Esports Mode ကို FOS 10.5 ၏ Ultra Game Mode တွင် ထည့်သွင်းပေးထားသည့် vivo Y20 စမတ်ဖုန်း

Y20 စမတ်ဖုန်းတွင် ပမာဏကြီးမားသည့် 5000mAh အား ဘက်ထရီ ပါဝင်သောကြောင့် ကြာရှည်စွာ အသုံးပြုနိုင်သည့် အတွေ့အကြုံကို ဖန်းတီးပေးထားသည်။ AI နည်းပညာဖြင့် စွမ်းအင်ချွေတာသည့် လုပ်ဆောင်ချက် ပါဝင်သောကြောင့် ဘက်ထရီအား အပြည့်သွင်းထားပါက အင်တာနက်ပေါ်မှ တဆင့် HD ရုပ်ရှင် တိုက်ရိုက် ကြည့်ရှုခြင်းကို ၁၆ နာရီကြာ သို့မဟုတ် စွမ်းရည်မြင့် ဂိမ်းဆော့ကစားခြင်းကို ၁၁ နာရီကြာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 10W အားသွင်းကြိုး ပါဝင်ပြီး OTG cable ဖြင့် အခြားဖုန်းများကို ပြန်လည်အားသွင်းပေးနိုင်သည့် Reverse Charging လုပ်ဆောင်ချက်လည်း ပါဝင်သည်။
Y20 တွင် စွမ်းဆောင်ရည် မြင့်မားသည့် Qualcomm Snapdragon 460 ပရော်ဆက်ဆာနှင့်အတူ 3GB RAM မှတ်ဉာဏ်နှင့် သုံးစွဲသူများ၏ သိုမှီးမှုပမာဏ လိုအပ်ချက်များအတွက် 64 GB ROM တပ်ဆင်ထားပြီး Funtouch OS 10.5 (Android 10) ကို အသုံးပြုထားသည်။ Micro SD Card ဖြင့် သိုမှီးမှုပမာဏကို 256GB အထိ တိုးမြှင့်နိုင်ရန် ဆောင်ရွက်ပေးထားသဖြင့် မိမိတို့နှစ်သက်ရာ တေးသီချင်း၊ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံများကို စိတ်တိုင်းကျ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ ထို့အပြင် စမတ်ဖုန်း၏ ယေဘူယျ လုပ်ဆောင်ချက်များ အားလုံးကို Vivo ၏ မူပိုင်နည်းပညာ Multi Turbo 3.0 က စီမံထိန်းချုပ်ပြီး AI Turbo နည်းပညာဖြင့် လုပ်ဆောင်ချက်ပိုင်း မူမမှန်မှုများကို မဖြစ်မှီ ကြိုတင်ခန့်မှန်းပြီး ဖြေရှင်း ပေးနိုင်သည်။

