OK Dollor Face Pay အသုံးပြုသူများ နေ့စဉ်ငွေကျပ် တစ်သိန်းအထိကံထူးနိုင်

OK Dollor ၏ Face Pay ပရိုမိုးရှင်းအနေဖြင့် Face Pay အသုံးပြုသူများအတွက် နေ့စဉ်ငွေကျပ် တစ်သိန်းအထိကံထူးနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါအစီအစဉ်တွင် အခြားအထွေအထူးလုပ်စရာမလိုဘဲ ချစ်ခင်သူတွေဆီ Face Pay နဲ့ ငွေလွှဲရုံ ဖြင့် အပတ်စဉ်ဆုကြေးလေးတွေကို ရယူနိုင်မည်လည်းဖြစ်သည်။ Face Pay ဖြင့်ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်ချက်များသည် ပိုမိုမြန်ဆန်စေပြီး မျက်နှာလေးဘေးနှစ်ဖက်အပေါ်အောက် လှည့်ပြလိုက်ရုံနဲ့ ထုတ်ယူနိုင်သည့် အစီအစဉ်တစ်ရပ်လည်းဖြစ် သည်။
OK Dollar သည် မိုဘိုင်းဖုန်းဖြင့် တိကျမှန်ကန် လျှင်မြန်စိတ်ချစွာဖြင့် အလွယ်တကူငွေပေး၊ ငွေချေမှု ပြုလုပ်နိုင်သောဖုန်းဖြင့် ငွေပို့စနစ် တစ်ခုဖြစ်လည်းသည်။ မိမိဖုန်းနှင့်အခြားဖုန်းငွေဖြည့်ခြင်း ၊ DTH ရုပ်သံလိုင်းဘီလ်ပေးဆောင်ခြင်း၊ ရုပ်ရှင် လတ်မှတ်ဝယ်ခြင်း၊ သူငယ်ချင်းနှင့်မိတ်ဆွေများအား ငွေလွှဲပေးခြင်း စသည်တို့ကို OK $ Application ကိုအသုံးပြု၍ အလွယ်တကူလုပ် ဆောင်နိုင်ပါသည်။ OK$ ဖြင့် ဖုန်းငွေဖြည့်ရာတွင် လည်း မြန်မာနိုင်ငံတွင်ရှိသည့် မည်သည့်Operator မဆိုဖုန်းငွေဖြည့်နိုင်ပါသည်။

Photo Source – https://www.facebook.com/okdollarapp/

ငွေပေး ၊ ငွေချေ သည့်လုပ်ဆောင်ချက်ကို အသုံးပြု၍ ဈေးဆိုင်ပိုင်ရှင်များနှင့်ကုန်သည်များ ငွေပေး၊ငွေချေမှုများကို အလွယ် တကူလုပ်ဆောင်နိုင်ပြီး အချိန်ကုန်သက်သာစေမည်ဖြစ်သည်။ ငွေပေးချေမည့် OK $ အကောင့်ဖွင့်ထားသည့် ဖုန်းနံပါတ် ရိုက်ထည့်ပါ။ ပေးချေမည့် ငွေပမာဏ ရိုက်ထည့်ပါ။ စာတိုမှတ်ချက်ရိုက်ထည့်ပြီး ပေးပို့ကိုနှိပ်ပါ၊ ငွေပေးချေမှု လက်ခံပြေစာ ထွက်လာပါက လုပ်ဆောင်ပြီးမြောက်ပါသည်။ QR ကုဒ်ကို Scan ဖတ်ပြီး ငွေပေး၊ငွေချေမှု ပြုလုပ်ပါက အချိန်ကုန် သက်သာစေပြီး အလွယ်တကူငွေပေးချေးမှုများကို ထပ်မံလုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။
OK $ သည်ဘီလ်ပေးချေမှုများအနေဖြင့် တိုးဂိတ်၊ ဝင်ကြေး၊ ကားပါကင်၊ ဓါတ်ဆီဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဆိုင်၊ စူပါမားကတ်၊ သင်္ဘော၊ ရထား၊ ဘတ်စ်ကား၊ အဝေးပြေးကား လက်မှတ်၊ လေယာဉ် တို့ကိုလဲ OK $ ဖြင့်ငွေပေး၊ငွေချေမှုများ လုပ်ဆောင်နိုင်ပါသည်။ ကုန်သည်ဖုန်းနံပါတ်၊ ငွေပမာဏ၊ စာတိုမှတ်ချက် တို့ကိုရိုက်ထည့်ပြီး ပေးပို့ ကိုနှိပ်ပါ။ လွယ်ကူပြီး မြန်ဆန်သည့် ငွေပေးချေမှု တစ်ခုကို လုပ်ဆောင်ပြီးမြောက်စေနိုင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/okdollarapp/

ပရိုမိုးရှင်းများအနေဖြင့်လည်း အနီးအနားတွင်ရှိ ပရိုမိုးရှင်းအချက်အလက်နှင့်ပက်သက်သည့် တည်နေရာကိုသိလိုပါက ပရိုမိုးရှင်း ကိုနှိပ်ပါ။ ကုန်သည်များ၏နာမည်စာရင်းအလိုက် ပရိုမိုးရှင်းအစီအစဉ်များကို ဖော်ပြထားပြီး မိမိကြိုက်နှစ်သက်ရာ ပရိုမိုးရှင်းအစီအစဉ်ကို ရွေးချယ်နိုင်မည်လည်းဖြစ်သည်။
ကမ်းလှမ်းချက်များအနေဖြင့် OK $ အကောင့်ဖွင့်ထားသူများအားလုံး အသုံးပြုနိုင်ရန် အထူးကမ်းလှမ်းချက် ပရိုမိုးရှင်းကုဒ် များကို ကြော်ငြာပေးထားမည်ဖြစ်သည်။ ငွေပေးချေမှု အမျိုးအစားတစ်ခုချင်းစီ အတွက် အထူးကမ်းလှမ်းချက်များရှိပါသည်။ ပရိုမိုးရှင်းကုဒ်ကိုအသုံးပြု၍ လွယ်ကူစွာငွေပေးချေမှုများ ပြုလုပ်နိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/okdollarapp/

OK $ အကောင့်ထဲသို့ငွေသွင်းခြင်းအနေဖြင့် OK $ အကောင့်ထဲတွင် ငွေလက်ကျန်လျော့နည်းနေပါက အချိန်မရွေး သင့်ဘဏ်အကောင့်ထဲမှတဆင့် OK $ အကောင့်ထဲသို့ငွေလွှဲပြောင်းနိုင်ပါသည်။ အကြွေးသုံးကဒ်၊ ငွေဖြည့်သုံးကဒ်၊ ဘဏ်အွန်လိုင်းငွေလွှဲပြောင်း၊ ဘဏ်ကောင်တာငွေသွင်း၊ OK $ အေးဂျင့်များမှတဆင့် မိမိ၏ OK $ အကောင့်ထဲ သို့ငွေလွှဲပြောင်းနိုင်မည်လည်းဖြစ်သည်။
OK$ application download ဆွဲကာ လုပ်ဆောင်ချက်များကို အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://bit.ly/2HU0Wot