နိုင်ငံရပ်ခြားသို့ လူကြုံပစ္စည်းပေးပို့လိုသူများ အခမဲ့ဖော်ပြပေးပို့နိုင်တဲ့ PackX

တစ်နေရာမှ တစ်နေရာသို့ ပစ္စည်းတွေ ပို့ကြတဲ့အခါ လူကြုံနဲ့ ထည့်ပေးလိုက်ကြတာ အဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေ မဲ့ ကိုယ်က အဝေးတစ်နေရာ/နိုင်ငံရပ်ခြားကို ပို့ချင်တဲ့အခါ ကိုယ့်ပို့ချင်တဲ့အရာကို သယ်သွားပေးနိုင်မည့်သူကိုရှာရတာ အဆက်သွယ်ရှိ ပို့နေကျသူတွေအတွက်လွယ်ကူပေမယ့် ပို့နေကျမဟုတ်တဲ့သူတွေအတွက်တော့ ဘယ်သူနဲ့ထည့်ပေး လိုက်ရမလဲဆိုတာ အတော်ခေါင်းစားတဲ့ကိစ္စတစ်ခုပါ။ ဒါကြောင့် အဝေးတစ် နေရာနိုင်ငံရပ်ခြားကို ကိုယ်ပို့ချင်တဲ့ ပစ္စည်းတစ် ခုခုကို ထည့်ပေးလိုက်ဖို့ PackX ကိုတည်ထောင်ထားခြင်းလည်းဖြစ်ပါတယ်။
PackX ဟာ မြန်မာနိုင်ငံဟာ လူကြုံပါးတဲ့ အလေ့အထကို နည်းပညာအကူအညီနဲ့ ပိုမိုလျှင်မြန်၊ လွယ်ကူအဆင်ပြေအောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ App တစ်ခုဖြစ်ပါတယ်။ အခြားသော လူမှုကွန်ရက်တွေအသုံးပြုပြီး လူကြုံပစ္စည်းထည့်နိုင် အောင် တစ်ဦးစီကြေညာထားပေမယ့်လည်း ပြန့်နေသောသတင်းအချက်အလက်များ၊ အနီးဆုံးပို့လို့ရမယ့် နေ့စွဲကိုရှာဖို့ တစ်ဦးချင်းရဲ့ ကြေညာချက်တွေကို နေရာအစုံ လိုက်ရှာနေမည့်အစား PackX ပေါ်မှာရှိတဲ့ ပိုမိုမြန်ဆန်ထိရောက်စွာရှာဖွေမှု ကိုအသုံးပြုနိုင်ပါတယ်။

Photo Source – https://www.facebook.com/packxapp/

ပစ္စည်းလူကြုံသယ်မည့်သူက ပစ္စည်းရောက်မယ့်နေ့စွဲ၊ နောက်ဆုံးပစ္စည်းလက်ခံမယ့်နေ့စွဲ၊ သယ်ယူခနှုန်းထားများနဲ့ မိမိမှ သိစေချင်သော ကြေညာချက်များကို ဖုန်းနံပတ်နှင့်တကွတင်ထားနိုင်ပါတယ်။ ပစ္စည်းပို့ချင်သူကလည်း မိမိပို့လိုသော နေရာကို ရိုက်ထည့်ပြီး အနီးစပ်ဆုံးရှိမည့် ခရီးစဉ်များကိုရှာဖွေကာ ဆက်သွယ်ပို့ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ packx.app မှ လူကြုံခရီးစဉ်များကို အခကြေးငွေပေးစရာမလိုပဲ တင်ထားနိုင်ပါတဲ့ Platform တစ်ခုဖြစ်သလို စတင်မိတ်ဆက်ပြီး တစ်လကျော်အတွင်း ကြည့်ရှုအသုံးပြုသူ ၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်။
PackX ရဲ့လွယ်ကူရိုးရှင်းတဲ့ အလုပ်လုပ်ပုံအဆင့်ဆင့်ကတော့ (၁) မိမိပို့ချင်တဲ့ မြို့နာမည်နဲ့ လက်ရှိ လူကြုံပစ္စည်း သယ်သွားပေးမယ့်သူကို ရှာဖွေပါ။(၂) မိမိ ကြိုက်နှစ်သက်ရာ ခရီးစဉ်ကိုရွေးချယ်ပြီး ထိုလူကြုံကို ဆက်သွယ်ပါ။ (၃) လူကြုံကို မိမိထည့်ပေးချင်သောပစ္စည်းကို သွားပို့ပေးပါ၊ (၄) လူကြုံမှ ခရီးစဉ်ပြီးမြောက်၍ အဆင်သင့်ဖြစ်လျှင် သွားရောက် ထုတ်ယူနိုင်ပါတယ်။

Photo Source – https://www.facebook.com/packxapp/

လူကြုံပစ္စည်း သယ်ယူပေးနိုင်သူများကလည်း PackX အကောင့် register လုပ်ပြီး My Trip ကိုဝင်ပါ။ Add new trip မှ မိမိသွားမည့် ခရီးစဉ်၊ နောက်ဆုံးလက်ခံမည့်ရက်၊ ဈေးနှုန်း၊များကို ထည့်သွင်းကြေညာနိုင်မှာဖြစ်ပါတယ်။ အကောင့် register လုပ်ပြီးတဲ့အချိန်မှာ မိမိ ဖုန်းနံပါတ်၊ viber အသုံးပြုသောနံပါတ်ကို my profile မှာ တခါထည့်သွင်းပါ။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ နင့်ပတ်သက်၍လည်း နာမည် အရင်း သုံးစရာမလိုပါ။ ပစ္စည်းနောက်ဆုံးလက်ခံမယ့်ရက်ကို ထည့်ထားရမှာဖြစ်ပြီး ခရီးစဉ်ရက်စွဲထည့်သွင်းရန်မလိုပါ။ လိပ်စာကိုလည်း မြို့နယ်နှင့် ပြည်နယ်ပဲထည့်ရပါတယ်။ privacy ကိုလည်း မထိခိုက်ပဲ ပစ္စည်းပို့ချင်တဲ့သူတွေလည်း ရှာဖွေတွေ့ရှိနိုင်ပြီး ပို့နိုင်တဲ့အတွက် နှစ်ဦး နှစ်ဖက်အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/packxapp/

လူကြုံသယ်ယူသူများ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုကာကွယ်ပေးရန် စီစဉ်ပေးထားခြင်းလည်းဖြစ်ပါတယ်။ မိမိ ကိုယ်တိုင်မတင်ချင်ရင်လည်း PackX Facebook Page မှတဆင့်ဖော်ပြပေးရင်လည်း PackX ကကိုယ်စားတင်ပေးထားမှာ လည်းဖြစ်ပါတယ်။ အသုံးပြုသူတွေ အားလုံးအတွက် အခမဲ့ဖြစ်ပါတယ်။ ပစ္စည်း အာမခံပေးရန်အတွက် PackX Team မှ အမှတ်ပေးစနစ် (Ratings) ကိုတည့်သွင်း ရန်စီစဉ်ထားကြောင်းလည်းသိရပါတယ်။ Premium ဗားရှင်းမှာလည်း လူကြုံ ပစ္စည်းကို ၁၀၀ ရာခိုင်နှုန်းအာမခံပေးနိုင်ရန် စီစဉ်ထားပါတယ်။ Browser မှာ packx.app ကိုရိုက်သွင်းပြီး Web App ကိုအသုံးပြုနိုင်ပါတယ်။
ပိုမိုသိရှိလိုပါက အောက်ပါ Link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/packxapp/
https://packx.app/home