နည်းပညာပိုင်းဆိုင်ရာများဖလှယ်ပွဲတစ်ခုဖြစ်သည့် ၁၁ ကြိမ်မြောက် BarCamp Yangon 2020 ကျင်းပမည်

နိုင်ငံတကာ နည်းပညာလောကတွင် လွန်စွာနာမည်ကြီးပြီး ထိရောက်မှုရှိသောနည်းပညာဖလှယ်ပွဲတစ်ခုဖြစ်သည့် BarCamp Yangon 2020 ကို ‌ဖေ‌ဖော်ဝါရီလ ၁၅၊ ၁၆ ရက်များတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park မှာ ကျင်းပတော့ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကျင်းပရေးအတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ Central Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။
အဆိုပါ BarCamp သည် BarCamp ဆိုသည့်အတိုင်း မည်သူမဆို အခမဲ့တက်ရောက်ဝေမျှနိုင်မည်လည်းဖြစ်သည်။ BarCamp Yangon သည် အာရှတွင်သာမက တစ်ကမ္ဘာလုံးတွင် ဆယ်ကြိမ်တိတိအကြီးဆုံး BarCamp အဖြစ် စံချိန်တင် ထားခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လူငယ်များပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် နည်းပညာတက္ကသိုလ်နှင့်ကွန်ပျူတာ တက္ကသိုလ်များအပါအဝင် မြို့ပေါင်း ၁၅ မြို့တွင် BarCamp များကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
BarCamp များကို ၂၀၁၀ ခုနှစ်မှ စတင်ကာကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက ကျင်းပပြုလုပ်ခဲ့သော BarCamp များတွင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ပါဝင်ဆင်နွှဲသူ သုံးထောင် ကျော်ဖြင့် အများဆုံးစံချိန်တင်ခဲ့သော BarCamp Yangon 2010 ကို ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ် ကြောင်းလည်းသိရသည်။

Photo Source – https://facebook.com/barcampyangon

တက်ရောက်လိုသူများအနေဖြင့် BarCamp Yangon FB page နဲ့ website တို့အား ကြည့်ရှုပြီး မည်သည့်အစီအစဉ်သစ်များ ပါဝင်မည်ကိ သိလိုပါက follow လုပ်နေသင့်ကြောင်း ဒါ့အပြင် BarCamper တစ်ဦးအဖြစ် မှတ်ပုံတင်ပြီး လာရောက်ပါက အစစအရာရာပိုပြည့်စုံမှာ ဖြစ်တဲ့သည့်အတွက် Register Link တွင်ဝင်ရောက်စာရင်ပေးသွင်းထားသင့်ကြောင်းလည်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ဘားကမ့်ဆိုသည်မှာလည်း ပုံမှန်ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စသည်များကဲ့သို့ ကြိုတင်စီမံထားသည့် ခေါင်းစဉ်မျိုး မဟုတ်ဘဲ တက်ရောက်လာသူများမှ မိမိတို့ပြောပြချင်သည့် အကြောင်းအရာများကို တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် အများအပြားတင်ပြပေးနိုင်သော ဖန်တီးပေးမယ့် ပွဲတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
အစီအစဉ်အတိုင်း အချိန်နဲ့နေရာသတ်မှတ်ထားတဲ့နေရာများတွင် မတူညီတဲ့ အကြောင်းအရာများကို တစ်ပြိုင်တည်း ကျင်းပ ပေးမည်ဖြစ်ပြီး BarCamp ကို လာရောက်သူများမှလည်း တင်ပြပြောဆိုမှုတွေကို မိမိတို့စိတ်ဝင်စားရာ နေရာများမှာ လွတ်လပ်စွာ သွားရောက်နားထောင်၊ ပြန်လှန် ဆွေးနွေးမှုများကို ပြုလုပ်နိုင်မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

BarCamp စီစဉ်သူများမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်တဲ့အတွက် ဆွေးနွေးပွဲမှရရှိလာမယ့် ရလဒ်ကောင်းများကိုလည်း မိမိတို့ဘာသာ လွတ်လပ်စွာနှီးနှော ရယူနိုင်မည်လည်းဖြစ်သည်။ အဆိုပါ BarCamp သည် လူမှုရေး၊ စီးပွားရေး၊ နည်းပညာစသည့် ကဏ္ဍများစွာကို ပေါင်းကူးပေးတာ ဖြစ်သည့်အတွက် နည်းပညာရှိပြီး စီးပွားရေးအကြောင်း သိရှိလိုသူ၊ စီးပွားရေးနယ်ပယ်တွင် ထွန်းကားသော်လည်း နည်းပညာပိုင်းမှာ အားနည်းနေသူများ စသည့်သူများအချင်းချင်းကို တွေ့ဆုံ ပေးနိုင်ရန်လည်းဖြစ်သည်။
BarCamp ကို လာရောက်သည့် စိတ်ဝင်စားသူများအတွက် ရရှိနိုင်မယ့်အကျိုးအမြတ် တွေကတော့ နည်းပညာများ၊ စိတ်ကူးများကို မိမိတို့ အစီအစဉ်နဲ့ သီးသန့် လုပ်ဆောင်သည့်အခါ ကုန်ကျမယ့် ငွေကြေးနှင့်အချိန်များကို လုံးဝလျှော့ချပေး လိုက်နိုင်မည်ဖြစ်ပြီး မိမိတို့ သဘောတရားများ၊ ထင်မြင်ယူဆချက်များ၊ ပြန်လှန်မေးခွန်းထုတ်ခြင်းတွေအတွက် လုံလောက်သော ပညာရှင်အများအပြား ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
အောက်ပါ Link များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
Official Website: http://www.barcampyangon.org
Registration: http://register.barcampyangon.org
Facebook Page: https://facebook.com/barcampyangon