OPPO မှ “ခေါက်ရိုးမကျိုးတဲ့ ကမ္ဘာ” ဟု တင်စားရသည့် နောက်ဆုံးပေါ် Flagship Find N2 Flip ဖုန်းကို မြန်မာနိုင်ငံဈေးကွက် အတွင်း စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က “ခေါက်ရိုးမကျိုးတဲ့ ကမ္ဘာ” ဟူသော ဆောင်ပုဒ်နဲ့ အတူ စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ် OPPO Find N2 Flip ကို ဧပြီလ ၂၅ ရက်နေ့ တွင် မီဒီယာများကို စတင်မိတ်ဆက်ပြသခဲ့ပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း မြန်မာကျပ်‌ငွေ ၂,၉၉၉,၉၀၀ ဖြင့် ဝင်ရောက်လာမှာ ဖြစ်ကာ Astral Black နဲ့ Moonlit Purple ဟူ၍ အရောင် ၂ ရောင်ဖြင့် နီးစပ်ရာ OPPO အရောင်း ကောင်တာတွေမှာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

OPPO Find N2 Flip မှာ မြင်နေကျ မဟုတ်တဲ့ ဆန်းသစ်ထားတဲ့ အကြီးဆုံး ဒေါင်လိုက် Cover screen၊ ခေါက်ရာမကျိုးတဲ့ နည်းပညာ၊  စမ်းသပ်ထားတဲ့ အကြမ်းခံမှု ကြာရှည်ခံပြီး အားသွင်းမြန်ဆန်တဲ့ ဘက်ထရီ စသည်တို့လဲ ပါဝင်ကာ အဆင့်မြင့် ချောမွေ့ကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံများ ရရှိစေရန် ပေါင်းစပ်ဖန်တီးထားပါတယ်။ 

Find N2 Flip ဟာ ထွက်ရှိဖူးသမျှ Flip ဖုန်းတွေမှာ အကြီးဆုံး Cover Screen 3.26” နဲ့ ထုတ်လုပ်ထားပြီး Main Screen အနေဖြင့် အကျယ် 6.8” အရွယ် ရှိကာ Refresh Rate 120Hz နဲ့ AMOLED မျက်နှာပြင်ကို Cinematic 21 : 9 Aspect Ratio ဖြင့် ပြုလုပ်ပေးထားကာ ဖုန်းဘောင်ကိုလဲ အလူမီနီယမ်နဲ့ အနားသတ်ဖန်တီးထားပါတယ်။ OPPO Find N2 Flip ဟာ အလေးချိန်အားဖြင့် 191g သာရှိပြီး အထူ 7.45mm သာရှိတဲ့အတွက် ရိုးရှင်း၊ လှပ၊ ပါးလွှာတဲ့အပြင် ဖုန်းကို အရွယ်အစား တစ်ဝက်အထိ ခေါက်နိုင်တဲ့အတွက် အိတ်ကပ် သို့မဟုတ် အိတ်ထဲမှာ အလွယ်တကူ သိမ်းထားနိုင်စေသလို ကျစ်လစ်တဲ့ အရွယ်အစားနဲ့ Flip ဖုန်းတွေမှာ အကြီးဆုံး Cover Screen ကိုလဲ ပိုင်ဆိုင်စေမည်ဖြစ်ပါတယ်။ 

