Grab မှ အဆင့်မြင့် Premium ကားများနှင့် သယ်ယူပို့ဆောင်ရေးအတွက် Premium Rentals [Beta] ကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်

Grab မှ ခရီးသည်များအတွက် အဆင့်မြင့် Premium ကားများကို နာရီအလိုက်နှင့် တစ်နေ့တာလုံး ငှားရမ်း၍ ရန်ကုန်မြို့တွင်းရှိ နေရာအများအပြားကို တစ်ချိန်တည်းသွားရောက်နိုင်ရန်၊ လေဆိပ် အကြို၊အပို့နှင့် မိသားစုလိုက် မြို့ပြင် ခရီးထွက်ရန် စသည်ဖြင့် မိမိတို့လိုအပ်သလို စီစဉ်အသုံးပြုနိုင်သော Premium Rentals [Beta] ဝန်ဆောင်မှုတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင်းအပါအဝင် လေဆိပ် အကြို၊ အပို့၊ မြို့ပြင်ခရီး သွားလာနိုင်ရန်အတွက် (၇) ယောက်စီး Toyota Alphard ဗန်ကားများကို ခရီးသည်များသွားရောက်လိုသော အစီအစဉ်အတိုင်း နာရီအလိုက်နှင့်တစ်နေ့တာလုံး လိုအပ်သလို ငှားရမ်း အသုံးပြုနိုင်မည့် ဝန်ဆောင်မှုတစ်ရပ်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/GrabMM

အဆိုပါဝန်ဆောင်မှုမိတ်ဆက်ရခြင်းရည်ရွယ်ချက်မှာလည်း အလုပ်ကိစ္စနှင့်မိသားစုအပန်းဖြေခရီးသွားရန် ကျွမ်းကျင်ယာဉ် မောင်းများနှင့်အဆင့်မြင့် premium ဝန်ဆောင်မှု ပါဝင်သည့်ကားများ ငှားရမ်းအသုံးပြုလိုကြောင်း တောင်းဆိုနေကြသူများ အတွက် ဈေးကွက်အတွင်း လိုအပ်နေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးခြင်း၊ လက်ရှိ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၏ စံချိန်စံနှုန်းကို မြင့်မားလာစေပြီး ရန်ကုန်မြို့တွင်း ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရေး အထောက် အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်းလည်းသိရသည်။
Grab အသုံးပြုသူများမှာ Premium Rentals [Beta] ဝန်ဆောင်မှုကို Grab အက်ပလီကေးရှင်းထဲရှိ “Rentals” လုပ်ဆောင်မှုမှတစ်ဆင့် အလွယ်တကူရယူနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသစ်တွင် ကျွမ်းကျင်ယာဉ်မောင်းများနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များ ပါဝင်သော သန့်ရှင်းကျယ်ဝန်းသည့် (၇) ယောက်စီး Toyota Alphards များကို နာရီအလိုက် packages များဖြင့် ငှားရမ်းနိုင်ပြီး မိမိ အသုံးပြုသည့် အချိန်အတွင်း ရပ်နားသည့်နေရာအရေအတွက်၊ ခရီးအကွာအဝေးနှင့် သွားရောက်လိုသည့်မြို့နယ်များကို အကန့်အသတ်မရှိ သွားရောက်နိုင်မည် ဖြစ်သည်။

