AI အကြောင်းလေ့လာလိုသူတွေအတွက် Microsoft ရဲ့ Generative AI for Beginners Course

၂၀၂၃ ခုနှစ်မှာ Artificial Intelligence (AI) တွေရဲ့ တိုးတက်ပြောင်းလဲလာမှုက လူတိုင်းရဲ့ Smartphone တွေထဲမှာ မရှိမဖြစ် App တစ်ခု၊ Feature တစ်ခုအထိ ဖြစ်လို့နေပါပြီ။ ဒီလိုနည်းပညာခေတ်ကြီးမှာ နောက်မကျသွားဘဲ အမှီလိုက်နိုင်ကြဖို့ Microsoft အနေနဲ့ AI For Beginner Course ကို မိတ်ဆက်ခဲ့ပါသေးတယ်။ ၂၀၂၃ နှစ်ကုန်ခါနီးပိုင်းမှာပဲ Micrisoft အနေနဲ့ အပြိုင်တိုးတက်နေတဲ့ AI နည်းပညာတစ်ခုဖြစ်တဲ့ Generative AI နဲ့ပက်သက်ပြီး Generative AI For Beginner Course ကိုလည်း မိတ်ဆက်လိုက်ပြန် ဖြစ်ပါတယ်။

Generative AI For Beginner Course မှာ Learner တွေအတွက် Microsoft Cloud Advocate က ပြုလုပ်ပေးထားတဲ့  Generative AI Application ပြုလုပ်ပုံအကြောင်း အခြေခံ သင်ခန်းစာ ၁၂ ခုကို လေ့လာရမှာ ဖြစ်ပါတယ်။ သင်ခန်းစာ တစ်ခုစီတိုင်းက Generative AI ရဲ့ နည်းစနစ်တွေ၊ လုပ်ဆောင်ချက်တွေ၊ Application Development တွေအကြောင်း အဓိကသိထားသင့်တဲ့အချက်တွေကို ဖြည့်ဆွက်ထားပေးပါတယ်။ ဒီ Course ကတစူ်ဆင့် ကိုယ်ပိုင် Generative AI Startup တစ်ခုကို ဖန်တီးဖို့အတွက် ကိုယ့်အကြံတွေကို အကောင်အထည်ဖော်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာကို သိရှိသွားမှာပဲ ဖြစ်ပါတယ်။

သင်ခန်းစာ ၁၂ ခုနဲ့ Generative AI Course ဟာ Beginner တွေအတွက် အခြေခိုင်ဖို့ တကယ်ကိုကောင်းတဲ့ သင်ခန်းစာတစ်ခုဖြစ်သလို နောက်တစ်ဆင့်တက်လှမ်းချင်သူတွေအနေနဲ့လည်း Microsoft ရဲ့ Generative AI Learning Collection ကို ဆက်လေ့လာလို့ရပါသေးတယ်။

သင်ခန်းစာတစ်ခုစီမှာ ခေါင်းစဉ်အကြောင်း မိတ်ဆက်ထားတဲ့ Short Video, README Section မှာ Written Lesson တွေထည့်သွင်းပေးထားသလို project based lesson တွေအတွက် Jupyter Notebook လည်းပါဝင်ပါသေးတယ်။ လေ့လာဖို့အတွက် Challenge တွေ၊ Assignment တွေပါဝင်သလို ဆက်လက်လေ့လာဖို့အတွက်လည်း extra resource link တွေကို learner တွေအတွက် ထည့်သွင်းပေးထားပါသေးတယ်။