အိမ်ပြင်ထွက်စရာမလိုပဲ အစားအသောက်တွေအချိန်တိုတွင်း မှာယူနိုင်တဲ့ Jozrin Food Delivery App

တခါတလေမှာ မိုးရွာလို့ပဲဖြစ်စေ၊ မအားလပ်တဲ့အခါမျိုးဖြစ်စေ လူတိုင်းမှာတော့ ရှိကြစမြဲပါပဲ။ အဲ့လိုအချိန် ချက်ပြုတ်စား သောက်ဖို့အတွက်လည်း အဆင်မပြေတဲ့အချိန်မှာ စားချင်တဲ့အစားအစာကို အလွယ်တကူမှာလို့ရတဲ့နေရာရှိရင်ကောင်းမှာ ပဲလို့တော့ တွေးမိတတ်ကြတာထုံးစံပါ။ ဖုန်းဆက်ပြီးမှာလို့ရတာကိုသိပေမယ့် ဖုန်းနံပါတ်နဲ့ဆိုင်လိပ်စာတွေမသိတာမျိုးတွေ လည်းဖြစ်တတ်ကြပြန်ပါတယ်။ အစားအသောက်နဲ့ပတ်သက်ရင် အဆင်ပြေစွာမှာယူနိုင်မယ့် Mobile App လေးတစ်ခုရှိနေ တာ ရံဖန်ရံခါ ကိုယ့်အတွက်အဆင်ပြေစေမှာအမှန်ပဲဖြစ်ပါတယ်။
ဖုန်းဆက်ပြီးဖြစ်စေ၊ Application မှဖြစ်စေ အစားအသောက်မှာတဲ့အခါမှာလည်း သန့်ရှင်းလတ်ဆတ်မှုဆိုင်ရာကလည်း အ ရေးကြီးသလို အချိန်တိကျမှန်ကန်စွာရောက်ရှိစေဖို့လည်းလိုအပ်ပါသေးတယ်။ ပူပူနွေးနွေးစားသောက်မှအဆင်ပြေစေတဲ့ အစားအစာတစ်ခုကို အေးစက်နေပြီဖြစ်တဲ့အချိန်မှရောက်လာတယ်ဆိုရင်လည်း စားသုံးသူအားလုံးအတွက် အဆင်မပြေပါ ဘူး။ အစားအသောက်မှာယူပြီးမှအဲ့လိုမျိုး အဆင်မပြေမှုတွေဖြစ်နေရင်လည်း စိတ်သောကဖြစ်စေမိကြမှာပါ။

Photo Source – https://www.facebook.com/JozrinFoodDelivery/

ခုနောက်ပိုင်းမှာတော့ ရန်ကုန်မြို့တွင်းနေရာတော်တော်များများမှာ အရသာကောင်းမွန်တဲ့အစားအစာတွေကို ဖုန်းဆက်ပြီး ဖြစ်စေ၊ Application ဖြင့်ဖြစ်စေ မှာယူစားသောက်လို့ရနိုင်တဲ့ ကောင်းမွန်တဲ့ Food Service Delivery တွေကပိုမိုများပြား လာပြီလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် စားချင်တဲ့အစားအစာနဲ့ဈေးနှုန်းတွေကို ဖုန်းထဲကအလွယ်တကူကြည့်ပြီးမှာယူ စားသောက်နိုင်တဲ့အတွက်ကြောင့်လည်း ကောင်းမွန်တဲ့ Food Service Delivery တစ်ခုခုကို သိရှိထားဖို့တော့လိုပါတယ်။
Jozrin Food Delivery Application ကတော့ လက်ရှိရန်ကုန်မြို့တွင်းမြို့နယ် ၁၉ မြို့နယ်အတွင်း Food Service Delivery ပြုလုပ်ပေးနေတဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။ အချိန်တိကျမြန်ဆန်ပြီး သန့်ရှင်းအရသာရှိတဲ့ အစားအသောက်တွေ ပို့ဆောင်ပေးနေတဲ့ ဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ မိမိဖုန်းထဲမှာအလွယ်တကူဆောင်ထားနိုင်ပြီး အသုံးပြုရလွယ်ကူ တဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/JozrinFoodDelivery/

လတ်တလောအတွက် ရန်ကုန်မြို့တွင်းမှာယူစားသောက်လို့ရတဲ့ မြို့နယ်တွေကတော့ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဒဂုံ၊ အလုံ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ သုဝဏ၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ သင်္ယန်းကျွန်း၊ လှိုင်၊ တာမွေ၊ ကျောက်မြောင်း၊ ရန်ကင်း၊ တောင်ဥက္ကလာ စတဲ့မြို့နယ်တွေဖြစ်ပြီး နယ်မြို့များအနေဖြင့် ပဲခူး မြို့တွင်းမှာလည်းမှာယူစားသောက်နိုင်မှာလည်းဖြစ်ပါတယ်။ ပို့ဆောင်ခအနေနဲ့ကိုလည်း Application ထဲမှာဖော်ပြထားမှာ ဖြစ်ပါတယ်။
အရင်ဆုံး Jozrin Food Delivery App ကို Play Store ကနေ Install ပြုလုပ်ရပါမယ်။ ပြီးတာနဲ့ Facebook ဖြင့်အလွယ်တ ကူဝင်ရောက်နိုင်မှာဖြစ်ပြီး မိမိတည်နေရာကိုသိရှိဖို့အတွက် Location ကိုဖွင့်ထားရမှာပဲဖြစ်ပါတယ်။ မိမိတည်နေရာကို ရွေးချယ်ပြီးတာနဲ့ စားချင်တဲ့အစားအသောက်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ကျသင့်ငွေကို လည်း တစ်ပါတည်းတွေ့မြင်နိုင်မှာဖြစ်သလို Delivery အတွက်ကျသင့်ငွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ မိမိ ဖုန်းနဲ့ပတ်ကို ရေးသွင်းပြီးအော်ဒါတင်ပြီးဖြစ်ပါတယ်။ ဖုန်းဆက်ပြီးဆက်သွယ်ချင်ရင်တော့ ဖုန်းနံပါတ် 09 698699599 ကို ဆက်သွယ်နိုင်ပါသေးတယ်။

Photo Source – https://www.facebook.com/JozrinFoodDelivery/

အသေးစိတ် သိရှိလိုပါကလည်း အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/JozrinFoodDelivery/
https://www.mm.jozrin.com
Jozrin Food Delivery Application အားအောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=customer.jozrin.com