ကျန်းမာရေးအတွက် အထူးကုဆရာဝန်တွေနဲ့ Appointment ယူနိုင်တဲ့ BookDoctor

မိမိကိုယ်တိုင်အပါအဝင် မိသားစုဝင်တစ်ဦးတစ်ယောက်နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ အသင့်တော်ဆုံးဖြစ်မဲ့ ဆေးခန်းနဲ့ ဆရာဝန်တွေကိုရှာရခက်တတ်ကြပြန်ပါတယ်။ သိထားတယ်ဆိုရင်တောင် ဆရာဝန်နဲ့ပြသခွင့်ရဖို့ ဖုန်းခဏခဏဆက်ပြီး appointment လုပ်ရတာ အခက်အခဲတစ်ခုပါပဲ။ ဒါ့အပြင် အကြောင်းကြောင်းကြောင့် appointment လုပ်ထားတဲ့ ဆရာဝန်နဲ့ အချိန်အပြောင်းအလဲတွေဖြစ်လာမှာကို ကြိုမသိလိုက်ပဲ နေမကောင်းတဲ့ကြားက ဆေးခန်းမှာအကြာကြီးထိုင်စောင့်နေရတာ မျိုးလည်း ကြုံတွေ့တတ်ကြရပြန်တာပါပဲ။
BookDoctor ကတော့ ဆရာဝန်တွေနဲ့ appointment လုပ်လို့ရသလို Website ကနေ appointment လုပ်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုက်ရိုက် appointment လုပ်လို့ရမှာလည်းဖြစ်ပါတယ်။ BookDoctor application လေးကတော့ ဆရာဝန်နဲ့တွေ့ရဖို့ ဆေးခန်းမှာ အကြာကြီးထိုင်စောင့်နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်မှာ လည်းဖြစ်ပါတယ်။ ဒါ့အပြင် BookDoctor ကမိသားစုဝင်တွေတစ်ဦးတစ်ယောက်ချင်းစီအတွက် အသင့်တော်ဆုံးဆရာဝန်ကို အလွယ်တကူရှာဖွေလို့ရမှာဖြစ်သလို Appointment အချိန်ပြောင်းလဲမှု၊ ရွှေ့ဆိုင်းမှုတွေကိုလဲ အချိန်နဲ့တပြေးညီသိရှိ နေအောင် BookDoctor ကကူညီပေးသွားအုံးမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/bookdoctorapp/

ဒါ့အပြင် ရန်ကုန်မြို့က ဆေးရုံဆေးခန်းတွေမှာ Appointment ယူဖို့အတွက် ဖုန်းနံပါတ်တွေ လိပ်စာတွေရှာရခက်ခဲနေသူတွေ အတွက်လည်း အာရုံခြောက်ခံပြီး ရှာဖွေမနေစရာမလိုတော့ဘဲ BookDoctor application ထဲမှာ Click တစ်ချက်နှိပ်ရုံနဲ့ ဆေးရုံဆေးခန်း ဖုန်းနံပါတ် လိပ်စာတွေအပြင် တစ်ခါတည်း Booking ပါယူလို့ရမှာလည်းဖြစ်ပါတယ်။
ဖုန်းနဲ့အသုံးပြုနိုင်တဲ့အပြင် ဆရာဝန်နဲ့ appointment လုပ်ဖို့အတွက် BookDoctor ကအလွယ်ကူဆုံးဖြစ်အောင်ကူညီ ပေးထားတာလည်းဖြစ်ပါတယ်။ BookDoctor application သုံးဖို့အတွက် ဖုန်းမှာအင်တာနက်လေးဖွင့်ထားဖို့တော့လိုပါ တယ်။Facebook account နဲ့ ချိတ်ဆက်အသုံးပြုနိုင်သလို အမည်နဲ့ဖုန်းနံပါတ်လေးတော့ register လုပ်ထားရမှာလည်းဖြစ် ပါတယ်။ Register လုပ်ပြီးရင်တော့ ပြသလိုတဲ့ဆရာဝန်/ဆေးခန်းကိုရွေးချယ်ပြီး appointment လုပ်ရမှာဖြစ်ပါတယ်။ Appointment လုပ်ပြီးရင် ဆရာဝန်က appointment လုပ်ထားတဲ့အချိန်ကို လက်ခံကြောင်း (သို့) ပယ်ဖျက်ကြောင်း application ထဲမှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။

Photo Source – https://www.facebook.com/bookdoctorapp/

appointment လုပ်လို့ရမဲ့ အထူးကု ဆရာဝန်ကြီးတွေကတော့ ကလေးအထူးကုသမားတော်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ဓါတ်မှန်ဘက်ဆိုင်ရာဆရာဝန်ကြီးများ၊ သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကု သမားတော်ကြီးများ၊ အထွေထွေရောဂါကု ဆရာဝန်များ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းများနဲ့ အတူပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အချိန်ကုန်လူပင်ပန်းသက်သာစေဖို့အတွက် BookDoctor က များစွာအထောက်အကူဖြစ်မှာလည်းဖြစ်ပါတယ်။ BookDoctor Application မှာပါဝင်ထည့်သွင်းလို့တဲ့ ဆေးရုံ၊ ဆေးခန်းများ အနေဖြင့်လည်း Facebook Page မှတစ်ဆင့် (သို့) ဖုန်းနံပါတ် 09952038777 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Photo Source – https://www.facebook.com/bookdoctorapp/

Book Doctor ကို Next Code Pte Co,Ltd မှတည်ထောင်ထားခြင်းဖြစ်သည်။ လူ၊ သတင်းအချက်အလက်၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများကို ချောမွေ့စွာပေါင်းစည်းခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို တိုးမြှင့်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှုပလက်ဖောင်းတစ်ခုဖြစ်သည်။
BookDoctor Application ကို Install ပြုလုပ်လိုပါက အောက်ပါ Link မှဝင်ရောက် Install ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
https://play.google.com/store/apps/details
Website ကနေ Booking ယူချင်တယ်ဆိုရင်တော့ အောက်ပါ Link မှ တစ်ဆင့် ဝင်ရောက် Booking ယူနိုင်မှာဖြစ်ပါတယ်။
https://bookdoctor.nextcodesoftware.com
Android application ကနေသုံးချင်တယ်ဆိုရင်တော့ အောက်က link မှာ Download လုပ်ပြီးအသုံးပြုနိုင်ပါတယ်။
https://bookdoctor.nextcodesoftware.com