လူနာများနှင့်ဆရာဝန်များအား တိုက်ရိုက်ချိတ်ဆက်ပေးနိုင်သော z-waka ကျန်းမာရေး Platform

နည်းပညာတွေဖွဲ့ဖြိုးတိုးတက်လာတာနှင့်အမျှ ဆေးဝါးကုသမှုများလည်းတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာပြီဖြစ်ပါတယ်။ အင်တာနက်အသုံးပြုပြီးဆက်သွယ်တဲ့ နည်းပညာခေတ်ကနေ Application တွေကိုအသုံးပြုတဲ့ခေတ်ကိုရောက်လို့နေပါပြီ။ ကျန်းမာရေးနှင့် ပက်သက်ပြီးအားလုံးအတွက် အသုံးလည်းတည့်ပြီး အသုံးပြုရလွယ်ကူစေတဲ့ Application ဆိုရင်တော့ အာဆီယံအခြေစိုက်နည်းပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ကုမ္ပဏီတစ်ခုကထုတ်လုပ်ထားတဲ့ z-waka Application ဖြစ်ပါတယ်။
z-waka Application ဆိုတာကတော့ လူနာတွေနဲ့ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲခန်းတွေစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး သူတွေအကြားလိုအပ်ချက်တွေကိုတံတားတစ်ခုလိုဆက်သွယ်မှုတွေပေးတဲ့ အီလက်ထရောနစ်ဆေးဝါးကုသမှု Platform တစ်ခုပဲဖြစ်ပါတယ်။ ဖုန်း Application ဖြစ်တဲ့အတွက် ဘယ်နေရာကိုပဲသွားသွား အချိန်မရွေးအမြဲအသုံးပြုနေနိုင်မှာဖြစ်ပါ တယ်။

Photo Source – https://www.facebook.com/z-waka-2068878310032561/

z-waka Application အသုံးပြုမယ့် လူနာတွေအတွက်လည်း သူတို့ရဲ့ဆရာဝန်တွေအထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ခွင့်တောင်းပြီး စာနဲ့ပဲဖြစ်ဖြစ်၊ အသံနဲ့ပဲဖြစ်ဖြစ်၊ Video Call နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပြီးတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အိမ်ကိုလာ ရောက်ကုသဖို့လိုတဲ့ လူနာတွေအတွက်လည်း ဆရာဝန်တွေနဲ့ Booking ယူပြီးအိမ်ကိုပင့်လို့ရပါသေးတယ်။ လူနာတွေက သူတို့ရဲ့ဆေးမှတ်တမ်းကို ဘယ်သူတွေက ရယူကြည့်ရှုနိုင်တယ်ဆိုတာကိုလည်း မိမိဘာသာဆုံးဖြတ်နိုင်ပြီး ဆရာဝန် တွေအနေနဲ့ကလည်း လူနာတွေအတွက် ဆေးမှတ်တမ်းတွေရေးသားပေးပါတယ်။ ဆေးစစ်ချက်အဖြေတွေကို ရရှိတာနဲ့ z-waka application ကနေ တဆင့် လူနာကောသက်ဆိုင်ရာဆရာဝန်ပါ နှစ်ယောက်လုံးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ z-waka app မှာ မှတ်ပုံတင်ထားတဲ့ လူနာကောဆရာဝန်ကောနှစ်ဦးလုံးကို app မှာရှာဖွေချိတ်ဆက်နိုင်ပြီးတော့ trusted partner များအဖြစ်လည်း သတ်မှတ်ထားနိုင်ပါတယ်။ အခကြေးငွေအနေနှင့်လည်း z-waka app ကနေတစ်ဆင့် လူနာရဲ့ကျသင့် ငွေများကိုဆရာဝန်ဆီကိုလွဲပြောင်းပေးနိုင်ပါသေးတယ်။
z-waka ကိုတော့ ဝက်ဆိုဒ်တွေ၊ ဖုန်းအပလီကေးရှင်းတွေနဲ့ Messenger Chatbot များမှ အဆင်ပြေလွယ် ကူစွာအသုံးပြုနိုင်မှာဖြစ်ပြီး ဆက်သွယ်ဖို့အချိန်တွေကိုတော့ ကန့်သတ်ထားရှိပါတယ်။ လူနာတွေအနေနှင့်လည်း App မှာ စက္ကန့် ၃၀ အတွင်းအကောင့်ဖွင့်ပြီးအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ Payment service အတွက် z-waka ရဲ့ ကိုယ်ပိုင် wallet မှာ Credit Points များနဲ့ ပေးချေရမှာဖြစ်ပါတယ်။ Credit Points များကို Credit Cards, MPU, Mobile Wallet စတာတွေနဲ့ ဝယ်ယူအသုံးပြုနိုင်ပြီးပြန်လည်းရောင်းချနိုင်ပါတယ်။ ဆေးစစ်ချက်စမ်းသပ်ရာမှာလည်း ဆရာဝန်ညွှန်ကြားထား တဲ့ စမ်းသပ်ခန်းကိုသွားရောက်ပြီး SMS ပို့လာသော Email ကိုချိန် ထားခဲ့ပေးရမှာဖြစ်ပါတယ်။ ဆေးစစ်ချက်အဖြေထွက် လာတဲ့အခါ z-waka App ကနေတန်းပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/z-waka-2068878310032561/

