Info Tech Computer Center မှ ရုပ်သံတည်းဖြတ်နည်း Online သင်တန်းများဖွင့်လှစ်

အိမ်မှာနေရင်း အချိန်တွေကို အကျိုးရှိရှိအသုံးချရအောင် Online ပေါ်ကနေ Professional ဖြစ်သည်အထိ သင်ယူနိင်ရန်အ တွက် Info Tech Computer Center မှ ရုပ်သံတည်းဖြတ်နည်း Online သင်တန်းများဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရပါတယ်။
ဒီသင်တန်းတွေကို ဘယ်သူတွေတက်သင့်လဲဆိုတော့ Professional ကျကျ ဓါတ်ပုံတွေ Video တွေ Edit လုပ်ချင်သူများ၊ Online Shop ပိုင်ရှင်များ၊ Marketing အတွက် ကြေငြာဒီဇိုင်းအလန်းရေးဆွဲလိုသူများ၊Graphic Design ကို ဝါသနာပါသူများ၊ Logo Design ဆွဲလိုသူများ၊ Pre-Wedding ရိုက်ကူးရေးများ၊ Computer ဖိတ်စာနှင့်ဗီနိုင်းဆိုင်များ၊ ဓာတ်ပုံ ဆိုင်များ၊ Professional ဓာတ်ပုံဆရာများ၊ ဓါတ်ပုံဝါသနာရှင်များ အတွက် အထူးသင့်တော်သော သင်ခန်းစာများဖြစ်ပါတယ်။
Professional Photoshop Course ၏ သင်ကြားမည့် သင်ခန်းစာများကတော့ Photoshop CC 2017 အသုံးပြုနည်းများ၊ Brush အမျိုးမျိုးအသုံးပြုနည်း၊ တံဆိပ်တုံးအမျိုးမျိူးဖန်တီးခြင်း သင်ခန်းစာများ၊ Nik Collection plugin အသုံးပြုနည်း၊ Photoshop CC ဖြင့် Pamphlet, Poster Design များပြုလုပ်ခြင်း၊Skin Retouching သင်ခန်းစာများ၊ Prewedding Photo Editing၊ Lightroom Presets များ၊ Photoshop manipulations သင်ခန်းစာများ၊ ဓာတ်ပုံဆရာများအတွက် ကိုယ်ပိုင် Sign ဖန်တီးခြင်း၊ 3D Text Effect များဖန်တီးခြင်း၊ 3D Popout Effect များ ဖန်တီးခြင်း၊Logo Design ဖန်တီးခြင်း၊ Color and Gradients၊ Working with layers၊ Retouch, Remove Background, Composite Manipulation အစရှိတဲ့ သင်ခန်းစာများအပြင် အခြား Photoshop Professional သင်ခန်းစာများ ပါဝင်မှာဖြစ်ပါတယ်။ သင်တန်းကြေး ကတော့ ၁၈၀၀၀ ကျပ် ဖြစ်ပါတယ်။

Photo Source https://bit.ly/3cNkLLR

Professional Video Editing Course မှာပါဝင်တဲ့သင်ခန်းစာတွေကတော့ Adobe Premier Pro CC 2019 Software Installation ပြုလုပ်နည်း၊ Tools , Plugin, Preset , Template , Panel , Workspace များအကြောင်း၊ Color Corrections၊ Exporting Videos၊ Creating Titles And Intro၊ Karaoke စာတမ်းထိုးပြုလုပ်နည်း၊ Text Effect အမျိုးမျိုးပြုလုပ်နည်း၊ Video Overlay၊ Skin Retouching၊ Blufftitler သင်ခန်းစာနှင့် Template များ၊ Preset များ ထည့်သွင်းအသုံးပြုနည်း၊ Object Tracking၊ Nested Sequence၊ Green Screen သင်ခန်းစာများ၊ ကြော်ငြာဒီဇိုင်းလုပ်နည်းသင်ခန်းစာများ၊ Video File ဖြတ်ညှပ်ကပ်၊အစားထိုးခြင်း သင်ခန်းစာများ၊ Video Transition And Effects၊ Professional Slide Show လုပ်နည်းသင်ခန်းစာများ အစရှိတဲ့ သင်ခန်းစာများအပြင် အခြား Professional ကျသော သင်ခန်းစာများလည်း ပါဝင်မှာဖြစ်ပါတယ်။
Software အနေဖြင့် Adobe Premier Pro Cc 2019၊ Blufftitler အပြင် အခြားလိုအပ်တဲ့ Plugin နဲ့ Template များပါဝင်မှာဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၁၈၀၀၀ ကျပ်ဖြစ်ပါတယ်။
သင်ကြားနည်းပုံစံကတော့ သင်ခန်းစာ Video Lecture များကို Info Tech Computer Center website တွင် Upload တင်ထားပေးမည် ဖြစ်ပြီး အားလပ်ချိန်များတွင် ဝင်ရောက် လေ့လာနိုင်ပါတယ်။ အထူး Discount အနေနဲ့ Course ၂ ခုလုံး တပြိုင်တည်း တက်ရောက်ပါက ၁၀ ရာခိုင်နှုန်း Discount ရရှိမှာဖြစ်ပြီး ၃၂၀၀၀ ပဲ ကျသင့်မှာဖြစ်ပါတယ်။

Photo Source https://bit.ly/3cNkLLR

စာရင်းပေးသွင်းလိုပါက Messenger မှ Gmail Account ၊ ငွေလွှဲ Screen Shot ၊ တက်ရောက်လိုသည့် ဘာသာရပ်အား ပေးပို့ပြီး တက်ရောက်နိုင်ပါတယ်။  သင်ခန်းစာနမူနာ များကိုအောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/2UOwBMk