အရောင်းဆိုင်အားလုံးအတွက် လွယ်ကူသောအရောင်းကွန်ပျူတာစနစ် EBS Software

ခုနောက်ပိုင်းအရောင်းဆိုင်တော်တော်များများကတော့ Computer Software တွေကိုအသုံးပြုပြီး အရောင်းပိုင်းဆိုင်ရာတွေမြှင့် တင်ဆောင်ရွက်လာကြတာလည်း နည်းပညာပိုင်းဆိုင်ရာအကူအညီနဲ့ ကောင်းမွန်တဲ့ နည်းစနစ်သစ်တစ်ခုပါပဲ။ မြို့ကြီးတွေ အပါ အဝင်နယ်မြို့တွေမှာရှိတဲ့အရောင်းဆိုင်များအနေနဲ့လည်း အရောင်းပိုင်းဆိုင်ရာ Software တစ်ခုကိုထည့်သွင်းအသုံးပြုခြင်းအား ဖြင့် ပစ္စည်းအဝင်အထွက်စာရင်း၊ အရှုံးအမြတ် စတဲ့ကိစ္စတွေအတွက် ခေါင်းရှုပ်ခံစရာမလိုတော့တဲ့ အတွက်ပိုမိုအဆင်ပြေစေပါ တယ်။
EBS (Easy Business System) Software ကတော့ iTSTAR Software Development Co.,Ltd. မှ တီထွင် ထုတ်လုပ်ထားတဲ့ နိုင်ငံတကာအဆင့်မီ အရောင်းဆိုင်သုံး Software တစ်ခုဖြစ်ပါတယ်။ EBS Software ကို မြန်မာ/English နှစ်မျိုး အသုံးပြုနိုင် အောင် ဖန်တီးထားတာဖြစ်ပြီး အသုံးပြုရလွယ်ကူပြီး ထူးခြားချက် Features များစွာ ပါဝင်သော software တစ်ခုလည်းဖြစ် ပါတယ်။ မြန်မာတစ်နိုင်ငံလုံးတွင် အသုံးပြုသူပါင်း နှစ်ထောင်ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။


Photo Source – https://www.facebook.com/EasyBusinessSystem/

EBS Software ကို အသုံးပြုနိုင်သည့် လုပ်ငန်းများမှာလည်း စူပါမားကတ် ၊ မီနီမားကတ်များ၊ စတိုးဆိုင် ၊ ဆေးဆိုင်များ၊ ကွန်ပျူ တာပစ္စည်းအရောင်းဆိုင် ၊ ဖုန်းဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊စက်ပစ္စည်းဆိုင်၊ အဝတ်အထည်ဆိုင်များ၊ လူသုံးကုန်ပစ္စည်း ဆိုင်များ၊ ကုန်မာဆိုင်များနဲ့ အခြားအရောင်းဆိုင်များ အားလုံးအသုံးပြုနိုင်တဲ့ Software တစ်ခုဖြစ်ပါတယ်။
အရောင်းဆိုင်များမှာ EBS Software ကို ဘာကြောင့်ရွေးချယ်အသုံးပြုသင့်သလဲဆိုတော့ EBS Software သည် မြန်မာ/English နှစ်မျိုးအသုံးပြုနိုင်သည့် နိုင်ငံတကာအဆင့်မီ အရောင်းဆိုင်သုံးကွန်ပျူတာစနစ်ဖြစ်ခြင်း၊ အစီရင်ခံစာများနှင့် Graph တွေကိုကြည့်ပြီး အရောင်းဆိုင်ရဲ့အခြေအနေကို သုံးသပ်နိုင်ခြင်း၊ အစီရင်ခံစာ (Report) များကိုကြည့်လိုသော နေ့စွဲ ရွေးချယ်ပြီး ချက်ချင်းကြည့်ရှုနိုင်ခြင်း၊ အရောင်းဆိုင်ရဲ့ ငွေစာရင်း၊ ကုန်လက်ကျန်စာရင်း၊ ပြန်လည်ဖြည့်စီးရန်လိုအပ်နေသော ပစ္စည်းစာရင်း များ၊ အကြွေးစာရင်းများနဲ့အရှုံးအမြတ်စာရင်းများကို အဝေးတစ်နေရာမှ EBS Web Service ကို သုံးပြီး လွယ်ကူစွာသိရှိနိုင်ခြင်း၊ အသုံးပြုသူကိုယ်တိုင် EBS Software အား လွယ်ကူစွာ Installation ပြုလုပ်နိုင်ပြီး၊ မည်သို့ စာရင်းသွင်းရသည်ကို တစ်ခုချင်းစီ ထောက်ပြနိုင်သော User Assistance ပါဝင်ခြင်း၊ အရောင်းဝန်ထမ်းအား အသုံးပြုစေလိုသောအပိုင်းကိုသာ ရွေးချယ် ခွင့်ပြုနိုင် ခြင်း၊ EBS Software အား software မှလွယ်ကူစွာ Online Update ပြုလုပ်နိုင်ခြင်း၊ စာရင်းဖိုင်များကို လွယ်ကူစွာ Backup ပြုလုပ်နိုင်သည့်စနစ်နဲ့ Automatic Backup Scheduler ပါဝင်ခြင်း၊ လစဉ်ကြေး/နှစ်စဉ်ကြေးများမရှိဘဲ အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/EasyBusinessSystem/