အခကြေးငွေများကိုလည်း အဆင်ပြေပြီးသက်သာမှုရှိစေရန် ပြုလုပ်ထားပါတယ်။ ဆေးစစ်ချက်အဖြေများကို အခမဲ့ အချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆေးစစ်ချက်အဖြေများကိုလည်းပျောက်မှာမပူရတဲ့အပြင် z-waka ရဲ့ Cloud မှာသိမ်း ဆည်းပေးထားမှာဖြစ်တဲ့အတွက် ပိုမိုအဆင်ပြေစေပါတယ်။
လူနာများအတွက် ကျသင့်ငွေများအဖြစ် စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Video Call ဖြင့်ဖြစ်စေ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာတွေအတွက် မြန်မာငွေ ၂၀၀၀ ကျပ်၊ အိမ်သို့ဆရာဝန်ပင့်ဆောင်ရန်အတွက် မြန်မာငွေ ၁၅,၀၀၀ ကျပ် ဖြင့်လည်း အိမ်သို့ပင့်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဆေးစစ်ချက်အဖြေများအတွက် ကျသင့်ငွေပမာဏမှာ မြန်မာငွေ ၈၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ဦးစားပေးဝန်ဆောင်မှုတစ်ခုအဖြစ် z-waka မှ ဆရာဝန်နဲ့ချိတ်ဆက်ပေးပြီး စောင့်ဆိုင်းစရာ မလိုဘဲ တွေ့ဆုံနိုင်မှာဖြစ်တဲ့အတွက် မြန်မာငွေ ၈၀,၀၀၀ ကျပ် ကျသင့်မှာလည်းဖြစ်ပါတယ်။
ဆရာဝန်များအတွက်လည်း Starter Package, Basic Package, Professional Package ဟူ၍ သုံးမျိုးခွဲထားပါတယ်။ Starter Package အနေနဲ့ အခကြေးငွေပေးဆောင်စရာမလိုဘဲ ဆေးစစ်ချက်မှတ်တမ်းများကြည့်ရှုနိုင်ခြင်း၊ လူနာစီမံ ခန့်ခွဲမှုစနစ်၊ Wallet စီမံနိုင်ခြင်း၊ ငွေကြေးအစီရင်ခံစာထုတ်ယူခြင်း၊ တယ်လီဖုန်းနဲ့တိုင်ပင်ဆွေးနွေးတဲ့ ဝန်ဆောင်မှုပေး အပိုငွေရရှိနိုင်ခြင်း၊ အိမ်သို့သွားရောက်ရသောခရီးစဉ်များမှာလိုက်ပါနိုင်ခြင်း၊ လူနာအတွက် ဓာတ်ခွဲခန်းနဲ့ဆေးစစ်ချက် အဖြေများကိုဖုန်းတွင်ကြည့်ရှုနိုင်ခြင်း၊ လူနာကိုအခြားဆရာဝန်သို့ ပြန်လည်ရည်ညွှန်းပြီးဝ င်ငွေပိုရနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/z-waka-2068878310032561/

Basic Package မှာတော့ တစ်လသုံးသောင်းကျပ် ကျသင့်မှာဖြစ်ပြီး Starter Package လုပ်ဆောင်ချက်များအပြင် ဆေးစစ်ချက်အဖြေမှာလည်း ဓာတ်ပုံထည့်သွင်းခြင်း၊ အသံဖိုင်ထည့်သွင်းနိုင်ခြင်း၊ စီမံခန့်ခွဲမှုအစီရင်ခံစားများလုပ်နိုင်ခြင်း၊ z-waka platform တွင်ဆောင်းပါးများဗီဒီယိုများတင်နိုင်ခြင်း၊ အိမ်သို့လိုက်ပါရမည့်ခရီးစဉ်များအတွက် ထောက်ခံလက်မှတ် များရရှိခြင်း၊ အပေါင်းအပါများနဲ့စီနီယာဆရာဝန်များရွေးချယ်ပြီး ဒုတိယထင်မြင်ချက်ကိုသတ်မှတ်နိုင်ခြင်း၊ ဒုတိယထင်မြင် ချက်မြင့် အပိုဝင်ငွေများရှာနိုင်ခြင်းတို့ လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။
Professional Package ကတော့ တစ်လကို ၆၀,၀၀၀ ကျပ်ဖြင့် Basic Package မှာပါဝင်သောအချက်အလက်များအပြင် ဆေးမှတ်တမ်းများကိုစိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း၊ ဆေးမှတ်တမ်းကိုတစ်ဦးတည်းသီးသန့်ရေးသားနိုင်ခြင်း၊ ဆေးမှတ်တမ်းများ ကိုကူးယူသောဝန်ဆောင်မှုရခြင်း၊ လူနာများမှပင့်ဆောင်နိုင်ခြင်း၊ အိမ်သို့လိုက်ကုသရင် ဆေးဝါးပစ္စည်းအခမဲ့ငှားရမ်းပေးခြင်း နဲ့ မိတ်ဆက်ဓာတ်ခွဲခန်းများမှ ကိုယ်စားလွှဲပြောင်းခကောက်ခံခြင်းတို့ လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။
z-waka application ကို Google Play Store မှာ Download ရယူနိုင်မှာဖြစ်ပြီး iOS ဖုန်းများအတွက်တော့ မကြာခင်အချိန် များမှာ ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link များမှ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://z-waka.com/
https://www.facebook.com/z-waka-2068878310032561/