Photo Source https://www.facebook.com/vivomobileMM/

ပရော်ဖက်ရှင်နယ်အဆင့် ပြင်းထန်သည့် ယှဉ်ပြိုင်မှုပုံစံများကို နေ့စဉ်ဂိမ်းကစားခြင်း အနေအထားအတွက် ဖန်တီး ဖော်ဆောင်ပေးနိုင်သည့် အသစ်စက်စက် Esports Modeကို FOS 10.5 ၏ Ultra Game Mode တွင် ထည့်သွင်း ပေးထားသဖြင့် ထူးခြားသည့် ဂိမ်းကစားခြင်း အတွေ့အကြုံများကို ရရှိခံစားမည်ဖြစ်သည်။
Esports Mode ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် Pop-up Window Optimization ကြောင့် 4D Game Vibration 2.0 က ဂိမ်းကစားသူများကို စစ်မြေပြင်ကို အမှန်တကယ် ရောက်ရှိသွားသကဲ့သို့သော ခံစားမှုအတွေ့အကြုံများကို ပေးစွမ်း နိုင်သည်။ ပြောင်မြောက်စွာ အနိုင်ရရှိရေး အပြည့်အဝ အာရုံစိုက်နိုင်ရန် ဖုန်း၏ သတိပေးချက်များ (Notifications) နှင့် အဝင် ဖုန်းခေါ်ဆိုမှုများကို တားဆီးဖယ်ရှား ပေးနိုင်သည်။ အသစ်ထည့်သွင်းထားသော Game Album နှင့် မျက်နှာပြင် ဗီဒီယိုဖမ်းယူခြင်း (Screen Recording) လုပ်ဆောင်ချက်ကို Sliding Sidebar ကို တစ်ချက်နှိပ်ယုံဖြင့် ဖွင့်နိုင်မည်ဖြစ်သည်။ ဂိမ်းကစား မျက်နှာပြင် ပုံရိပ်ဖမ်းယူမှု (Screen Grab) နှင့် ဗီဒီယိုဖမ်းယူမှု (Screen Recording) တို့ကို သက်ဆိုင်ရာ Game Album တွင် အလိုအလျောက် သိမ်းဆည်းပေးမည်ဖြစ်သည်။ ထို့ပြင် တမူထူးခြားသည့် Smart Game Countdown လုပ်ဆောင်ချက်သည် ဂိမ်းကစားသူ၏ ကိုယ်စားပြုအရုပ် (Avatar) အသက်ပြန်မဝင်လာမီ ကျန်ရှိသော အချိန်ကို စောင့်ကြည့်နိုင်၍ ဂိမ်းမှ ထွက်ပြီး ခေတ္တခဏ မိမိနှစ်သက်ရာိကု သုံးပြုရန် ဖန်းတီးပေးထားသည်။ Floating window သည် countdown ကိုပြသနေပြီး ရပ်သွားပါက တစ်ချက်နှိပ်ယုံဖြင့် ဂိမ်းကစားခြင်း ကိုချက်ချင်းလုပ်ဆောင်နိုင်သည်။
Y20 တွင် ထူးခြားဆန်းသစ်သည့် 2MP Macro ကင်မရာ၊ 2MP Bokeh နှင့် 13MP ပင်မကင်မရာတွင် ပါဝင်သည့် AI Macro Triple ကင်မရာစနစ် ပါဝင်ပြီး AI triple နောက်ကျောပြင် ကင်မရာနှင့် 8MP ရှေ့ဖက် ကင်မရာတို့ ပါဝင်သည်။ 13MP ပုံထွင်နှုန်းရှိသည့် နောက်ကျောပြင် ကင်မရာတွင် f/2.2 ကြီးမားသော aperture နှင့် PDAF နည်းပညာတို့ကြောင့် အသေးစိတ် ရှင်းလင်းအောင်ရိုက်ကူးနိုင်သည်။ အဆင့်မြင့် bokeh algorithm၏ ကျေးဇူးကြောင့် 2MP Bokeh ကင်မရာသည် တိကျမှန်ကန်ပြီး ပြီးပြည့်စုံမှုကိုရရှိနိုင်သည်။ ကင်မရာကို Face Beauty၊ Portrait Light Effects နှင့် breath-taking selfies အတွက် Selfie Filters လုပ်ဆောင်ချက်များ ပံ့ပိုးပေးထားသည်။ မျက်လုံးရှေ့မှောက်တွင် မြင်တွေ့နေရသော လှပသောအရာများကို ကောင်းမွန်သော ရိုက်ချက်များ အဖြစ် ချောမွေ့စွာပြောင်းလဲ ပုံဖေါ်နိုင်သည်။ အဆင့်မြင့် ကင်မရာနည်းပညာများ ပါဝင်သော Y20၏ ပုံတူရိုက်ကူးမှုများသည် ပိုမိုသက်ဝင်၍ အရည်အသွေးကောင်းသည့် မဂ္ဂဇင်းအဖုံးအဖြစ်အသုံးပြုနိုင်ရန် နက်ရှိုင်းစွာ ဖန်းတီးပေးနိုင်သည်။