EBS Software ရဲ့ Feature များအနေဖြင့်လည်း Mobile Phone နဲ့ Tablet များမှာ အစီရင်ခံစာ Report များအချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့ Onine Web Service စနစ်ပါဝင်ပါတယ်။ EBS Software အသုံးပြုပုံကို အကူအညီပေးနိုင်တဲ့ User Assistance စနစ်နှင့် User Guide စာအုပ်လည်းပါဝင်မှာဖြစ်ပါတယ်။ User Assistance ဆိုသည်မှာလည်း EBS Software တွင်ရှိသော မိမိနားမလည်သည့် အကြောင်းအရာကဏ္ဍကို Click နှိပ်ရုံဖြင့် တစ်ဆင့်ချင်းစီကို စာဖြင့် ညွှန်ပြရှင်းလင်းပေးမည့် အကူအညီ တစ်ခုပဲဖြစ်ပါတယ်။ စာရင်းဖိုင် (Database) များကို Automatic Backup ပြုလုပ်ပေးတဲ့ Backup Schedular ပါဝင်ပါတယ်။ ဒါ့အပြင် Barcode များကို Postek Barcode Printer သို့ တိုက်ရိုက် Print ထုတ်နိုင်တဲ့ Barcode Printing စနစ်လည်းပါဝင် ပါတယ်။ အသုံးပြုသူ User တစ်ယောက်ချင်းစီ၏ စာရင်းတစ်ခုချင်းစီအတွက် အသုံးပြုပိုင်ခွင့် (ကြည့်ခွင့်၊ ပြင်ဆင်ခွင့်၊ ဖျက်ခွင့်၊ အသစ် ထည့်ခွင့်၊ Lock/ Unlock လုပ်ခွင့်) များ စိတ်ကြိုက် သတ်မှတ်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/EasyBusinessSystem/

EBS Software မှာတော့ကုန်ပစ္စည်းစာရင်းနဲ့ပတ်သတ်ပြီး ကုန်ပစ္စည်းအုပ်စု၊ အုပ်စုခွဲများခွဲခြားထားနိုင်ခြင်း၊ ကုန်ပစ္စည်း ရောင်းဈေးကိုဝယ်ဈေးပေါ်မူတည်၍ Formula ဖြင့်သတ်မှတ်နိုင်ခြင်း၊ ကုန်ပစ္စည်းယူနစ်များတစ်ခုနဲ့တစ်ခု ချိတ်ဆက်အသုံးပြု နိုင်ခြင်း (ဥပမာ – စာအုပ် (၁) ဒါဇင်တွင် (၁၂) အုပ် ပါဝင်ပါသည်)၊ ရောင်းဈေးအမျိုးအစား စိတ်ကြိုက်ခွဲခြားနိုင်ခြင်း (ဥပမာ – ရောင်းဈေး၊ လက်ကားဈေး… စသည်ဖြင့်)၊ EBS Software မှ Barcode Printer သို့ တိုက်ရိုက် Print ထုတ်နိုင်ခြင်း၊ ကုန်ပစ္စည်း လယ်ဂျာပါဝင်ခြင်း၊ ကုန်လက်ကျန်စာရင်းနဲ့ပြန်လည်ဖြည့်စီးရန်လိုအပ်သောကုန်ပစ္စည်းစာရင်းပါဝင်ခြင်း၊ ကုန်ပစ္စည်းအသွင် ပြောင်းစာရင်းများစတဲ့အကြောင်းအရာများ ပါဝင်မှာဖြစ်ပါတယ်။
EBS Software မှာကုန်ဝယ်စာရင်းနဲ့ပတ်သတ်ပြီး အဝယ်ဘောက်ချာတွင်ပါဝင်သော ကုန်ပစ္စည်းတစ်ခုချင်းစီ၏ product code (eg. IMEI) များ စာရင်းသွင်းနိုင်ခြင်းလက်ငင်း/အကြွေးနှစ်မျိုး အသုံးပြုနိုင်ခြင်း၊ အဝယ်ဘောက်ချာတစ်စောင်ချင်းကို အကြိမ်ကြိမ်ငွေခွဲသွင်းနိုင်ခြင်း၊ Slip, A5, A4 စာရွက်အမျိုးမျိုးဖြင့် print ထုတ်နိုင်ခြင်းကုန်ရောင်းသူတစ်ဦးချင်းစီရဲ့ အကြွေးစာ ရင်းများ သိရှိနိုင်ခြင်းစတဲ့အကြောင်းအရာတွေမှာဝင်မှာဖြစ်ပါတယ်။
EBS Software မှာတော့ ကုန်ရောင်းနှင့် ပတ်သတ်သောအကြောင်းအရာများ၊ ကုန်လယ်ဂျာနှင့် ပတ်သတ်သောကြောင်းအရာ များအပြင်အသုံးစရိတ်နဲ့အခြားဝင်ငွေစာရင်း စတာတွေကို အသေးစိတ်ဆောင်ရွက်နိုင်အောင်ပါရှိခြင်းအတွက် အသုံးပြုသူဆိုင် များအတွက် များစွာအဆင်ပြေစေတဲ့ Software တစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/EasyBusinessSystem/

EBS Software ရဲ့ဈေးနှုန်းများကတော့ ကွန်ပျူတာတစ်လုံးစာအတွက် EBS Software for 1PC=300000 Ks၊ ကွန်ပျူတာ နှစ်လုံးစာအတွက် EBS Software for 2PC=490000 Ks၊ ကွန်ပျူတာသုံးလုံးစာအတွက် EBS Software for 3PC=730000 Ks ကျသင့်မှာပဲဖြစ်ပါတယ်။ အသေးစိတ်သိလိုပါက အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/EasyBusinessSystem/