OPPO Find N2 Flip ကို Carbon Fiber အားဖြည့်ထားတဲ့ Polymer ဖြစ်တဲ့ Steel တပ်ဆင်ထားတဲ့အပြင် ပိုမိုကြာရှည်ခံတဲ့ Multi-Layer Screen Ultra-Thin Glass နဲ့ ထုတ်လုပ်ထားတာကြောင့် ခေါက်ရိုး အရေအတွက်တွေကို အကြိမ်ရေများများ ပြုလုပ်နိုင်တဲ့အထိ ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ အကြမ်းခံမှုကို စမ်းသပ်ရာမှာ TUV Rheinland ကနေ ခေါက်ရိုး အဖွင့်အပိတ် ပြုလုပ်မှု အကြိမ်ရေပေါင်း 400,000 ကို အစမ်းသပ်ခံနိုင်ကြောင်း အသိအမှတ်ပြု ရရှိထားပြီးဖြစ်ပါတယ်။ နောက်ပြီး Find N2 Flip ကို  အနိမ့်ဆုံး အပူချိန် -20º C နဲ့ 95% Humidity ရှိတဲ့ အမြင့်ဆုံး အပူချိန် 50º C ရှိတဲ့ 28 Cycles Per Min အခြေအနေမှာ အဖွင့်အပိတ် အကြိမ်ရေပေါင်း  ၁၀၀,၀၀၀ စမ်းသပ်ထားတာပဲဖြစ်ပါတယ်။ ဒီ Flexion Hinge အသစ်ဟာ ပိုမိုကောင်းမွန်တဲ့ တာရှည်ခံမှု၊ ကွာဟမှုမရှိတဲ့ ဒီဇိုင်း၊ ခေါက်ရိုး မကျိုးတဲ့ ကမ္ဘာလို့ တင်စားရတဲ့အထိ မမြင်နိုင်တဲ့ ခေါက်ရာနဲ့ FlexForm Mode ကိုလဲ အသုံးပြုနိုင်စေမှာပါ။ 

“ခေါက်ရိုးမကျိုးတဲ့ ကမ္ဘာ” ဟူသော ဆောင်ပုဒ်အတိုင်းပင် OPPO FindN2 Flip ဟာ အခြား ခေါက်နိုင်တဲ့ Flip ဖုန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ခေါက်ရာထင်ရှားသိသာမှုကို လျှော့ချပြီး  ပိုမိုကောင်းမွန်တဲ့ ခေါက်ရာတွေအဖြစ် ပြောင်းလဲဖို့ Flexion Hinge ကို တီထွင်ဖန်တီးလိုက်ကာ U-shape အစား Waterdrop ပုံစံဒီဇိုင်းနဲ့ ပတ္တာကို လုပ်ဆောင် ပေးသောကြောင့် Display  မှာ အလွန်သေးငယ်တဲ့ ခေါက်ရာလေးတွေအဖြစ် လျှော့ချလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီ Flexion Hinge နည်းပညာဟာ ပိုသေးငယ်ပြီး Original Find N ဖုန်းထက် 63% ပိုကျဉ်းမြောင်းတဲ့ ခေါက်ရာတစ်ခု ဖြစ်စေမှာပါ။

 

OPPO Find N2 Flip ကို Astral Black နဲ့ Moonlit Purple ဆိုပြီး အရောင် ၂ ရောင်နဲ့ ထုတ်လုပ်ထားပါတယ်။ Astral Black အရောင်ကို အလင်းရောင်ထဲမှာ လင်းလက်တောက်ပပြီး ချောမွေ့တဲ့ Texture ပိုင်ဆိုင်စေမဲ့ Matte – Glass ကို OPPO Glow နည်းပညာနဲ့ ထုတ်လုပ်ထားပါတယ်။ Moonlit Purple အရောင်ကိုတော့ သမားရိုးကျ Glossy Glass မဟုတ်ပဲ OPPO ရဲ့ အထူးနည်းပညာဖြစ်တဲ့ နူးညံ့တောက်ပတဲ့ Texture ပါဝင်အသုံးပြုထားတာကြောင့် လက်ဗွေရာ ထင်ကျန်မှု နည်းပါးစေပြီး လှပတဲ့အသွင်ကို ပေးစွမ်းနိုင်ပါတယ်။

