မြန်မာကလေးများ အခမဲ့ကွန်ပျူတာသိပ္ပံပညာရေးအတွက် Thate Pan Hub ကိုကူညီပံ့ပိုးနိုင်

Industry 4.0 သို့ အရှိန်အဟုန်ဖြင့်ကူးပြောင်းနေသောကမ္ဘာကြီးတွင်ကွန်ပျူတာသိပ္ပံ ပညာရေးသည် အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၏ K12 သင်ရိုးညွှန်းတမ်းတွင်ပါ တစ်စိတ်တစ်ပိုင်း ပါဝင်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကွန်ပျူတာသိပ္ပံ၏ အရေးပါပုံကို ဂရုမပြုမိကြ‌သေးသည့်အပြင် ကလေးအများစုမှာ ကွန်ပျူတာသိပ္ပံပညာရေးကို လွယ်ကူစွာ သင်ယူခွင့် မရရှိ သေးပေ။ ပုံမှန်အစိုးရကျောင်းများမှ ကလေးများဆိုလျှင် ကွန်ပျူတာနှင့် ထိတွေ့ခွင့်ရမှုပင် နည်းပါးနေသေးသည်။
အခြားနိုင်ငံများတွင် CS နှင့် Coding ကို အခမဲ့အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာ စကားများဖြင့် လေ့လာနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ ဘာသာစကားအခက်အခဲသည် မြန်မာကျောင်းသားများကို CS နှင့် coding နှင့်သက်ဆိုင်သည့် အွန်လိုင်းအရင်းအမြစ်များကို အလွယ်တကူ ရယူလေ့လာရန် တားဆီးနေသောအကြီးဆုံး အချက်များအနက်မှ တစ်ခုဖြစ်သည်။

Photo Source https://www.facebook.com/thatepanhub

Thate Pan Hub သည် လူငယ်များဦးဆောင်သည့် အကျိုးအမြတ်မယူသော လူမှုရေး လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာကျောင်း သားတိုင်းအတွက် အခြေခံကွန်ပျူတာသိပ္ပံနှင့် AI ပညာရေးကို အခမဲ့ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ကလေးငယ်များအတွက် ခွဲခြမ်းစိတ်ဖြာမှု၊ ယုတ္တိကျကျတွေးတောမှု၊ အခြေခံကွန်ပျူတာစာ တတ်မြောက်မှု နှင့် ဝေဖန်စဉ်းစားတွေးခေါ်မှုများ တိုးတက်စေရန် အထောက်အကူပြုမည့် ကွန်ပျူတာသိပ္ပံသင်ခန်းစာများကို ကျွန်ုပ်တို့၏ အခမဲ့သင်တန်းများမှတစ်ဆင့် ပို့ချပေးရန် ဖြစ်သည်။
Thate Pan Hubသည် ယခုလက်ရှိတွင် အခမဲ့ကွန်ပျူတာသိပ္ပံသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အသိပညာမြှင့်တင်ခြင်း ပညာ‌ပေးအစီအစဉ်များ ဖန်တီးမျှ‌ဝေခြင်းတို့ကို လုပ်ဆောင် လျက်ရှိပြီး၊ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၄ ရက်‌နေ့မှစ၍ Thate Pan Hub သည် Code.org မှ အခမဲ့အရင်းအမြစ်များကို အသုံးပြုကာ မြန်မာနိုင်ငံရှိကလေးများအတွက် အခြေခံ coding သင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိသည်။ ယခုအထိ Thate Pan Hubသည် အခြေခံ ကွန်ပျူတာသိပ္ပံ သင်ခန်းစာများကိုအခမဲ့အွန်လိုင်းအတန်းများဖွင့်လှစ်ပြီးမြန်မာတစ်နိုင်ငံလုံးရှိ နေရာဒေသအမျိုးမျိုး၊ နောက်ခံအမျိုးမျိုးမှ ကျောင်းသား ၅၆၆ ဦးကို အောင်မြင်စွာ သင်ကြား ပေးနိုင်ခဲ့သည်။

