လူတိုင်းအတွက် စိတ်ထွက်ပေါက်တစ်ခုဖန်တီးပေးနိုင်တဲ့ Poseidon App

လူတိုင်းမှာတော့ စိတ်ဖိစီးမှုတွေများလာတဲ့အခါမျိုးတွေ၊ အကြောင်းအရာတစ်ခုခုကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားချက်စကားတွေကို တစ်ဦးတစ်ယောက်ကို ထုတ်ဖော်ဝေမျှပြောပြလိုက်ရတာကလည်း စိတ်ထွက်ပေါက်တစ်ခုဖြစ်ပြီး သက်သာသလိုခံစားစေမိကြ တာထုံးစံပါပဲ။ ဘယ်သူမှ မပြောပဲတစ်ယောက်တည်း မြိုသိပ်ထားပြန်ရင်လည်း စိတ်ထိခိုက်မှုကပိုမိုကြီးထွားလာစေနိုင်တာ ကြောင့် တချို့ကတော့ မျက်ရည်ကျပစ်လိုက်တာတွေ၊ စာရွက်အလွတ်ပေါ်မှာချရေးပစ်လိုက်တာတွေ ပြုလုပ်တတ်ကြပါတယ်။
တချို့သောအကြောင်းအရာတွေက အခြားသူတစ်ယောက်ကို ရင်ဖွင့်ချင်ပါလျက်နဲ့ ပြောပြလို့မဖြစ်တဲ့အရာတွေဖြစ်နေတတ်တာ မျိုးလည်းရှိပါတယ်။ အဲ့ဒီအခါကျရင် ကိုယ်ပြောချင်တဲ့စကားတွေကို တစ်နေရာရာမှာ ဘယ်သူမှမသိအောင် ထုတ်ဖော်အော်ဟစ် ပစ်လိုက်ခြင်းနဲ့လည်း စိတ်ထွက်ပေါက်ပေးလိုက်တာမျိုးနဲ့လည်းရှိတတ်ပြန်ပါတယ်။

Photo Source – https://play.google.com/store/apps/details?id=com.sdm.mobile.poseidon

စိတ်ဖိစီးမှုတွေနဲ့ အခြားစိတ်ညစ်စရာတွေကတော့ လူတိုင်းလိုလို နေ့စဉ်နဲ့အမျှအနည်းနဲ့အများဆိုသလိုဖြစ်နေကြဖြစ်တဲ့အတွက် အလွယ်တကူစိတ်သက်သာစေနိုင်မယ့် နည်းလမ်းတစ်ခုခုသိထားတော့ ပိုအဆင်ပြေစေနိုင်ပါတယ်။ Poseidon App ကတော့ လူတိုင်းအတွက် စိတ်ထွက်ပေါက်တစ်ခုပေးနိုင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်တိုင်ခံစားနေရတာတွေ၊ လူတွေကိုပြောပြ လို့မရအောင် သိမ်းထားတဲ့မျှော်လင့်ချက်တွေကို ရေးသားသူမသိရှိစေပဲ ထုတ်ဖော်ပြပေးနိုင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။
“ဒီ App ကတော့ ဆိုရှယ်မီဒီယာပုံစံမျိုးလည်းမဟုတ်ဘူး။ အရင်တုန်းကလူတွေလုပ်သလိုမျိုး ပုလင်းထဲကိုစာထည့်ပြီး ပင်လယ် ထဲကိုလွှင့်ပစ်လိုက်ရင် ကိုယ့်ဆီလည်းပြန်လာချင်လာတယ်။ မလာချင်လည်းမလာတော့ဘူးပေါ့။ အဲ့လိုမျိုးရောက်ချင်တဲ့သူတွေ ဆီ ရောက်ပြီးဖတ်ချင်တဲ့သူတွေဖတ်ကြတာပေါ့နော်။ အဲ့သဘောမျိုးပါပဲ” ဟု Poseidon App စတင်ပြုလုပ်ခဲ့သောကုမ္ပဏီ Sundew Myanmar Co.Ltd မှ Co-Founder မခင်မြတ်နိုးကပြောကြားပါတယ်။
Poseidon App ကိုအသုံးပြုတဲ့သူတွေအနေနဲ့လည်း Register ပြုလုပ်စရာမလိုအပ်ပဲ ပုံမှန်အတိုင်းဝင်ရောက်အသုံးပြုနိုင်မှာ လည်းဖြစ်ပါတယ်။ App အသုံးပြုသူများအနေဖြင့် စာတစ်ခုသာရေးသား post တင်နိုင်မှာဖြစ်ပြီး ဓာတ်ပုံ၊ Video ဖိုင်များလို့ရမှာ တော့မဟုတ်ပါဘူး။

Photo Source – https://play.google.com/store/apps/details?id=com.sdm.mobile.poseidon

