ကမ္ဘာကပ်ဆိုးကြားတွင် Avis Myanmar သည် ကားအစီးရေအသစ်များနှင့်ရုံးခွဲအသစ်များအတွက် USD ၄ မီလီယံကိုရင်းနှီးမြှုပ်နှံ

ကမ္ဘာထိပ်တန်း car rental ကုမ္ပဏီ Avis သည်ရောဂါကပ်ဆိုးCOVID-19 ကာလကြားတွင်သူ၏အောင်မြင်မှုမှတ်တိုင် အတွက်မြန်မာနိုင်ငံတွင်ဆက်လက်လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းများ၊ရင်းနှီးမြုပ်နှံမှုများနှင့်အတူတစ်နှစ်ပြည့်အထိမ်းအမှတ်ကိုမှတ်တိုင်ထူခဲ့သည်။ Avis ကုမ္ပဏီသည်ဒေသခံသို့မဟုတ်နိုင်ငံတကာ လုပ်ငန်းများမှတစ်ဦးချင်းသာမက အဖွဲ့လိုက် သုံးစွဲသူများကို ကမ္ဘာအဆင့်မှီလချုပ်/နှစ် ချုပ်ကားအဌားဝန်ဆောင်မှုများကို ကားအသစ်များဖြင့် အထူးဝန်ဆောင်ပေးလျက် ရှိသည်။
ကမ္ဘာရောဂါကပ်ဆိုးCOVID-19 သည် ကမ္ဘာစီးပွားရေးနှင့်နိုင်ငံရေးအခြေအနေများကိုသိသာစွာပြောင်းလဲစေခဲ့သည်။ မြန်မာနိုင်ငံတွင် အတည်ပြုလူနာဦးရေများပြားလာသည်နှင့်အညီ စီးပွားရေးလုပ်ငန်းများအထူးသဖြင့်ခရီးသွားလာရေး လုပ်ငန်းများအပေါ်သိသာစွာအကျိုးသက်ရောက်မှုရှိသည်။

Photo Source https://www.avis.com

Avis Myanmar သည်လက်ရှိအကျပ်အတည်းအခက်အခဲကာလကို ကျော်လွန်ပြီးပါကနိုင်ငံ၏တိုးတက်လာမည့် အလား အလာကိုယုံကြည်သောကြောင့် ၂၀၂၁ တွင် ခန့်မှန်းခြေ ဒေါ်လာ ၄ မီလီယံဖြင့် ကားအစီးအရေ အတွက်ကို ၃ ဆ တိုးစေပြီး ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သည်။
“ကျွန်မတို့က လက်ရှိမှာရောဂါကပ်ဆိုးကြောင့် မြန်မာနိုင်ငံရဲ့တချို့စီးပွားရေးတွေမှာ အခက်အခဲအကျပ်အတည်းတွေ ရင်ဆိုင်နေရပေမဲ့ တိုင်းပြည်ရဲ့ရေရှည်စီးပွားရေးတိုးတက်မှုအပေါ်ယုံကြည်မှုရှိပါတယ်။ မြန်မာနိုင်ငံဟာ အခက်အခဲအချိန် ကာလတစ်ခုကို ကျော်ဖြတ်ပြီးတိုင်းပြည်ရင်းနှီးမြုပ်နှံမှုကိုတိုးမြင့်စေနိုင်မည့်စီးပွားရေး တိုးတက်မှုကို ပြန်လည်ရရှိမှာဖြစ်သလို ကျွန်မတို့ရဲ့လုပ်ငန်းဝန်ဆောင်မှုသုံးစွဲသူများကိုအထူးကောင်းမွန်သောဝန်ဆောင်ပေးနိုင်ရန်အခွင့်အရေးရရှိမည် လို့ ယုံကြည် ပါတယ်”ဟု Avis Myanmar ၏ General Managerဖြစ်သူ Ms. Prasoporn Tansupasiri ကပြောကြားသည်။
ရောဂါဖြစ်ပွားနေခြင်းကြောင့်နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့်ခရီးသွားများလာရောက်လည်ပါတ်နိုင်မှုတွင်ကန့်သတ်ထားချက်များရှိပါသဖြင့်ကားအဌားလုပ်ငန်းအပေါ်ကြီးမားစွာအကျိုးသက်ရောက်လျက်ရှိသည်။
“ကပ်ရောဂါဆိုး Covid-19 အကျိုးသက်ရောက်မှုကတစ်ခြားစီးပွားရေး ကဏ္ဍများကဲ့သို့ကားအဌားလုပ်ငန်းတွေပေါ်မှာ လည်းမခြွင်းချန်ပဲသက်ရောက်ပါတယ်။ ကမ္ဘာ့ကားအဌားလုပ်ငန်းအပေါ် ကပ်ရောဂါအကျိုးသက်ရောက်မှုကြောင့် အခက်အခဲ များစွာရှိပြီး Avis ၏ ရေတိုနေ့တပိုင်းကားအငှားလုပ်ငန်းဝန်ဆောင်မှု အထူးသဖြင့်ဟိုတယ် သုံးဇိမ်ခံကားအသုံးပြုမှုသည် ခရီးသွားလာရေးကန့်သတ်မှုများပိုမိုတင်းကြပ်လာခြင်းကြောင့် ၂၀၂၀ ခုနှစ် Q1 မှစပြီး လက်ရှိအချိန်အထိ သိသိသာသာလျော့ကျခဲ့ပါတယ်” ဟု Avis Myanmar ၏ General Managerဖြစ်သူ Ms. Prasoporn Tansupasiri မှပြောကြားသည်။

