အူရီဒူးမြန်မာမှ မြန်မာအမျိုးသမီးငယ်များကို ဒစ်ဂျစ်တယ်နှင့် ခေါင်းဆောင်မှု အရည်အသွေးများ မြှင့်တင်ပေးရန် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ် ၂၀၂၃-၂၀၂၄ ကို ဆက်လက်ပံ့ပိုး

အူရီဒူးမြန်မာက အသက် ၁၆ မှ ၂၂ နှစ်အတွင်းရှိ မြန်မာအမျိုးသမီးငယ်များကို ဒစ်ဂျစ်တယ်နှင့် ခေါင်းဆောင်မှု အရည်အသွေးများ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ကာ Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ် ၂၀၂၃-၂၀၂၄ ကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ ယခုနှစ် Tech Age Girls Myanmar အစီအစဥ်တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ တင်္နသာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ စာကြည့်တိုက် ၃၃ ခုတွင် အမျိုးသမီးငယ် အယောက် ၂၀၀ အထိ လက်ခံသင်ကြား ပေးသွားမည်ဖြစ်သည်။

Image: ooredoo

Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်သည် တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ယနေ့ဒစ်ဂျစ်တယ်ခတ်တွင် နည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝသော အမျိုးသမီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ ဤအစီအစဥ်မှတစ်ဆင့် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကျား မ ကွာဟချက်များကို လျှော့ချကာ အမျိုးသမီးငယ်လေးများအနေဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍအတွက် လိုအပ်သည့် စွမ်းရည်များ ပိုင်ဆိုင်ကာ မိမိတို့ လူမှုပတ်ဝန်းကျင်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာကို အကောင်းဆုံး အသုံးချဆောင်ရွက်နိုင်မည်ဖြစ်သည်။ သင်တန်းတက်ရောက်သူများသည် ခေတ်မီအသက်မွေးဝမ်းကျောင်းပညာရေး၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နည်းပညာအခြေပြု သင်ကြားမှုများဖြင့် ယုံကြည်မှုရှိပြီး အရည်အချင်းပြည့်မီသူများအဖြစ် လူ့အဖွဲ့အစည်းကို ပြန်လည်းအကျိုးပြု ပံ့ပိုးနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် အားထုတ်ကြိုးပမ်းမှုများနှင့်အတူ ၎င်းအစီအစဥ်ကို ၂၀၁၆ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ နှစ်စဥ် အမျိုးသမီးငယ် အယောက် ၁၀၀ ကို သင်တန်းပေးလာခဲ့ရာမှ အောင်မြင်မှုအသီးအပွင့်များကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသောကြောင့် အူရီဒူးမြန်မာသည် ၂၀၁၉ ခုနှစ်မှ စ၍ သင်တန်းအတွက် အဓိကထောက်ပံ့သူဖြစ်လာခဲ့သည်။ အူရီဒူးမြန်မာအ‌နေဖြင့် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဉ်၏ အကျိုးရှိမှုကို တွေ့မြင်ခဲ့ရသောကြောင့် အဆိုပါ အစီအစဥ်အတွက် ၂၀၂၀ ပြည့်နှစ်မှစ၍ သင်တန်းတက်ရောက်နိုင်သူသူဦးရေကို နှစ်ဆတိုးမြှင့်လက်ခံပေးရန် လိုအပ်သည်များ ပိုမိုပံ့ပိုးပေးခဲ့သည်။ ဤကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအားဖြင့် နှစ်စဉ် ထူးချွန်ထက်မြက်သည့် အမျိုးသမီးငယ် အယောက် ၂၀၀ ကျော်ကို ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် မရှိမဖြစ်လိုအပ်သော ဒစ်ဂျစ်တယ်နှင့် ခေါင်းဆောင်မှုစွမ်းရည်များကို တတ်မြောက်ပိုင်ဆိုင်နိုင်စေမည့် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ)  အစီအစဉ်တွင် ပါဝင်နိုင်ရန် အခွင့်အလမ်းများ ရရှိစေခဲ့သည်။

