အချိန်တိုအတွင်း အစားအစာစုံလင်စွာမှာယူနိုင်တဲ့ Food Panda Myanmar

အစားအသောက်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ foodie လေးတွေအတွက်တော့ ရန်ကုန်မြို့ထဲက အစား အသောက်ကောင်းကောင်းတွေကို အချိန်ကုန်လူအပင်ပန်းမခံပဲ မှာယူစားသောက်နိုင်ဖို့ အရေးကြီးပါတယ်။ မိမိနေထိုင်တဲ့ နေရာရဲ့ အနီးစပ်ဆုံးစားသောက်ဆိုင်တွေက အစားအသောက်တွေကို ဖုန်းလေးသုံးပြီး မှာယူစားသောက်နိုင်တဲ့ အခွင့်အရေး တစ်ရပ်ထွက်ပေါ်လာပြီလည်းဖြစ်ပါတယ်။
ကိုယ်စားချင်တဲ့ ချည်ချည်၊ ငံငံ၊ စပ်စပ် အစားအသောက်တစ်ခုမှာတယ်ဆိုရင်လည်း အရသာရှိရှိနဲ့ ကိုယ်တိုင်စိတ်တိုင်းကျဖြစ် ဖို့အဓိကကျပါတယ်။ တခါတလေ အရသာရှိတဲ့အစားအသောက်တွေကိုလည်းစားချင်တယ် သွားဝယ်စားဖို့အချိန်က လည်းမရှိဘူးဖြစ်နေတတ်ကြပါတယ်။ ဒီအတွက် foodpanda အစားအသောက် အိမ်အရောက်ပို့ဆောင်ရေးဆိုတာရှိပါတယ်။ မိတ်ဆွေရဲ့ စိတ်ကြိုက်စားသောက်ဆိုင်ကနေကိုယ်စားချင်တဲ့ အစားအသောက်ကိုမှာယူလိုက်တာနဲ့ အရသာရှိတဲ့ အစား အသောက်တွေကိုစားသောက်နိုင်ဖို့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/foodpandamyanmar/

ကမ္ဘာတစ်လွှားကအစားအသောက်ကောင်းတွေကို စားသောက်နိုင်ဖို့အတွက် စားသုံးသူတွေရဲ့ဆန္ဒကို Foodpanda ကဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ခုမှ မီးဖိုကထုတ်လာတဲ့ ပီဇာပူပူလေးကိုစားချင်တာလား။ ရိုးရိုးဘာဂါတစ်လုံး စားချင်တာလား။ အရမ်းကိုလတ်ဆတ်တဲ့ ဆူရှီကိုပဲစားချင်တာလား။ မြို့ထဲမှာရှိသမျှ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဆိုင်တိုင်းကို Food Panda ကသိရှိချိတ်ဆက်ပြီးလည်းဖြစ်ပါတယ်။
foodpanda ဆိုတာကတော့ အိမ်တိုင်ရာရောက် အစားအသောက်ပို့ဆောင်ရေး အကောင်းဆုံးထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ။ ဒီတော့တစ်ချက်လောက်စမ်းကြည့်လိုက်ရအောင်။ foodpanda နဲ့မှာယူပြီးရင် ဘာတွေလုပ်ရမလဲမှာ ယူသူတွေအနေနဲ့ စိတ်ကူးယဉ်ပြီးတော့ အရသာရှိတဲ့ အီတလီအစားအသောက်တွေအိမ်မက်တွေထဲက ဘာဂါတွေကို စားနေစရာမလိုတော့ပါဘူး။ ပို့ဆောင်သူတွေအနေနဲ့ စားသုံးသူတွေရဲ့ အိမ်ရှေ့တံခါးအရောက် လာရောက်ပို့ဆာင်ပေးမှာ ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/foodpandamyanmar/

ကိုယ့်ရဲ့အိမ်လိပ်စာရုံးလိပ်စာကို မှန်ကန်စွာရိုက်နှိပ်လိုက်ပါ။ ကိုယ်ကြိုက်တဲ့ စားသောက်ဆိုင်ကိုရွေးချယ်ပြီးမှာ ယူနိုင်ပါ တယ်။ အစားအသောက်တွေကိုပြင်ဆင်ပြီးလို့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ foodpanda ရဲ့ပို့ဆောင်ရေးသမားတွေက အိမ်အရောက်လာရောက် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ မှာယူသူအနေနဲ့ စောင့်ကြည့်ချင်တယ်ဆိုရင်လည်း ပို့ဆောင်ရေး သမားတွေဘယ်နေရာမှာ ဘယ်လိုလာနေတယ်ဆိုတာကအစ ကြည့်ရှုနိုင်ပါသေးတယ်။
Food Panda မှာ အော်ဒါတင်ဖို့အတွက် လွယ်ကူတဲ့အချက်သုံးချက်ပဲရှိပါတယ်။ ပထမအဆင့်အနေနဲ့ Foodpanda App မှာ Log in ဝင်ပြီး ပို့ဆောင်ပေးရမယ့်လိပ်စာကို ထည့်သွင်းပေးရပါမယ်။ ဒုတိယအဆင့်အနေနဲ့ နှစ်သက်ရာစားသောက်ဆိုင်ကို ရွေးချယ်ပြီး သုံးဆောင်လိုသော မီနူးကို Cart ထဲသို့ ထည့်သွင်းရပါမယ်။ တတိယအဆင့်အနေနဲ့ကတော့ ငွေပေးချေတဲ့နည်း လမ်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Food Panda မှာအစားအသောက်တွေကိုပို့ဆောင်ပေးမယ့်အချိန်ကတော့ မနက် ၈ နာရီ ကနေ ည ၁၀ နာရီအထိပဲဖြစ်ပါတယ်။ ဘယ်လောက်ဖိုးပဲမှာမှာ ပို့ဆောင်ခအခမဲ့လည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/foodpandamyanmar/

ပထမဆုံးအနေဲ့ food panda app ကို Install လုပ်ရပါမယ်။ Register လုပ်ပြီးလို့ Current location ကို နှိပ်လိုက်တာနဲ့ အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်လေးတွေကျလာမှာဖြစ်ပြီး မိမိစိတ်ကြိုက်အစားအစာတွေကို ရွေးချယ်မှာယူစား သောက်နိုင်မှာလည်းဖြစ်ပါတယ်။
Food Panda App ကိုအောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.global.foodpanda.android

https://www.facebook.com/foodpandamyanmar/