ထူးခြားချက်အနေဖြင့် Find N2 Flip ရဲ့ Main Camera ကို ကင်မရာထုတ်လုပ်မှုအပိုင်းမှာ နာမည်ကြီးတဲ့ Hasselblad နဲ့ ပူးတွဲ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Main camera အနေဖြင့် Flagship-level Sony IMX 890 Sensor တပ်ဆင်ထားတဲ့ 50 MP နဲ့ Secondary Camera 8 MP ပါဝင်ပြီး Front Camera မှာဆိုရင် 32 MP ပါဝင်တဲ့ Flagship-level Sony IMX 709 တို့အပြင် Marisilicon X Imaging CPU စနစ်ပါဝင်တာကြောင့် အထူးကြည်လင် ပြတ်သားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Find N2 Flip မှာ Dual Preview ကို အသုံးပြုပြီး Main Screen နဲ့ Cover Screen မှာ ကင်မရာပုံရိပ်တွေကို မရိုက်ကူးခင် တစ်ပြိုင်တည်း ကြည့်နိုင်မှာဖြစ်တာကြောင့် ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်ကူးတဲ့အခါ ပေါ်လာမည့် ပုံရိပ်တွေကိုလဲ လွယ်လွယ်ကူကူ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဒါအပြင် ၄၅ ဒီဂရီ ကနေ ၁၁၀ ဒီဂရီကြား ခေါက်ထားနိုင်မဲ့ FlexForm Mode ပါဝင်တဲ့အတွက် Find N2 Flip ကို လက်နဲ့ တစ်ချိန်လုံး ထိန်းနေစရာမလိုဘဲ အသုံးပြုနိုင်မည်ဖြစ်ပါတယ်။ Group Selfie ရိုက်တဲ့အခါ စားပွဲပေါ်မှာ FlexForm Mode ဖြင့် ဖုန်းကို စားပွဲပေါ်တင်ပြီး လက်ဟန်ပြရုံနဲ့ Main camera က တစ်ဆင့် ရိုက်ကူးနိုင်တဲ့ အထူးကြည်လင် ပြတ်သားတဲ့ Group Selfie ပုံ တွေကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို Crop လုပ်တဲ့အခါမှာလဲ Main camera 50 MP နဲ့ ရိုက်ကူးထားတဲ့အတွက် ဓာတ်ပုံတွေဟာ အထူး ကြည်လင် ပြတ်သားနေဦးမှာဖြစ်ပါတယ်။ 

OPPO FindN2 Flip ဟာ အရွယ်အစားအနေနဲ့ သေးငယ်ပေမဲ့လဲ ခေါက်လို့ရတဲ့ Flip ဖုန်းတွေထဲတွင် အကြီးမားဆုံး ဘက်ထရီတစ်ခုဖြစ်တဲ့ 4300 mAh ဘက်ထရီပါဝင်ပြီး OPPO ရဲ့ Fast Charging စနစ် 44W SUPERVOOC ပါဝင်လာတဲ့အတွက် ၁၅ မိနစ် အားသွင်းရုံနဲ့ ဘက်ထရီ 34% ရရှိနိုင်မှာဖြစ်ကာ တစ်နာရီမပြည့်ခင် အားအပြည့် 100% သွင်းနိုင်မှာဖြစ်ပါတယ်။ 

OPPO FindN2 Flip မှာ Storage အနေနဲ့ RAM 8 GB နဲ့ ROM 256 GB ပါဝင်ပြီး Media Tek 4nm Dimensity 9000+ Chip ကို အသုံးပြုထားသည့်အတွက် ဖုန်းသုံးစွဲသူတိုင်းအတွက် ချောမွေ့တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အပြင် OPPO ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Android 13 ကို အခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS Version 13 ကိုလဲ အသုံးပြုပေးထားပါတယ်။

ခေါက်ရိုးမကျိုးတဲ့ ကမ္ဘာ ဆောင်ပုဒ်နဲ့ ထွက်ရှိလာတဲ့ OPPO Find N2 Flip ကို မြန်မာကျပ်‌ငွေ ၂,၉၉၉,၉၀၀ ဖြင့် မြန်မာနိုင်ငံရှိ OPPO အရောင်းကောင်တာတွေမှာ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။  OPPO Find N2 Flip နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက ဒီ လင့်ကနေ တစ်ဆင့် https://bit.ly/3Ay4AgJ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။