Photo Source https://www.avis.com

Avis Myanmar သည်မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) မှထုတ်ပြန်ထားသော Covid-19 ကာကွယ်ရေးလမ်းညွန်ချက်များနှင့်သာမက Avis Global Operational Readiness Health and Safety Standards မှသတ်မှတ်ထားသော ကျန်းမာရေးနှင့်လုံခြုံရေးစံသတ်မှတ်ချက်များနှင့်အညီ စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင် သွားမည်ဖြစ်သည်။ Covid-19 ရောဂါဆိုးအကျိုးသက်ရောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန်ဝန်ဆောင်မှုသုံးစွဲသူများ၏ အကြိုက်နှင့်ကိုက်ညီသောအပိုထပ်ဆောင်းဝန်ဆောင်မှုအသစ်များကို Avis Myanmar မှမိတ်ဆက်ပေးသွားမည်ဖြစ်သည်။
Avis သည် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်များဖြစ်သော နေပြည်တော်နှင့်မန္တလေးမြို့တို့တွင် ရုံးခွဲအသစ်များဖွင့်လှစ်ပေး သွားရန်အစီအစဉ်ရှိပါသည်။ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်ပေါင်း ၅၀ ခန့်ကို ဖန်တီးပေးသွား မည်ဖြစ်သလိုဝန်ထမ်းများစွမ်းဆောင်ရည်မြင့်တင်ပေးရန်သင်တန်းများလည်းပေးသွားမည်ဖြစ်သည်။
Avis သည် ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံပေါင်း ၁၈၀ နိုင်ငံတွင် နေရာပေါင်း ၅,၅၀၀ ခန့်တွင် လုပ်ငန်းများဆောင်ရွက်လုပ် ဆောင်လျက်ရှိပါသည်။ Avis သည် ကားအဌားလောက၏တီထွင်ဖန်တီးမှုနယ်ပယ်၌ ရေရှည်သမိုင်းရှိပြီး Customer Loyalty ကဏ္ဍတွင်ကမ္ဘာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။ Avis, Budget, Zipcar, Payless, Apex Car Rentals, France Cars and Maggiore ကုမ္ပဏီတို့၏မူရင်းမိခင်ကုမ္ပဏီဖြစ်သော Avis Budget Group, Inc. (NASDAQ:CAR) သည် Avis ကိုပိုင်ဆိုင်ပါသည်။ ၎င်း Avis Budget Group, Inc. (NASDAQ:CAR) သည်ဝန်ဆောင်မူသုံးစွဲသူများအတွက် မည့်သည်ယာဉ်အမျိုးအစား (car, truck, van) များကိုမိမိစိတ်ကြိုက်အချိန်အတိုင်းအတာ (မိနစ်၊နာရီ၊ရက်၊လ) နှင့် မည့်သည့်ရည်ရွယ်ချက်မဆို (စီးပွားရေးသုံးနှင့်အပန်းဖြေ) အတွက်ကမ္ဘာတစ်ဝှမ်းနိုင်ငံပေါင်း ၁၈၀ ခန့်မှနေရာပေါင်း ၁၁,၀၀၀ ကျော်တွင် ထိပ်တန်းမော်တော်ယာဉ်အမျိုးအစားများစွာဖြင့်ဝန်ဆောင်မှုပေးလျက်ရှိသည်။
ပိုမိုသိရှိလိုပါကhttps://www.avis.com သို့လေ့လာနိုင်ပါသည်။