အူရီဒူးမြန်မာ၏ ပံ့ပိုးမှုနှင့်အတူ Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဉ် ၂၀၂၃-၂၀၂၄ ၏ ပထမပိုင်းတွင် အမျိုးသမီးငယ် ၂၅၀ ကို ဒစ်ဂျစ်တယ်နည်းပညာများ သင်ကြားပေးလျက်ရှိ

အူရီဒူးမြန်မာမှ အဓိကပံ့ပိုးပေးထားသည့် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဉ် ၂၀၂၃ – ၂၀၂၄ ၏ ဆရာဖြစ်သင်တန်း ပထမပိုင်းကို သြဂုတ်လတွင်ပြုလုပ်ခဲ့ပြီးနောက် တက်ရောက်ခဲ့သည့် သင်တန်းနည်းပြများမှ ၎င်းတို့နေထိုင်ရာ ရပ်ရွာအသီးသီးရှိ စာကြည့်တိုက်ပေါင်း ၃၃ ခုတို့တွင် ဒစ်ဂျစ်တယ်သတင်းအချက်အလက်ဆိုင်ရာကျွမ်းကျင်မှု (Digital Information Literacy)  သင်တန်းအား ပြန်လည်သင်ကြားပို့ချပေးလျက်ရှိပြီး မြန်မာနိုင်ငံအနှံ့အပြားမှ အမျိုးသမီးငယ် အယောက် ၂၅၀ မှ ပါဝင်တက်ရောက်လျက်ရှိပါသည်။

Image: ooredoo

Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဉ် ၂၀၂၃ – ၂၀၂၄ ပထမပိုင်းမှာ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃လတာ ကြာမြင့်မည်ဖြစ်ပြီး ကွန်ပျူတာသင်တန်းနှင့်အတူ ICT နည်းပညာ၊ နည်းပညာဆိုင်ရာ အသုံးချအက်ပလီကေးရှင်းများကို ထိရောက်စွာ အသုံးပြုနည်းနှင့် ဒစ်ဂျစ်တယ် နည်းပညာကိုအသုံးပြု၍ ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ အသိပညာရပ်များကို မျှဝေ သင်ကြား ပို့ချပေးလျက်ရှိပါသည်။

Image: ooredoo

“အူရီဒူးမြန်မာက အဓိကပံ့ပိုးပေးထားတဲ့ Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဉ်ဟာ မြန်မာအမျိုးသမီးငယ်လေးတွေအတွက် နည်းပညာကို ကောင်းမွန်အကျိုးရှိစွာ အသုံးပြုနိုင်ပြီး သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းအသီးသီးဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်အကျိုးပြုနိုင်စေဖို့ ရည်ရွယ် ထားပါတယ်။ သင်တန်းကတစ်ဆင့် အကောင်းဆုံးရလဒ်တွေ ရရှိနိုင်ဖို့ စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများဖြင့် အဖွဲ့လိုက်လုပ်ဆောင်မှုတွေ၊ တစ်ဦးချင်းအစီရင်ခံတင်ပြခြင်းတွေ ပါဝင်တဲ့အတွက် ဒီအစီအစဉ်မှာပါဝင်တဲ့ အမျိုးသမီးငယ်လေးတွေဟာ မိမိကိုယ်ကိုယုံကြည်မှုရှိပြီး ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးလေးတွေဖြစ်လာအောင် ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Tech Age Girls မြန်မာအစီအစဉ်၏ Project Manager မပိုးအိဇာက ပြောကြားသည်။

Image: ooredoo

Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်သည် တစ်နှစ်တာ ကြာမြင့်မည့် အစီအစဉ်ဖြစ်ပြီး မြန်မာအမျိုးသမီးငယ်လေးများကို ဒစ်ဂျစ်တယ်နှင့် ခေါင်းဆောင်မှုစွမ်းရည်များကို ပံ့ပိုးမြှင့်တင်ပေးခြင်းဖြင့် ဒစ်ဂျစ်တယ်နည်းပညာခေတ်တွင် ထူးချွန်ထက်မြက်သည့် အမျိုးသမီး ခေါင်းဆောင်များပေါ်ပေါက်လာနိုင်စေရန် ရည်ရွယ်ထားသည်။ အစီအစဉ်တွင် အခန်းကဏ္ဍ (၃) ခု ပါဝင်မည် ဖြစ်ပြီး ပထမပိုင်းအနေဖြင့် ဒစ်ဂျစ်တယ်အချက်အလက်ဆိုင်ရာကျွမ်းကျင်မှု (DIL)၊ ဒုတိယပိုင်းတွင် ၂၁ ရာစု စွမ်းရည်များဖြစ်သော ခေါင်းဆောင်မှုပိုင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုပိုင်း၊ အများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှုများ၊ စီမံကိန်းများ စီမံခန့်ခွဲခြင်းနှင့် တတိယပိုင်းတွင် ဆုရအမျိုးသမီးငယ်များအတွက် ခေါင်းဆောင်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (Leadership Summit) တို့ ပါဝင်မည်ဖြစ်ပါသည်။