အူရီဒူးမှ Winning Wheel Mega Promo အစီအစဉ်နှင့်အတူ နေ့စဉ်ဆိုင်ကယ်နှင့် အခြားဆုမဲများစွာပေးအပ်

အူရီဒူးမြန်မာမှ WINNING WHEEL Mega Promo အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည့်အတွက် အူရီဒူးသုံးစွဲသူများအနေဖြင့် ထိပ်တန်းဒစ်ဂျစ်တယ်ဝန်ဆောင်မှု (၅) ခုမှ နှစ်သက်ရာဝန်ဆောင်မှုတစ်ခုကို ရယူအသုံးပြုတိုင်း နေ့စဉ် ဆိုင်ကယ်နှင့် အခြားဆုလက်ဆောင်များစွာကို ကံထူးနိုင်မည် ဖြစ်သည်။
ထိပ်တန်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှု မိတ်ဖက်များဖြစ်သည့် Star Talk, Vuclip, Gamedom, Top Doctors Online (TDO), Nazara တို့နှင့် ပူးပေါင်းပြီး အဆိုပါဝန်ဆောင်မှုများထဲမှ နှစ်သက်ရာဝန်ဆောင်မှုတစ်ခုကို စာရင်းသွင်းလိုက်ရုံဖြင့် WINNING WHEEL ကို ဗလာမပါကံစမ်းကစားခွင့်ရမည်ဖြစ်ပြီး နေ့စဉ် KAMAX Dream မော်တော်ဆိုင်ကယ် (၁) စီးအပြင် Mi Band များနှင့် အခြားဆုမဲများအဖြစ် Ooredoo Music ကို (၇)ရက် အခမဲ့အသုံးပြုခွင့်၊ ဒေတာလက်ဆောင်နှင့် ဖုန်းငွေလက် ဆောင်များစွာကို ကံထူးနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

ဝန်ဆောင်မှုနှင့်ပါတ်သတ်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက https://ooredoo.com.mm/portal/mm/gamification တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး Website မှ တစ်ဆင့်သော်လည်း ကောင်း၊ My Ooredoo App မှ တစ်ဆင့်သော်လည်းကောင်း ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ပါသည်။
အူရီဒူးသုံးစွဲသူများအနေဖြင့် ယင်း နေ့စဉ်ဆိုင်ကယ်တစ်စီးစီနှင့်ဆုမဲပေါင်းများစွာကံထူးနိုင်မည့်အစီအစဉ်အား ယခုမှစ၍ ထပ်မံကြေညာခြင်းမပြုမီ အချိန်အထိ ရရှိကံစမ်းနိုင်မည်ဖြစ်သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့သည်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏ လူမှုဘဝကို ဒစ်ဂျစ်တယ် လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများအတွက် သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကိုမြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှ တဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar