WhatsApps မှ ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာ Website တစ်ခု ဖန်တီးမိတ်ဆက်

WhatsApp မှ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အ ထောက်ပံ့ဖြစ်စေရန် ကနဦးလှုပ်ရှားမှုနှစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။ WhatsApp မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ UNICEF၊ UNDP တို့နှင့်ပူးပေါင်း၍ WhatsApp ကိုရိုနာဗိုင်းရပ်စ်အချက်အလက်စင်တာ ကိုကမ္ဘာ့နိုင်ငံအသီးသီးအတွက် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ထို့အပြင် Poynter Institute ၏ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) သို့ အမေရိကန်ဒေါ်လာ တစ်သန်းလှူဒါန်းခဲ့ကြောင်းသိရသည်။
WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာကို WhatsApp ကိုအသုံးပြု၍ ထိတွေ့ဆက်သွယ်နေကြသည့် ကျန်းမာ ရေးဝန်ထမ်းများ၊ အသိပညာပေးသူများ၊ လူမှုအဖွဲ့ခေါင်းဆောင်များ၊ ပရဟိတအဖွဲ့များ၊ ဒေသတွင်းအစိုးရနှင့် စီးပွားရေးလုပ် ငန်းများအတွက် ရိုးရှင်းလွယ်ကူပြီး လက်တွေ့အသုံးချနိုင်မည့် ညွှန်ကြားချက်များ စုစည်းပေးထားမည်ဖြစ်သည်။ အဆိုပါသ တင်းအချက်အလက်ဝက်ဆိုက်တွင် ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူများအတွက် အထွေထွေသိမှတ်ဖွယ်ရာများနှင့် သတင်းရင်း မြစ်များ ဝေမျှပေးမည်ဖြစ်သောကြောင့် ကောလဟာလသတင်းပျံ့နှံ့မှုကို လျော့ချနိုင်ပြီး တိကျမှန်ကန်သည့် ကျန်းမာရေး သတင်းများကို သိရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.whatsapp.com/coronavirus

တစ်ဦးနှင့်တစ်ဦးဝေးကွာနေချိန်တွင် လုံခြုံစိတ်ချရသည့် နည်းလမ်းဖြင့် အလွယ်တကူ ထိတွေ့ဆက်သွယ်နိုင်ရန် WhatsApp မှ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိသည်။ အချက်အလက်စင်တာတွင် WhatsApp နည်းပညာလုပ်ဆောင်ချက်များဖြင့် အဖွဲ့လိုက်စုဝေးဆက်သွယ်နိုင်သည်။ ထို့အပြင် WhatsApp မှ WHO၊ UNICEF တို့နှင့်ပူးပေါင်း၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူအများတိုက်ရိုက်ခေါ်ဆိုနိုင်မည့် အရေးပေါ်ဆက်သွယ်ရေးနံပါတ်များ ထားရှိပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ အဆိုပါ ဆက်ယွယ်ရေးလိုင်းများကို WhatsApp ကိုရိုနာဗိုင်းရပ်စ်အချက်အလက်စင်တာတွင် ဖော်ပြထားမည်ဖြစ် ပြီး ယုံကြည်ရသော သတင်းအချက်အလက်များ မျှဝေသွားနိုင်မည်ဖြစ်သည်။
WhatsApp သည် စင်ကာပူ၊ အစ္စရေး၊ တောင်အာဖရိက၊ ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ အသုံးပြုသူများအတွက် စိတ်ချ ယုံကြည်ရသော သတင်းအချက်အလက်များ သိရှိနိုင်ကြစေရန် နိုင်ငံတော်အဆင့် ကျန်းမာရေးဝန်ကြီးများ၊ NGO များနှင့် ပူးပေါင်းပေးပို့မျှဝေခဲ့သည်။ လွန်ခဲ့သောတစ်နှစ်ခန့်က WhatsApp၊ SMS စသည့် စာပို့ဝန်ဆောင်မှုများအတွင်း ကောလဟာ လသတင်း ဖြန့်ဝေမှုများကို စောင့်ကြည့်စစ်ဆေးတိုင်ကြားနိုင်ရန် အချက်အလက်စစ်ဆေးရေးအဖွဲ့များစွာဖြင့် WhatsApp မှ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်ခဲ့ပြီးဖြစ်ပါသည်။
“အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခုလိုကာလမှာ ကိုယ်ချစ်ခင်သူတွေနဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့ ဆရာဝန်က လူနာကို ဆက်သွယ်ဖို့၊ ဆရာနဲ့ကျောင်းသားတွေဆက်သွယ်ဖို့ WhatsApp ကိုပုံမှန်ထက်ပိုပြီး သုံးနေကြရတယ်ဆိုတာ ကျွန် တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့နေရာမှာ အကူအ ညီဖြစ်စေမယ့် နည်းပညာရင်းမြစ်တစ်ခု ကျွန်တော်တို့ ဖန်တီးပေးချင်ပါတယ်။ WhatsApp ရဲ့ အချက်အလက် စောင့်ကြည့် စစ်ဆေးတဲ့အဖွဲ့တွေ ပိုပြီးတိုးတက်ဖွံ့ဖြိုးလာအောင် ကောလဟာလသတင်းတွေကို ရှာဖွေဖော်ထုတ်ရင်း အသက်ကယ်ပေး နေတဲ့ သူတို့ရဲ့လုပ်ငန်းစဉ်ကို ပံ့ပိုးပေးနိုင်အောင် Poynter Institute နဲ့ လက်တွဲဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပီတိ ဖြစ်ရပါတယ်။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး တရားဝင်ထုတ်ပြန်ချက်တွေကို WhatsApp ကနေပြည်သူတွေဆီ အချိန်နဲ့ တပြေးညီ ရောက်ရှိနိုင်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု WhatsApp ၏ အကြီးအကဲဖြစ်သူ Will Cathcart မှပြောကြားသည်။

Photo Source https://www.whatsapp.com/coronavirus

“ WhatsApp ရဲ့အချိန်ကိုက်လှူဒါန်းမှုက အချက်အလက်စောင့်ကြည့်စစ်ဆေးတဲ့ မိတ်ဖက်အဖွဲ့အတွက် အများကြီးအ ထောက်အကူဖြစ်စေလို့ အခုဆို သတင်းအမှန်တွေက လူတွေဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်တော့မှာပါ။ အကျိုးဆက် ကတော့ WHO ကနေတောင် သတင်းကပ်ရောဂါ(infodemic) လို့တင်စားခေါ်ဝေါ်ရတဲ့ သတင်းအချက်အလက်တွေအများ ကြီး စုပြုံထွက်ရှိလာတဲ့ အခုလိုအချိန်မှာ သတင်းအတုအပတွေကို စိစစ်ဖယ်ထုတ်ဖို့ ကူညီပေးနိုင်မှာပါ။ နိုင်ငံတကာ အချက် အလက်စစ်ဆေးရေး ကွန်ရက်အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ ကောလဟာလနဲ့ ယုံတမ်းစကားတွေ WhasApp မှာ ဘယ် လိုပုံစံနဲ့ ပျံ့နှံ့နေလဲဆိုတာ ပိုပြီးသဘောပေါက်နားလည်နိုင်မယ့် နည်းလမ်းတွေကို လေ့လာနိုင်တော့မှာဖြစ်ပါတယ်။ အချက် အလက်စစ်ဆေးတဲ့သူတွေအတွက် စာပို့အက်ပလီကေးရှင်းမှာ သတင်းအမှားစိစစ်ဖယ်ထုတ်ဖို့ အသုံးပြုနိုင်တဲ့ နည်းပညာ ကိရိယာတွေလည်း ဖန်တီးသွားဖို့မျှော်လင့်ပါတယ်” ဟု IFCN ၏ ဒါရိုက်တာဖြစ်သူ Baybars Orsek ကပြောကြားသည်။
“COVID-19 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှန်တွေကို ဒေသခံလူထုအကြား အချိန်နဲ့တပြေးညီရောက်ဖို့ဆိုတာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးဖို့ကြိုးစားနေတဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းကြီးရဲ့ အဓိကကျတဲ့ ကြိုးပမ်းမှုတွေထဲက အစိတ် အပိုင်းတစ်ခုပါပဲ။ WhatsApp လိုမျိုး ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ လက်တွဲဆောင်ရွက်လိုက်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ပြည်တွင်း ကျန်းမာရေးဝန်ထမ်းတွေဆီကရတဲ့ အရေးကြီးတဲ့သတင်းစကားတွေကို ကမ္ဘာတစ်ဝန်းက ဘီလီယံနဲ့ချီတဲ့ အသုံးပြု သူတွေဆီ အချိန်နဲ့တပြေးညီ ရောက်ရှိနိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်” ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) ၏ Administrator ဖြစ်သူ Achim Steiner က ပြောကြားသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.whatsapp.com/coronavirus