ကိုဗစ်-၁၉ ကာလ၌ မြန်မာလူငယ်များလေ့လာသင်ယူနိုင်ရန် Virtual အလုပ်သင် အစီအစဉ် တယ်လီနော စတင်

တယ်လီနောမြန်မာ၏ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဦးဆုံး Virtual အလုပ်သင်အစီအစဉ်ကို မြန်မာလူငယ် ၁၂ ဦးဖြင့် စတင်သွားမည်ဖြစ်သည်။ အဆိုပါ သုံးလကြာမြင့်မည့် အလုပ် သင်အစီအစဉ်မှတစ်ဆင့် ရွေးချယ်ထားသည့် လူငယ်များအနေဖြင့် အရည်အသွေးများ ပိုမိုတိုးတက်ဖွံ့ဖြိုးပြီး အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများအတွက် ပိုမို ကောင်းမွန်သော ပြင်ဆင်မှုများကို လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။
ယခုနှစ်အလုပ်သင်အစီအစဉ်ကို အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀ ကျော် လျှောက်ထားခဲ့သည့်အနက် ၁၂ ဦးကို ရွေးချယ်ခဲ့သည်။ သင်တန်းကာလအတွင်း၌ တယ်လီနော၏ သက်ဆိုင်ရာ ဌာနများမှ အတွေ့အကြုံရှိသော အကြီးတန်းအရာရှိများက သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ယခုအစီ အစဉ်သည် မြန်မာကျောင်းသား၊ ကျောင်းသူများကို ကျွမ်းကျင်လုပ်ငန်းခွင် အတွေ့အကြုံရရှိနိင်စေရန်နှင့် ကော်ပို ရိတ်အဆင့်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နိုင်သည့် အရည်အချင်းများ အဆင်သင့်ရှိစေရန်အတွက် အပြုသဘောဆောင်သော သဘောာထားမှတ်ချက်များ ပေးအပ်ခြင်းဖြစ်သည်။
“တယ်လီနောရဲ့ စံနှုန်းတွေထဲက တစ်ခုကတော့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကို အမြဲတမ်း စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ပါပဲ။ လုပ်ကိုင်စွမ်းရည်ပြည့်ဝနေတဲ့ အနာဂတ် လူငယ်၊ လူရွယ်တွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ အဆင့်သင့်တာဝန်ယူ လုပ်ဆောင်နိုင်မှာကို မြင်တွေ့ရမယ့်အတွက် ဝမ်းသာမိသလို သူတို့ရဲ့ အနာဂတ်အတွက် အထောက်အပံ့ကောင်းတစ်ခုအနေနဲ့ ပံ့ပိုးပေးနိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကူးစက် ရောဂါအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်သွားရာမှာ အဖွဲ့အစည်းတွေအနေနဲ့ သမားရိုးကျ အလုပ်သင်အစီအစဉ်တွေကနေ Virtual အလုပ်သင် အစီအစဉ်အဖြစ် တဖြေးဖြေး အကောင် အထည် ဖော်လာနေကြပါတယ်။ ကျွန်မတို့အနေနဲ့ ဒီပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲ လုပ်ဆောင်ပြီး လူငယ်တွေအနေနဲ့ စဉ်ဆက်မပြတ် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်စေဖို့ ယခုနှစ် အလုပ်သင် အစီအစဉ် တစ်ခုလုံးကို ပထမဦးဆုံးအနေနဲ့ အွန်လိုင်းကနေ သင်ကြားပို့ချပေးသွားမှာပါ။ တယ်လီနောမြန်မာ အနေနဲ့ မြန်မာလူထုတစ်ရပ်လုံးကို သူတို့ရဲ့ အရေးကြီးဆုံး အရာများနဲ့ ဆက်သွယ်ချိတ်ဆက်ပေးသွားချင်တာပါ။ အထူး သဖြင့် မြန်မာလူငယ်၊ လူရွယ်တွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင် ပေးသွားမှာပါ” ဟု တယ်လီနောမြန်မာ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် Selina Lomholdt က ပြောကြားသည်။