No. Name of Library (Myanmar Version) Name of Library (English Version) Village/Township State/Region
1 မြတ်ဆရာစာကြည့်တိုက် Myat Sayar Library ကျုံနတ္တော်ရွာ၊ မအူပင်မြို့နယ် ။ Ayeyarwady
2 လေးအိမ်စုမင်္ဂလာစာကြည့်တိုက် Layeinsu Mingalar Library လေးအိမ်စုကျေးရွာအုပ်စု၊ မအူပင်မြို့နယ်။ Ayeyarwady
3 အမျိုးသား စာကြည့်တိုက် Amyo Thar ကြာကန် ကျေးရွာ၊ လပွတ္တာမြို့နယ် ။ Ayeyarwady
4 မအူပင်ဒေသဖွံ့ဖြိုးရေးစင်တာ Maubin Community Development Center (MCDC) မအူပင်မြို့ ။ Ayeyarwady
5 ရောင်စဥ်အားမာန် SpectrumVigor ရေကြည်မြို့။ Ayeyarwady
6 ကလေးသူငယ်ပြုစုပျိုးထောင်ရေးအဖွဲ့အုတ်တွင်း Oktwin ECCDNWG အင်ဒိုင်းကျေးရွာ၊အုတ်တွင်းမြို့နယ်။ Bago
7 အောင်ဆန်းစာကြည့်တိုက် Aung San Library သဲကုန်းမြို့။ Bago
8 သုတစံအိမ်စာကြည့်တိုက် Knowledge House Library စည်ပင်လှ(စံပြ)ကျေးရွာ ၊ ဆင်ပေါင်ဝဲမြို့နယ်။ Magway
9 ပွင့်ဖြူကလေးသူငယ်​ပြုစု​ပျိးထောင်ရေးနှင့်ဖွံဖြိုးရေးအသင်း Pwint Phyu ECCD Net Work ပွင့်ဖြူမြို့ ။ Magway
10 ဓမ္မအလင်းစာကြည့်တိုက် Damma Alin Library ဒဟတ္တန်းကျေးရွာ၊ မလှိုင်မြို့နယ်။ Mandalay
11 ပညာကြေးမုံစာကြည့်တိုက် Panyar Kyay Mone Library ရွာလယ်ဘုန်းတော်ကြီးကျောင်း၊ ဉာဏ်ကန်ရှောက်တောရွာ၊ ဝမ်းတွင်းမြို့နယ်။ Mandalay
12 အနန္တဂုဏ်ရည်ရာပြည့် Ananda Goneyee Yarpyae တွင်းငယ်ရွာ၊ သပိတ်ကျင်းမြို့နယ်။ Mandalay
13 အနာဂတ်အလင်းရောင်စာကြည့်တိုက် Future Light Library ပုဂံမြို့သစ်။ Mandalay
14 ဇောတိပါလ စာကြည့်တိုက် Jotiparla Library ညောင်ဦးမြို့နယ်။ Mandalay
15 တတ်သိပညာစာကြည့်တိုက် Tatthi pyannyar သပိတ်ကျင်းမြို့နယ်။ Mandalay
16 လောကရတနာစာကြာ့်တိုက် lokayadanar library မိတ္ထီလာမြို့။ Mandalay
17 ဖောင်တော်ဦး Phaung Daw Oo အောင်‌မြေသာဇံမြို့။ Mandalay
18 စာပေ စာကြည့်တိုက် Sar Pay Library ပုဏ္ဍားကျွန်းမြို့ ။ Rakhine
19 လင်းရောင်ခြည်စာကြည့်တိုက် Linn Yaung Chi Library ပုဏ္ဍားကျွန်းမြို့။ Rakhine
20 ကွန်ပျူတာနည်းပညာသင်တန်းကျောင်း စာကြည့်တိုက် CTC -Computer Technology City ပုဏ္ဍားကျွန်းမြို့။ Rakhine
21 စံ ရွေ့လျားစာကြည်တိုက် San Mobile Library  အုန်းပေါက်ရွာ၊ ရွှေဘိုမြို့။ Sagaing
22 သုတဘဏ် Knowledge Bank အုတ်နှဲဘုတ်ကျေးရွာ၊ မြောင်မြို့နယ်။ Sagaing
23 ရာစုနှစ်မီးအိမ် Century Lamp ရွှေဘိုမြို့။ Sagaing
24 နွေအရိပ်စာကြည့်တိုက် Summer Shelter Library တောင်ကြီးမြို့။ Shan
25 သုတပျိုးခင်းစာကြည့်တိုက် Thuta PoyeKin Library နန်းအွန်ရွာ၊  မြင်းမထိကျေးရွာအုပ်စု၊ ကလောမြို့နယ်၊  ရှမ်းပြည်နယ် (တောင်ပိုင်း)။ Shan
26 လင်းရောင်ခြည်စာကြည့်တိုက်(Y.D.I.C) Linyaungchi Library (Young Development & Information Center)  ဒိုးပင်ရွာ၊ မိုးမိတ်မြို့နယ် ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)။ Shan
27 အဖြူရောင်လူငယ်များဖွံဖြိုးရေးစင်တာ White Youth Development Centre မြိတ်မြို့။ Taninthayi
28 Dawei Millennium Centre Dawei Millennium Centre ထားဝယ်မြို့။ Taninthayi
29 ပထက်စာကြည့်တိုက် Pahtet library ပထက်ရွာ၊ မအိုင်ကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်။ Taninthayi
30 အနာဂတ်သစ် New Future ကမြာကင်းရွာ ၊ လောင်းလုံးမြို့နယ်။ Taninthayi
31 အလင်းရောင်စာကြည့်တိုက် Alinyaung Library မင်္ဂလာဒုံမြို့။ Yangon
32 သုတအလင်းရောင် ThuTaAlinYaung ဒေးပေါက်ကျေးရွာ၊ခရမ်းမြို့နယ်။ Yangon
33 သုခမိန် Thukamain ရွှေဘိုစုကျေးရွာ၊ ခရမ်းမြို့နယ်။ Yangon

