “Create Repository” ကိုနှိပ်နိုင်ပါပြီ။ 

Photo source https://github.com/

(၄) Branch တစ်ခုဖန်တီးခြင်း

Project တွေမှာမျိုးစုံပါဝင်နေပြီးတော့ တည်ဆောက်တဲ့အခါ ဗားရှင်းတွေအများကြီး လိုအပ်ပါတယ်။ Branching တွေဟာ မတူ ညီတဲ့ ဗားရှင်းအမျိုးမျိုးကို တစ်ခါထဲပြင်ဆင်နိုင်ပါတယ်။

GitHub မှာ Branch အသစ်တစ်ခုဖန်တီးဖို့အတွက် Repository ကိုသွားပါ။ Branch Master ကိုနှိပ်ပါ။ (READEMAE-edits) ဆိုပြီး branch name ကိုရေးပါ။ create branch ကိုနှိပ်ပြီးစတင်အသုံးပြုနိုင်ပါပြီ။

(၅) Pull Request ဖွင့်ခြင်း

Pull Request ကိုဖွင့်ဖို့အတွက် “Pull Request” Tab ကိုသွားပါ။ “New Pull Request” ကိုနှိပ်ပါ။ “Example Comparisons” ကိုရွေးပြီးတော့ ကိုယ်ပြုလုပ်ပေးချင်တဲ့ Branch ကိုရွေးချယ်ပါ။ ပြောင်းလဲမှုတွေကို သေချာသွားတဲ့အခါ “Create Pull Request” ကိုနှိပ်ပါ။ Pull Request ကိုခေါင်းစဉ်တပ်ပေးပြီးတော့ ပြောင်းလဲမှုတွေကို အတိုချုန်းဖော်ပြေပါ။ အဆုံးသတ်ဖို့အတွက် “Create Pull Request” ကိုနှိပ်ပါ။

(၆) Pull Request ကိုပေါင်းခြင်း

Pull Request တွေကို Master Branch နဲ့ပေါင်းစပ်တာကတော့ ကိုယ့်ထက်ရာထူးပိုကြီးတဲ့သူက လုပ်သင့်ပါတယ်။ လေ့လာသင်ယူဖို့အတွက် ကိုယ်တိုင်လေ့လာပြီးတော့လည်း လုပ်နိုင်ပါသေးတယ်။ “Merge Pull Request” ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။ “Confirm Merge” ကိုရွေးပြီးတော့ Master နဲ့ပေါင်းစပ်လိုက်တဲ့ branch ကိုဖျက်လိုက်လို့ရပါပြီ။