Photo Source https://bit.ly/38jKbP7

ရွေးချယ်ခံရသည့် သင်တန်းသားများသည် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ အလုပ်သင် အစီအစဉ်တွင် စတင်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းသား စုစုပေါင်း ၁၂ ဦးသည် နည်းပညာဌာန၊ ဈေးကွက်မြှင့်တင်ရေးဌာန၊ ဘဏ္ဍာရေးဌာန၊ စီးပွားရေးဆိုင်ရာဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနနှင့် ကော်ပိုရိတ် ရေးရာဌာန စသည်တို့တွင် တယ်လီနောမြန်မာ၏ စီမံခန့်ခွဲရေးအဖွဲ့၏ သင်ကြားပို့ချမှုများကို အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ယူခွင့်ရရှိကြ မည်ဖြစ်သည်။ Virtual အလုပ်သင်အစီအစဉ်အတွင်း ပူပင်ကြောင့်ကြမှုမရှိဘဲ သင်ယူ လေ့လာနိုင်ရန်အတွက် သင်တန်းသား များအတွက် လိုအပ်မည့် သင်ထောက်ကူပစ္စည်းများနှင့် ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်များကို ဖြည့်ဆည်းပေး သွားမည်ဖြစ်သည်။ သင်တန်းအစီအစဉ်ပြီးဆုံးသွားပါက သင်တန်းသားများကို တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။
“ဒီအစီအစဉ်မျိုးက အနာဂတ်အသက်မွေးဝမ်းကြောင်း အလုပ်ရှာဖွေနေတဲ့ ကျွန်တော်တို့လို နောက်ဆုံးနှစ် ကျောင်းသားတွေအတွက် တန်ဖိုးဖြတ်လို့မရပါဘူး။ ကျွန်တော့်အနေနဲ့ ဒီအစီအစဉ်ကနေ လုပ်ငန်းခွင်တွေမှာ ကျင့်သုံးတဲ့ လုပ်ရည်ကိုင်ရည်တွေအပြင် အသိပညာဗဟုသုတတွေပါ ရရှိတဲ့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းခွင်မှာ များစွာအထောက် အကူဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေဟာ ကျွန်တော့် ဘဝတလျှောက်လုံးအတွက် အမြဲအသုံးဝင်နေမှာပါ” ဟု ၂၀၁၉ ခုနှစ် အလုပ်သင်သင်တန်းသားဖြစ်သူ ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ၏ နောက်ဆုံးနှစ်ကျောင်းသား ကိုဝေဖြိုးအောင်က ပြောကြားခဲ့သည်။

Photo Source https://bit.ly/38jKbP7

“တယ်လီနောမြန်မာရဲ့ အလုပ်သင် အစီအစဉ်ကို ပထမနှစ်ကျောင်းစတက်ကတည်းက ကိုယ့်ရဲ့ စီနီယာတွေနဲ့ ကျောင်းက ကြားကတည်းက ကျွန်မအ နေနဲ့ ဒီအစီအစဉ်ကို တက်ရောက်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ကျွန်မတို့ လိုအပ်နေတဲ့ အရည်အချင်းတွေ အသိပညာဗဟုသုတတွေကို ဖြည့်ဆည်းပေးမှာဖြစ်တဲ့အတွက် အနာဂတ်လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်နေမှာပါ။ အထူးသဖြင့် ဒီနှစ်မှာ ကျွန်မတို့အားလုံးဟာ အွန်လိုင်းကနေ လေ့လာသင်ယူဖို့ဖြစ်လာ ပါတယ်။ ပြောရမယ်ဆိုရင် ဒစ်ဂျစ်တယ်က သင်ယူတာ၊ လေ့လာတာအပြင် ကိုယ့်ရဲ့နေထိုင်ရာနေရာကနေ အလုပ် လုပ်တာကအစ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါလာတဲ့အရာတစ်ခုဖြစ်လာပါတယ်။ ဒီလို ကပ်ရောဂါကာ လအတွင်းမှာတောင် အခုအအစဉ်ကို အကောင်အထည်ဖော်ပေးတဲ့ တယ်လီနောမြန်မာကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု ၂၀၂၀ ပြည့်နှစ် အလုပ်သင်အစီအစဉ်အတွက် ရွေးချယ်ခံရသည့် ကွန်ပျူတာအင်ဂျင်နီယာနှင့် နည်းပညာဘာသာ ရပ်ကို လေ့လာသင်ယူနေသည့် ပဉ္စမနှစ်ကျောင်းသူ မချောချစ်စုသာက ပြောကြားခဲ့သည်။
တယ်လီနောမြန်မာသည် ၎င်း၏အလုပ်သင်အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ အလုပ်သင်အစီအစဉ်မှ ကျောင်းသား၊ ကျောင်းသူ ၉၁ ဦးအထိ သင်တန်းပေးအပ်ခဲ့ပြီးဖြစ် သည်။ တယ်လီနောမြန်မာ၏ အလုပ်သင်အစီအစဉ်သည် မြန်မာပြည်သူများအတွက် စွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည့် တယ်လီနောမြန်မာ၏ လူမှုအကျိုးပြုအစီအစဉ် များမှတစ်ဆင့် လူဦးရေ တစ်သန်းကျော် အကျိုးကျေးဇူးများရရှိခဲ့ပြီဖြစ်သည်။