Photo Source – https://www.facebook.com/GrabMM

Grab App အသုံးပြုခရီးသည်များအနေဖြင့်လည်း မိမိတို့သွားလိုသည့် ခရီးလမ်းကြောင်းအတွက် ခရီးသွားလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများကို ရက်အနည်းငယ် ကြိုတင်ငှားရမ်းရမည့်အစား Premium Rentals [Beta] ဖြင့် Grab အက်ပလီကေးရှင်းမှတစ်ဆင့် လိုအပ်သည့်အချိန်တွင် ဘွတ်ကင်တင်နိုင်ပြီး ပိုမိုများပြားသော အကျိုးခံစားခွင့်များနှင့်အတူ သာလွန်ကောင်းမွန်သော ခရီးစဉ်အတွေ့အကြုံတစ်ခုကို ရရှိနိုင်မည် ဖြစ်သည်။
“Grab ကို ပုံမှန်သုံးတဲ့ ခရီးသည်တွေဆီကနေရတဲ့ အကြံပြုချက်တွေအရ စီးပွားရေးအချက်အချာကျတဲ့မြို့တော်ကြီးမှာ လုပ်ငန်းရှင်တွေ၊ မိသားစုတွေနဲ့ ခရီးသွားဧည့်သည်တွေ နေ့စဉ်သွားလာတဲ့အခါ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကျော် လွှားနိုင်အောင် Premium Rentals [Beta] လိုမျိုး ကိုယ့်အစီအစဉ်အတိုင်း လိုအပ်သလို သွားလာနိုင်တဲ့ ဝန်ဆောင်မှု တစ်ခုကို တောင်းဆိုလာကြတာတွေ့ခဲ့ရပါတယ်။ Premium Rentals [Beta] ဆိုတာ လူတိုင်း ကိုယ်လိုအပ်တဲ့အချိန် စိတ်တိုင်းကျ ဝန်ဆောင်မှုရယူနိုင်အောင် ပြုလုပ်ပေးထားတာပါ။ မိဘတွေအတွက် ဆွေမျိုးတွေနဲ့အတူ အတူတူ မင်္ဂလာပွဲသွားဖို့ စီစဉ်ပေးတာ၊ လုပ်ငန်းရှင်တွေဆိုရင်လည်း သီလဝါအထူးစီးပွားရေးဇုန်လိုမျိုး နေရာတွေကိုသွားဖို့ စတာတွေ ကနေ မိသားစုလိုက် တစ်ရက်လုံးအချိန်ယူပြီး ဈေးဝယ်ထွက်တာ၊ အပျော်ခရီးထွက်တာတွေ လုပ်လို့ရပါတယ်။ ကျွန်မတို့ရဲ့ Premium Rentals [Beta] ဝန်ဆောင်မှုကို လိုင်စင်ရခရီးသွားလုပ်ငန်း မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးထားတာဖြစ်ပြီး သူတို့တွေအတွက် ဘွတ်ကင်တွေပိုရအောင်ရှာပေးနိုင်တဲ့အတွက် သူတို့ကားတွေကို အကျိုးရှိရှိ အသုံးပြုပြီး ဝင်ငွေအခွင့်အလမ်းသစ်တွေ ရရှိလာနိုင်မှာဖြစ်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောကြားသည်။

Photo Source – https://www.facebook.com/GrabMM

Grab Premium Rentals [Beta] ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် နာရီအလိုက်နှင့် တစ်နေ့တာ packages များကို Grab အက်ပလီကေးရှင်း မှတစ်ဆင့် အဆင်ပြေပြေသက်သောင့်သက်သာ ဘွတ်ကင်တင်နိုင်သလို မြို့ပြင်ခရီး packages များအဖြစ် ၁ ရက်၊ ၂ ရက်၊ ၃ ရက် ခရီးတိုလေးများအား ကြိုတင်သိရှိနိုင်သော ပုံသေ ဈေးနှုန်းဖြင့် ၀၉၉၇ ၇၄၇ ၈၇၈၇ သို့ ဆက်သွယ်ပြီး ငှားရမ်းနိုင်မည်လည်းဖြစ်သည်။ App ထဲတွင် ဖော်ပြထားသည့် ဈေးနှုန်းတွင် အများဆုံး ခရီးသည် (၇) ဦးအတွက် ဆီဖိုး၊ ယာဉ်မောင်း စရိတ်နှင့်တစ်ကိုယ်ရေ ထိခိုက်မှုအာမခံတို့ပါရှိပြီး တိုးဂိတ်ကြေးနှင့် ကားပါကင်ကြေးများ မပါဝင်ကြောင်းလည်းသိရသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းများရှိ အင်္ဂလိပ်စကားပြောနိုင်သော ကျွမ်းကျင်ကားဆရာများမှ မောင်းနှင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ခရီးသည်များအတွက် လိုအပ်သည့် အကူအညီပေးနိုင်ရန် ၂၄ နာရီ ဝန်ဆောင်မှု ပေးလျက်ရှိသည့် Grab customer support စင်တာလည်း ထားရှိပေးထားမည်ဖြစ်သည်။

Photo Source – https://www.facebook.com/GrabMM

Premium Rentals [Beta] မှ နာရီအလိုက် packages များနှင့်မြို့ပြင်ခရီး packages များ စသည်ဖြင့် packages အမျိုးအစားနှစ်ခု ပေးအပ်ထားပြီး စမ်းသပ်ဝန်ဆောင်မှုပေးသည့် ကာလတွင် ရန်ကုန်မြို့နယ်များအတွင်း နံနက် ၆ နာရီမှ ည ၉ နာရီအထိ နာရီလိုက် packages များ ရယူပြီး သွားလာနိုင်မည် ဖြစ်ပါသည်။
စမ်းသပ်ဝန်ဆောင်မှုပေးသည့်ကာလအတွင်း ခရီးသည်များထံမှ ဝေဖန်အကြံပြုချက်များရယူပြီး ဝန်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လအနည်းငယ်အတွင်း ခရီးသည်များအတွက် Grab အက်ပလီကေးရှင်းမှတစ်ဆင့် အဆင့်မြင့် ဆလွန်းကား အမျိုးမျိုးအား ဘွတ်ကင်ရယူနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Grab Myanmar အကြောင်း အသေးစိတ် ပိုမိုသိရှိလိုပါက အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.grab.com
https://www.facebook.com/GrabMM