အူရီဒူးမြန်မာမှ မတ်လအတွက် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဉ်၏ ရွှေ (၅) ကျပ်သားဆု ကံထူးရှင် (၃) ဦးအား ဆုချီးမြှင့်

အူရီဒူးမြန်မာသည်‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်၏ ရွှေ (၅) ကျပ်သားဆု ကံထူးရှင် (၃)ဦးအား ဆုချီးမြှင့်ပွဲအခမ်းအနားကို အူရီဒူးမြန်မာရန်ကုန်ရုံးချုပ်၌  ဧပြီလ (၂၈) ရက်တွင် ကျင်းပခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လအတွက် ကံထူးရှင်ရွေးချယ်ပွဲအား ဧပြီလ (၆) ရက်တွင် အူရီဒူးမြန်မာ Facebook Page မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်၍ ကံစမ်းမဲနှိုက်ရွေးချယ်ကာ ကံထူးရှင်များအား ဖုန်းခေါ်ဆိုအကြောင်းကြားခဲ့ခြင်းဖြစ်ပါသည်။

Image: ooredoo

အူရီဒူး၏ ‘ချွင် ချွင် ချွင်’ သည် အူရီဒူးသုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြုလုပ်ပေးသည့် အဓိကအစီအစဉ်များထဲမှ တစ်ခုဖြစ်ပြီး ၎င်းတွင်ပါဝင်ရန် *555# အားဖုန်းခေါ်ဆို စာရင်းသွင်းကာ  ၉၉၉ ကျပ် နှင့် အထက် ဒေတာ (သို့မဟုတ်) ဖုန်းခေါ်ဆိုမှုပက်ကေ့ချ်၀ယ်ယူသူတိုင်း လစဥ် ရွှေ (၅)ကျပ်သားဆု ကံထူးနိုင်သည့် အစီအစဥ်တစ်ခုဖြစ်ပါသည်။ အူရီဒူးမှ ဆင်းကတ်မှတ်ပုံတင်ရန် မက်ဆေ့ရရှိထားသည့် သုံးစွဲသူများအနေဖြင့်လည်း ၎င်းတို့၏ ဆင်းကတ်များအား မှန်ကန်သော မှတ်ပုံတင်ဖြင့် ပြန်လည် မှတ်ပုံတင်ပြီးနောက် ရွှေ (၅)ကျပ်သားဆုကံထူးနိုင်သည့် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Acting CEO ဒေါ်ထားသန့်ဇင်က “ရွှေဆိုတာဟာ ကျွန်မတို့ မြန်မာလူမျိုးတွေအတွက် အထူးတန်ဖိုးထားရတဲ့ ရတနာတစ်မျိုးဖြစ်ပါတယ်။ ရွှေက တန်ဖိုးကျတာမျိုး လုံးဝမရှိသလို ရှိတန်ဆာ မရှိဝမ်းစာဆိုတဲ့အတိုင်း လိုအပ်တဲ့အခါမျိုးမှာလည်း မိမိတို့ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အချိန်မရွေး ပြန်လည်ရောင်းချ အသုံးပြုနိုင်တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အူရီဒူးသုံးစွဲသူတွေကို အခြား ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေထက် တကယ့်ကို တန်ဖိုးရှိတဲ့ ရွှေသားဆုကြီးတွေ ရွေးချယ်ပေးအပ်နေတာပဲဖြစ်ပါတယ်။ အူရီဒူး “ချွင်ချွင်ချွင်” အစီအစဉ်ရဲ့ ယခင် အထူးရွှေဆုကြီးတွေ ကံထူးခဲ့ကြတဲ့ ကံထူးရှင်တွေရဲ့ ကောင်းမွန်တိုးတက်တဲ့ဘဝအပြောင်းအလဲတွေကိုလည်း ကျွန်မတို့အနေနဲ့ ကျေနပ်အားရစွာ တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် အခြားသုံးစွဲသူတွေလည်း ဒီလိုမျိုးကံထူးခွင့်တွေရရှိအောင် အူရီဒူးအနေနဲ့ “ချွင်ချွင်ချွင်” ကံစမ်းမဲအစီအစဉ်ကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဒီမတ်လကစပြီး ရွှေ (၅) ကျပ်သားဆု ၃ ဆုစီကို  လစဉ် ဆက်လက်ပေးအပ်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Image: ooredoo