“ဒီအထဲမှာ Profile လည်းတင်လို့မရဘူး။ တင်ချင်တယ်ဆိုရင်လည်း ဒီ App ကပေးထားတဲ့ ပုံလေးတွေပဲတင်လို့ရမယ်။ သိမ်းထားတာလည်းဘာမှမရှိဘူး။ ရေးချင်တာရေးတင်လို့ရတယ်။ ကိုယ်ရေးလိုက်တဲ့ဟာကိုလည်း ကိုယ်ရေးတာမှန်းဘယ်သူမှ မသိဘူး။ ကိုယ့်ဘာသာ နာမည်ဆန်းတွေဘာတွေပေးချင်ပေးလို့ရတယ်။ Logo တွေဘာတွေထည့်ချင်ရင်ထည့်ထားလို့ရတယ်။ Android နဲ့ IOS နှစ်မျိုးလုံးသုံးလို့ရတယ်။ react တွေပေးလို့ရတယ်။ comment တွေပေးလို့ရတယ်။ ဒါပေမဲ့ အဲ့ comment ကလည်း ဘယ်သူပေးလို့ပေးမှန်းမသိဘူး။ အဲ့ဒါကြောင့်လည်း ဒီမှာရေးတင်တာတွေ၊ comment ပေးတာတွေက ဘယ်သူဘယ်ဝါဆိုတာ မသိကြဘူး။ Zawgyi နဲ့ Unicode နှစ်ခုစလုံးနဲ့အသုံးပြုနိုင်တယ်။ ဘာနဲ့တင်တင်အကုန်လုံးနဲ့ ဖတ်လို့ရ တယ်။ ဒီအထဲမှာပေးထား တဲ့ဟာကိုပဲရွေးလို့ရတာပေါ့နော်။ အခြားဟာတွေတော့ ရွေးလို့မရဘူး” ဟု Poseidon App ကို စတင်ပြုလုပ်ခဲ့သောကုမ္ပဏီ Sundew Myanmar Co.Ltd မှ Co-Founder မခင်မြတ်နိုးကဆက်လက်ပြောကြားပါတယ်။

Photo Source – https://play.google.com/store/apps/details?id=com.sdm.mobile.poseidon

ယခုလက်ရှိအချိန်တွင် Poseidon App အား Install ပြုလုပ်ထားသူ လူတစ်ထောင်ကျော်ရှိနေပြီဖြစ်ပြီး နေ့စဉ်အသုံးပြုသူအနေနဲ့ သုံးရာအထက်တွင်ရှိနေပြီလည်းဖြစ်ပါတယ်။ App ကိုစတင်ပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးလည်း မခင်မြတ်နိုးက “ဒီ App ကိုစရေးထားတာကတော့ တစ်နှစ်ကျော်ပါပြီ။ အစ်မတို့ အဓိကထားတဲ့ ဒီ App ရဲ့ ရည်ရွယ်ချက်ကတော့ တခါတလေ ကျရင်လူတွေက အရမ်းကြီးမွန်းကျပ်လာတယ်။ အဲ့ဒီအချိန်မှာပြောလိုက်ချင်တာရှိတယ်။ အဲ့ဒါတွေကိုလည်း လူတွေကိုသိ လည်းသိစေချင်တယ်။ ကိုယ်ပြောမှန်းလည်းမသိစေချင်ဘူး။ အဲ့လိုဆိုရင် ဒီ App ထဲမှာလာရေးလို့ရတယ်။ ဒီအထဲမှာလည်း လာပြီးရင်ဖွင့်ထားတဲ့သူတွေအများကြီးပေါ့နော်။ တချို့ဆိုရင် ဇတ်လမ်းရှည်၊ စာအရှည်ကြီးတွေရေးကြတာတွေရှိတယ်”

Photo Source – https://play.google.com/store/apps/details?id=com.sdm.mobile.poseidon

“နောက်တစ်ခုကကျတော့ ဒီ App ထဲမှာ ကိုယ်ကသူ့ကိုမမြင်ချင်ဘူးဆိုရင် Block လုပ်လို့ရတယ်။ Block လုပ်ထားရင်လည်း ကိုယ့်ရဲ့ Newfeed မှာ အဲ့ဒီလူရေးထားတဲ့ဟာတွေ မြင်ရမှာမဟုတ်တော့ဘူး။ Block လုပ်တာတွေများရင်တော့ ကျွန်မတို့က ဖျက်ချပေးတယ်။ ဒါပေမဲ့လည်း အဲ့လိုမျိုးတော့ နည်းတော့နည်းပါတယ်။ Local မှာကြတော့ App တွေထုတ်တဲ့အခါ တစ်ခုခုကို အသုံးပြုဖို့ဖြစ်တဲ့ Service App တွေကများတယ်။ အဲ့ဒါကြောင့် ဒီ App ကိုလုပ်လိုက်တာပေါ့နော်။ Facebook ကျတော့ အကောင့်အတုနဲ့သုံးကြတဲ့အခါအဆင်မပြေဘူး။ Report ထုလိုက်ရင်ပျက်ပျက်သွားတာမျိုးလည်းရှိတတ်တယ်လေ။ ဖုန်းနံပါတ်တွေဘာတွေနဲ့ Register လုပ်တော့ အခြားလူတွေ ကသူတို့ Data ကိုသိနေသလိုဖြစ်နေတာပေါ့နော်။ ဒီ App မှာကျတော့ ဘာမှသိမ်းထားတာမရှိဘူး” ဟု သူမက ဆက်လက်ရှင်းပြပါတယ်။ ဒီ App ကိုအသုံးပြုတဲ့သူတွေအတွက်ဘယ်လို အကျိုးကျေးဇူးတွေရှိနိုင်မလဲဆိုတော့ တခါတလေကျရင် လူတွေက စိတ်ဖိစီးမှု တွေအရမ်းများလာတဲ့အခါ အော်လိုက်ချင်တဲ့ အခါမျိုးတွေရှိတယ်။ လူငယ်ပိုင်းတွေမှာဆိုလည်း crush နေတဲ့ဟာမျိုးတွေရှိတယ်။ အဲ့လိုမျိုးတွေကျတော့ Facebook ပေါ်တင် လိုက်ရင် ဘယ်သူဘယ်ဝါမှန်းမသိတောင် Screenshot ဖမ်းထားတာမျိုးလုပ်လို့ရသေးတယ်။ ဒီအထဲမှာကျတော့ ဘယ်သူ ဘယ်ဝါမှန်းမသိတော့ဘူးလေ။ လွတ်လပ်စွာ comment ပေးပြောဆိုနိုင်တာပေါ့”
Poseidon App ကိုအောက်ပါ Link တွင်ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.sdm.mobile.poseidon