Telenor ၏ Gift of Learning လေ့လာသင်ယူမှု အစီအစဉ်မှတစ်ဆင့် ကျေးလက်ဒေသရှိ အခမဲ့အွန်လိုင်းသင်တန်းများအတွက် ကျပ်သန်း ၂၀ မတည်

တယ်လီနောမြန်မာသည် မိတ်ဖက် Network Activities Group (NAG) နှင့် ပူးပေါင်းပြီး “Gift of Learning” အစီအစဉ်မှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခုရှိ ကျေးရွာ ၁,၅၀၀ ‌ကျော်မှ ပြည်သူ ၂၂,၅၀၀ ခန့်ကို အကျိုးဖြစ်ထွန်းစေမည့် အခမဲ့အွန်လိုင်းသင်တန်း အစီအစဉ်ကို စတင်လိုက်သည်။ ဧရာဝတီ၊ ပဲခူး၊ ကယား၊ ကရင်၊ မ‌ကွေး၊ မန္တလေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်းနှင့် ရန်ကုန် အစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကျေးလက်နေပြည်သူများသည် ဖေဖော်ဝါရီလမှ စတင်ကာ အခမဲ့သင်တန်း များ တက်ရောက်သင်ယူခွင့်ရရှိမည်ဖြစ်သည်။
သင်တန်းတက်ရောက်သူများသည် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်‌ရောက် ကာကွယ်၊ တုံ့ပြန်နိုင်ရန် ကျင့်သုံး နည်းများနှင့် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာသင်ယူ ခွင့်ရရှိမည်ဖြစ်သည်။ သင်ရိုးညွှန်းတမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ လမ်းညွှန်ချက်များနှင့်အညီ အခြေခံရေးဆွဲထားခြင်းဖြစ်သည်။ သင်တန်းများကို NAG ၏ အရည် အသွေးအပြည့်ဝရှိသည့် သင်တန်းဆရာ၊ ဆရာမများက ဒစ်ဂျစ်တယ်ပလက်ဖောင်းများဖြစ်သော Zoom၊ Viber၊ နှင့် Facebook Messenger တို့မှတစ်ဆင့် ပို့ချပေးသွားမည်။

Photo Source https://www.telenor.com.mm

“တယ်လီနောမြန်မာမှာက အချင်းချင်းသာမ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝန်းကြီးတစ်ခုလုံးကိုပါ ဂရုတ စိုက်ရှိပါတယ်။ လူမှုအဖွဲ့အစည်းတွေအတွက် နေ့စဉ်ဘဝမှာ လက်တွေ့ကျကျ အသုံးချလို့ရပြီး အဲဒီကနေတစ်ဆင့် အကျိုးကျေးဇူးတွေရရှိအောင် သင့်လျော်တဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးတာပါ။ ဒါကြောင့် လည်း ဒီ “gift of learning” အစီအစဉ်ကို မြန်မာနိုင်ငံက လိုအပ်သူတွေထံ ယူဆောင်သွားပေးသင့်တယ်လို့ ကျွန်မတို့ မြင်မိပါ တယ်။ ကျွန်မတို့ရဲ့ မိတ်ဖက် NAG နဲ့အတူ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခုမှာ အချိန်အခါနဲ့ လိုက်လျော ညီထွေရှိတဲ့ သင်တန်းတွေကို စတင်ပို့ချပေးတော့မှာပါ။ တယ်လီနောမြန်မာဝန်ထမ်းတွေက ကိုယ့်ရဲ့ အချိန်တွေကို လေ့လာသင်ယူဖို့ အသုံးချခဲ့သလို အခြားလူတွေ လေ့လာသင်ယူဖို့ကိုလည်း အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ သူတို့ကိုယ်စား ဂုဏ်ယူမိပါတယ်။” ဟု တယ်လီနောမြန်မာ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိ ချုပ်ဖြစ်သူ Selina Lomholdt က ပြောကြားခဲ့သည်။

Photo Source https://www.telenor.com.mm

တစ်ကမ္ဘာလုံးရှိ တယ်လီနောဝန်ထမ်းများအတွက် “နာရီ ၄၀ သင်ယူလေ့လာခြင်း စိန်ခေါ်မှု” အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ်မှ စတင်၍ တယ်လီနောက မိတ်ဆက်ခဲ့ပါသည်။ ယခုကဲ့သို့ ဝန်ထမ်းများ မိမိတို့၏ ကိုယ်ရည် ကိုယ်သွေးမြှင့်တင်ရေးအတွက်သာမက လူမှုအဖွဲ့အစည်းများအတွက်ပါ အကျိုးသက်ရောက်မှု ရှိစေရန် တယ်လီ နောမြန်မာသည် “Gift of Learning” အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် မိတ်ဆက်ခဲ့သည်။ အစီအစဉ်အရ တယ်လီနောဝန်ထမ်းများ ပျမ်းမျှ ၁ နာရီ လေ့လာသင်ယူတိုင်း တယ်လီနောမြန်မာက မြန်မာကျပ် ၂၀၀,၀၀၀ လှူဒါန်းသွားမည်ဖြစ်သည်။ တယ်လီနောမြန်မာဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ်အတွင်း တစ်ဦးလျင် ပျမ်းမျှ ၈၈ နာရီ လေ့လာသင်ယူခဲ့ကြသောကြောင့် မြန်မာကျပ် သန်း ၂၀ ကို လှူဒါန်းသွားမည်ဖြစ်သည်။ ယခုလှူဒါန်းငွေကို သင်တန်းဆရာများ၏ သင်တန်းကြေးနှင့် အခမဲ့အွန်လိုင်းသင်တန်း တက်ရောက်လေ့လာသင်ယူမည့်သူများ အတွက် ဆက်သွယ်ရေးကုန်ကျစရိတ်များ (ဒေတာနှင့် ဖုန်းဘေလ်) တွင် အသုံးပြုသွားမည်ဖြစ်သည်။
“တယ်လီနောမြန်မာက စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပါတယ်။ ဒီလို အလေ့အကျင့်ကောင်းတွေကို ကျွန်မတို့ လုပ်ငန်းလည်ပတ်နေတဲ့ လူမှုအဖွဲ့အစည်းတွေအတွင်းမှာလည်း လက်ခံ ကျင့်သုံးလာစေချင်ပါတယ်။ ဒီနေ့ကျွန်မတို့ သင်တန်းတွေမှာ စိုက်ထုတ်လိုက်တဲ့အားတွေက ကျွန်မတို့ ဝန်ထမ်း တွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ဒစ်ဂျစ်တယ်အနာဂတ်အတွက် တစ်ထောင့်တစ်နေရာကနေ အဆင်သင့်ဖြစ် အောင် ကူညီလုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Lomholdt က ဖြည့်စွက်ပြောကြားသည်။

Photo Source https://www.telenor.com.mm

တယ်လီနောမြန်မာသည် သင်ယူလေ့လာရေး၊ ပညာရေးဆိုင်ရာ ရှေ့ပြေးလုပ်ငန်းစဉ်များနှင့် အရင်းအမြစ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာပြည်သူ (၁) သန်းကျော်ကို ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် အကျိုးပြုခဲ့ပြီးဖြစ်သည်။ အားလုံး ဘေးကင်းလုံခြုံစွာ ဆက်သွယ်မှုရှိစေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးတို့အတွက် တယ်လီနောမြန်မာသည် သုံးစွဲသူများနှင့် အမြဲအတူ ရှိနေမည်ဖြစ်သည်။