မတ်လအတွက်  ချွင်ချွင်ချွင် ကံထူးရှင်များအား ရွှေ (၅) ကျပ်သား ကံထူးကြောင်း အူရီဒူးမှ ဆက်သွယ် အကြောင်းကြားရာတွင် ၎င်းတို့အနေဖြင့် မမျှော်လင့်သော ကံထူးမှုကြီးအတွက် လွန်စွာဝမ်းသာအံ့အားသင့် စေခဲ့ပါသည်။ ကံထူးရှင် (၃) ဦးသည် အူရီဒူး ချွင်ချွင်ချွင်၏ ရွှေဆုကြီးများ ကံထူးမှုအတွက် ၎င်းတို့၏ အတွေ့အကြုံများအား အသီးသီးမျှ၀ေခဲ့ကြပါသည်။ ကံထူးရှင် (၃) ဦးအနက် တစ်ဦးဖြစ်သည့်   ဧရာ၀တီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်မှ မနှင်း၀ေလှိုင်က သူမ၏ ဆင်းကတ်ကို အောင်မြင်စွာပြန်လည် မှတ်ပုံတင်ခြင်းဖြင့် ကံစမ်းမဲအစီအစဉ်တွင် အလိုအလျောက်ပါဝင်ကာ ရွှေ (၅) ကျပ်သားဆုကြီး ကံထူးခဲ့ခြင်း ဖြစ်ပါသည်။ သူမသည် အူရီဒူးအား လွန်ခဲ့သည့် (၆) နှစ်မှစ၍ သုံးနေခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏ အတွေ့အကြုံကို ယခုလိုမျှ၀ေခဲ့ပါသည်။ “အူရီဒူးကနေ အခုလို ကံကောင်းမှုကြီး ယူဆောင်လာပေးလို့ တကယ့်ကို အံ့သြပျော်ရွှင်ရပါတယ်။ အူရီဒူးရဲ့ အင်တာနက်ရော ဖုန်းခေါ်တဲ့၀န်ဆောင်မှုရော နှစ််မျိုးစလုံးကို ကြိုက်ပါတယ်။ ဒါကြောင့်  ဆင်းကတ်တွေ အပိတ်မခံရအောင် အမည်ပေါက်ပြန်လည်မှတ်ပုံတင်ဖို့ လိုတာကို သိရလို့ ကျွန်မရဲ့ အူရီဒူးကတ်လေးကို မဆုံးရှုံးရအောင် ပြန်ပြီးမှတ်ပုံတင်လိုက်တာပါ။ ကံစမ်းမဲ ဘာညာရမယ် ဆိုတာလည်း မသိပါဘူး။ ဒီလိုကံထူးသွားတော့ ပြောမပြတတ်အောင် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒီဆုကနေရရှိလာတဲ့ပိုက်ဆံနဲ့ ပထမဆုံး ရွာကဘုန်းကြီးကျောင်းမှာ သိမ်ဆောက်ဖို့ အလှူထည့်မယ်။  ကျန်တာကိုတော့ ရှေ့ရေးတိုးတက်ရာတိုးတက်ကြောင်းအတွက် သုံးမယ်” ဟု ပြောကြားခဲ့ပါသည်။

နောက်ထပ်ကံထူးရှင်တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှ ကိုမိုးဟိန်းခန့်က “ကျွန်တော်က အွန်လိုင်းမှာ ဂိမ်းကစားဖို့အတွက် အူရီဒူး ဒေတာပက်ကေ့ချ်၀ယ်တာခင်ဗျ။ အဲကနေ ရွေ (၅) ကျပ်သားဆု ကံထူးတယ်ဆိုတာ ကျွန်တော့်အတွက် တကယ့်ကို မယုံနိုင်စရာပါပဲ။ အရမ်းလည်း ၀မ်းသာရတယ်။ အူရီဒူးကနေ ပက်ကေ့ချ်တွေ မကြာခဏ ၀ယ်ပေမဲ့ ဒီလောက်အကြီးကြီး ကံထူးလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဗျ။ ပထမဦးဆုံးအနေနဲ့ ရရှိလာမယ့်ဆုထဲက ဝေစုအချို့ကို ရပ်ကွက်ထဲမှာ အလှူအတန်း လုပ်မယ်၊ ပြီးရင် ကျန်တာကိုတော့ ကျွန်တော့်ဘ၀ တိုးတက်ဖို့အတွက် သုံးမယ်။” ဟု ပြောကြားခဲ့ပါသည်။