Photo Source https://www.facebook.com/vivomobileMM/

Y20 စမတ်ဖုန်းတွင် တပ်ဆင်ပေးထားသည့် ၆.၅၁ လက်မအရွယ် HD+ HALO မျက်နှာပြင်သည် မျက်လုံးထိခိုက်မှုအား ကာကွယ်ပေးနိုင်ပြီး အမြင်အာရုံ ခံစားမှုအတွေ့အကြုံအသစ်များကို ပေးစွမ်းသွားမည်ဖြစ်သည်။ ထူးခြားကောင်းမွန်သည့် 1600 x 720 (HD+) ပုံထွက်နှုန်း၊ စွဲမက်ဖွယ်ရာ 20:9 မျက်နှာပြင် အချိုးအစားတို့ဖြင့် အသုံးပြုသူများအတွက် ဖျော်ဖြေရေးဆိုင်ရာ အတွေ့အကြုံကောင်းများ ပေးအပ်နိုင်လိမ့်မည်။ မျက်နှာပြင် အရွယ်အစားသည် ယခင်ကထက် ပိုမို ကြီးမားလာသလို ပိုမိုစွဲမက်ဖွယ်ရာလည်းကောင်းပြီး နောက်ဆုံးပေါ် In-Cell နည်းပညာကို အသုံးပြုထားသဖြင့် စိုစွတ် တောက်ပသည့် အရောင်များကို မြင်တွေ့နိုင်မည်ဖြစ်သည်။
တုံ့ပြန်မှုအား ညက်ညောကောင်းမွန်သည့် Multi-touch မျက်နှာပြင်ကြောင့် မိမိတို့၏ အကြိုက်ဆုံး ဂိမ်းများအား ဆော့ ကစားခြင်းနှင့် ဗီဒီယိုများ ကြည့်ရှုခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသုံးပြုသူများအတွက် အလေးအနက်ထား စဉ်းစားကာ ထည့်သွင်းပေးထားသော Eye Protection Mode သည် အမြင်အာရုံထိခိုက်မှုအား ထိခိုက်စေသည့် အပြာ ရောင်ခြည်ကို တစ်နေ့တာလုံး ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။
စမတ်ဖုန်း၏ ဘေးဖက်တွင် တပ်ဆင်ထားသည့် ထူးခြားဆန်းသစ်သည့် လက်ဗွေစနစ်တွင်လည်း Y20 စမတ်ဖုန်းတွင် ပါရှိသည်။ ဤလုံခြုံရေးစနစ်သည် မိမိ၏ ဖုန်းအသုံးပြုမှုပုံစံကို ပိုမိုလိုက်လျောညီထွေဖြစ်စေပြီး လေ့လာပြီး တုံ့ပြန် ဆောင်ရွက်သလို ဤလက်ဗွေဖတ် လုံခြုံရေးစနစ်သည် ဝ.၂၂ စက္ကန့်အတွင်း၌ပင် အလိုအလျောက် သိရှိနိုင်သော အာရုံခံ စနစ်ဖြင့် lockscreen ကို ချက်ချင်းဖွင့်စေနိုင်အောင် ထုတ်လုပ် ထားခြင်းဖြစ်သည်။
ချိတ်ဆက်အသုံးပြုရန် Micro USB၊ Wi-Fi, Bluetooth 5.0, FM နှင့် OTG စသည့် နည်းပညာများ Y20 စမတ်ဖုန်းတွင် ပါဝင်သည်။ ဖုန်းအာရုံခံ ကိရိယာများအနေဖြင့် Accelerometer, Ambient Light Sensor, Proximity Sensor, Virtual Gyroscope, E-Compass, Side-Mount Fingerprint Scanner တို့ပါဝင်သည်။
Vivo Y20 စမတ်ဖုန်းအသစ်ကို စွဲမက်ဖွယ်ကောင်းပြီး စတိုင်ကျလှပသော Obsidian Black နှင့် Dawn White အရောင် (၂) ရောင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ၂၂၉,၈၀၀ ကျပ်ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။