Photo Source https://www.facebook.com/thatepanhub

၂၀၂၁ ခုနှစ်အစောပိုင်း လများအတွင်းနောက်ထပ်ကျောင်းသား‌‌ပေါင်း ၁၀၀၀ကျော်အတွက် တန်းခွဲများစွာ ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားစီစဉ်လျက် ရှိသည်။ သိပ္ပံ Hubအနေဖြင့် ကွန်ပျူတာသိပ္ပံပညာရပ်၏ အရေးပါမှုအတွက် အသိအမြင်မြှင့်တင်ရေး ပညာပေးအစီအစဉ်များစွာကိုဖန်တီးမျှဝေပေးနိုင်ရန်အတွက်လည်းစီစဉ်နေပါသည်။ မိဘများသည်ကွန်ပျူတာ သိပ္ပံပညာ ရပ်ကို သူတို့၏ ကလေးများပညာရေးလမ်းကြောင်းအတွက် မြင်သာသောရွေးချယ်မှုတစ်ခုအဖြစ် နားလည်တွေးမြင်လာပြီး အသွင်ကူး ပြောင်းရေး ခရီးစဉ်တွင် ပူးပေါင်းပါဝင်လာ‌စေမည့် အတွေးအခေါ်ပြောင်းလဲမှုကို ဖန်တီးနိုင်ရန် ရည်ရွယ်သည်။
ထိုသို့ပြောင်းလဲမှု၌ အားလုံး၏ ထောက်ပံ့ကူညီမှုများစွာ လိုအပ်လျက်ရှိပြီး၊ ယခုထက် ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် နှင့် နောက်ထပ်များစွာသောကလေးများကို ဆက်လက် အသိပညာပေးသင်ကြားပေးနိုင်ရန်အတွက် ပံ့ပိုးပေးလိုသူများ လိုအပ် လျက်ရှိပါသည်။ မိတ်ဆွေတို့၏ အလှူငွေများသည် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များအတွက် များစွာ အထောက်အပံ့ဖြစ်ပြီး အခြေအနေများ ပုံမှန်ပြန်ရောက်လာသောအခါတွင်လည်း outreach activities များပြုလုပ်ရန် အကူအညီဖြစ်‌စေပါလိမ့်မည်။
လှူဒါန်းငွေ ၂၃၀၀၀ ကျပ်လျှင် ကလေးတစ်ဦး Thate Pan Hubမှ ၁၅ နာရီကြာ ကွန်ပျူတာသိပွံ သင်တန်း တက်ရောက် နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်သည်။ လှူဒါန်းငွေသိန်း ၅၀ အတွက် ကလေး ၂၁၇ ယောက်ကို သင်ကြားပေးနိုင်မည်ဖြစ်ပါသည်။

Photo Source https://www.facebook.com/thatepanhub

ထို့အတွက်ကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီ‌ထောက်ပံ့လိုသူများအားလုံးကို လက်ကမ်းကြိုဆိုလျက်ရှိပါသည်။ ရည်မှန်းချက်များ အမှန်တကယ်ဖြစ်လာစေရန်အတွက် ကူညီထောက်ပံ့ပေးသော လူကြီးမင်းတို့၏ လှူဒါန်းငွေ နည်း/များမဆို အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။ ချမှတ်ထားသော ရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာရန် လိုအပ်သော အခြေခံအချက်များကိုလည်း  တသမတ်တည်း လုပ်ဆောင်လျက်ရှိပါသည်။

ပံ့ပိုးကူညီလိုသူများအနေနဲ့ အောက်ပါ Link များမှာဝင်ရောက်လှူဒါန်းနိုင်ပါတယ်။
https://suseeyar.net/campaign/32

https://www.thatepanhub.com/
https://www.facebook.com/thatepanhub
စုံစမ်းမေးမြန်းလိုသည်များကိုလည်း hello@thatepanhub.com သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။