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က Tech Age Girls (နည်းပညာခေတ်ရဲ့ ပျိုမေများ)  အစီအစဉ်ကို ပံ့ပိုးပေးခြင်းနှင့်ပတ်သတ်ပြီး “မြန်မာနိုင်ငံမှာ Tech Age Girls အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ခွင့်ရရှိနိုင်ဖို့ နှစ်စဉ် ဆက်လက်ပံ့ပိုးခွင့်ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ မြန်မာအမျိုးသမီးငယ်လေးတွေကို ဒစ်ဂျစ်တယ်စွမ်းရည်နဲ့ ခေါင်းဆောင်မှုပိုင်း ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေ အလေးထား ဖန်တီးပေးခြင်းဟာ လူတစ်ဦးတစ်ယောက်တည်းကိုသာမက ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းရဲ့ တိုးတက်မှုနဲ့ သာယာဝပြောရေးကိုပါ ပံ့ပိုးမြှင့်တင်ပေးရာကျတယ်လို့ ယုံကြည်ပါတယ်” ဟု စိတ်အားထက်သန်စွာဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။

အူရီဒူးမြန်မာမှ ပံ့ပိုးပေးထားပြီး Succor Foundation မှ စီစဉ်ဆောင်ရွက်သည့် ၎င်းအစီအစဥ်သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကျား မ ကွာဟချက်များနှင့် ဒစ်ဂျစ်တယ် ကွဲပြားခြားနားမှုများအကြား ပေါင်းကူးဆက်သွယ်ကာ ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် မိမိတို့၏ လူမှုအသိုင်းအဝိုင်းအသီးသီးကို ပြန်လည်အကျိုးပြုမည့် ထူးချွန်သည့် အမျိုးသမီးငယ်လေးများကို မွေးထုတ်ရန် ရည်ရွယ်သည်။

Image: ooredoo

Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်တွင် အပိုင်း (၃) ပိုင်း ပါဝင်ပြီး အမျိုးသမီးငယ်‌လေးများ၏ လူမှုဘဝတိုးတက်ရေးအတွက် လိုအပ်သည့် စွမ်းရည်များ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။ ပထမပိုင်းတွင် ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဒုတိယပိုင်းတွင် ခေါင်းဆောင်မှုစွမ်းရည်၊ အသင်းအဖွဲ့လိုက် ဆောင်ရွက်ခြင်း၊ စီမံကိန်းများအား စီမံခန့်ခွဲခြင်း၊ ဆန်းသစ်စွာ တွေးခေါ်ခြင်း၊ ဖန်တီးနိုင်စွမ်းရှိပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်ခြင်း၊ ရပ်ရွာအကျိုးပြုစီမံကိန်းများကို စီစဉ်ဆောင်ရွက်ခြင်းဆိုင်ရာ လေ့ကျင့် သင်ကြားမှုများစသဖြင့် လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာနှင့် အများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားမှုများပြီးနောက် အမျိုးသမီးငယ်လေးများအနေဖြင့် မိမိတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ရပ်ရွာအကျိုးပြုစီမံကိန်းများအား တင်ဆက်ရမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ထူးချွန်သည့် သင်တန်းသူ ၄၀ ဦး‌ကို ရွေးချယ်သွားမည်ဖြစ်သည်။ တတိယပိုင်းတွင် ရွေးချယ်ခံရသူများအနေဖြင့် ခေါင်းဆောင်မှုထိပ်သီး အစည်းအဝေး တက်ရောက်ရမည်ဖြစ်ပြီး မိမိတို့ နေရပ်ဒေသအသီးသီးအတွက်  ရပ်ရွာအကျိုးပြုစီမံကိန်းများ ပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် အထူးလေ့ကျင့်ရေးသင်တန်များနှင့် ဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်တွင် ပါဝင်တက်ရောက်သူများသည် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားသည့် လေ့ကျင့်မှုများမှ တစ်ဆင့် လူမှုဆက်ဆံရေးစွမ်းရည်မှစ၍ နည်းပညာဆိုင်ရာ ပရော်ဖက်ရှင်နယ် လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည်အထိ လေ့လာသင်ယူနိုင်မည်ဖြစ်သည်။ ယခုသင်တန်း အစီအစဥ်တွင် ပါဝင်သူများသည် မိမိတို့၏ လူမှုဝန်းကျင်အသီးသီးမှာ အရည်အချင်းပြည့်ဝသော အနာဂတ်ရဲ့ ခေါင်းဆောင်များအဖြစ် တာဝန်ယူဆောင်ရွက်စေနိုင်ရန် ယုံကြည်မှုနှင့် စိတ်ဓာတ်ခွန်အားတို့ကို မြှင့်တင်ပေးရန် မျှော်လင့်ထားသည်။