Image: ooredoo

“ရွှေဆုကံမထူးခင် အူရီဒူးနဲ့ ပတ်သက်ပြီး ဘာတွေကံကောင်းခဲ့သေးလဲဆိုရင် အရင်က My Ooredoo App မှာ ဒုန်းဒုန်းဒုန်း ကစားပြီး ဒေတာ 10GB ဆု ပေါက်ဖူးတယ်။ အူရီဒူးကို သုံးတာ (၂) နှစ်လောက်ရှိပြီဗျ။ အူရီဒူးရဲ့၀န်ဆောင်မှုတွေကိုလည်း ကြိုက်တယ်။ အထူးသဖြင့် ဖုန်းခေါ်ရင် အသံကြည်လင်ပြတ်သားတာရယ် ဒေတာ၀န်ဆောင်မှုမြန်ဆန်ကောင်းမွန်တာရယ်ကို ပိုကြိုက်ပါတယ်” မှော်ဘီမြို့နယ်မှ ကိုမိုးဟိန်းခန့်က  ဆက်လက်  ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ တံခွန်တိုင်ရပ်ကွက်နေ ကိုပြည့်ဖြိုးအောင်က “အူရီဒူးကနေ ချွင်ချွင်ချွင် ကံထူးရှင်ရွေးပွဲမှာ  ကျွန်တော် ရွှေဆုပေါက်တယ်လို့ အကြောင်းကြားတဲ့အချိန်မှာ ပထမတော့ မယုံဘူးဗျ။ အဲဒါကြောင့် အူရီဒူးမြန်မာ Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်လိုက်တာ၊ တကယ်ကြီး ကံထူးတာဆိုတော့ အရမ်း၀မ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။ အူရီဒူးသုံးလာတာ (၁) နှစ်နီးပါးရှိပါပြီ။ အူရီဒူးရဲ့ အရမ်းမြန်တဲ့ အင်တာနက်လိုင်းဆွဲအားနဲ့ ဂိမ်းတွေဆော့ရတာ ကြိုက်တယ်။ အခုလောလောဆယ်တော့ မြေအရင်၀ယ်ထားမယ်ဗျ။ ခုလို အရမ်းတန်ဖိုးရှိတဲ့ ဆုကြီးတွေပေးလို့ အူရီဒူးကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Image: ooredoo

အူရီဒူးမြန်မာသည် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်အား ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ (၁) ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ပါသည်။ ဤပရိုမိုးရှင်းအစီအစဥ်မှ အူရီဒူးမြန်မာသည် နေ့စဥ်ရွှေတစ်မတ်သားဆုပေါင်း ၁၈၃ ဆုနှင့် ယခု ဧပြီလအထိဆိုလျင် အထူးဆုကြီးများဖြစ်သည့် ရွှေ (၁၀) ကျပ်သားဆု ၃ ဆုနှင့် (၅) ကျပ်သားဆု                       (၃) ဆု တို့ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။

အူရီဒူးသုံးစွဲသူများ၏ ရွှေရောင်အိပ်မက်များအား ဖြည့်ဆည်းပေးခြင်းဖြင့် ၎င်းတို့၏ ဘ၀များအား ပိုမိုတိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည့်အတွက် အူရီဒူးမြန်မာမှ ဒီရွှေဆုများ ကံစမ်းမဲအစီအစဉ် “ချွင်ချွင်ချွင်” ကို တစ်လလျှင် ရွှေ (၅) ကျပ်သားဆု ၃ ဆုအား ဧပြီနှင့် မေလများတွင်လည်း ဆက်လက် ချီးမြှင့်သွားမည်ဖြစ်ပါသည်။   အူရီဒူးသုံးစွဲသူများအနေဖြင့် “ချွင် ချွင် ချွင်” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရန် *555# အား တစ်ကြိမ်ခေါ်ဆိုစာရင်းသွင်းကာ  ၉၉၉ ကျပ်နှင့် အထက် ဒေတာနှင့် ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်များ၀ယ်ယူခြင်းဖြင့် လစဥ် ရွှေဆုကံထူးနိုင်မည့်အခွင့်အရေးရရှိနိုင်မည်ဖြစ်ပါသည်။