ကျောင်းသူကျောင်းသားများအတွက် ပညာရေးအထောက်အကူပြု Pann Thee Application စတင်မိတ်ဆက်

အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် Application မှတဆင့်အလွယ်တကူလေ့ာနိုင်မည့် သင်ခန်းစွာပို့ချချက် များနှင့် ကလေးသူငယ်ပညာသင်ကြားရေးအထောက်အကူပြုဗဟုသုတများကို ဖုန်းထဲတွင် အလွယ်တကူလေ့လာနိုင်သည့် Pann Thee Mobile Application မိတ်ဆက်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangrila Hotel ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Source By Myanmar Tech Press

Pan Thee App သည် ပညာရေးနှင့်ပတ်သတ်သော အကြောင်းအရာ၊ ဗသုတတွေအပြင် မြန်မာနိုင်ငံရှိ အထက်တန်း ကျောင်းသူကျောင်းသားများ ၊ အထက်တန်းပညာရေးကို ပြန်လည်လေ့လာလိုသူများ အတွက် သင်ခန်းစာပို့ချချက်များကို Video အနေဖြင့်လေ့လာနိုင်သော App တစ်ခုဖြစ်ပြီး ၉ တန်း ၁၀ တန်း သင်ရိုးများဖြစ်သည့် English, Chemistry, Mathematics ဘာသာရပ် ပို့ချချက်သင်ခန်းစာတွေအပြင် ဗဟုသုတရဖွယ် သိကောင်းစရာအကြောင်းများကိုလည်း စုံစုံလင်လင်လေ့လာနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် အဆိုပါ Applicatiion မှသင်ခန်းစာပို့ချချက်များကိုလည်း youtube တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
အဆိုပါ Application ကို ကျောင်းသူကျောင်းသားများအတွက် ဖုန်းထဲမှာအလွယ်တကူထားရှိလေ့လာနိုင်သည့်အတွက် လည်း ပညာရေးဆိုင်ရာစာပေအခက်အခဲများကို ပိုမိုဖြေရှင်းနိုင်ပြီး ဗဟုသုတများအပိုမိုတိုးပွားလာစေရန်ရည်ရွယ်ဆောင်ရွက် ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

Screenshot By Myanmar Tech Press

အဆိုပါအခမ်းအနားတွင် ပန်းသီးဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူးဒေါ်ယဉ်ယဉ်ငြိမ်းက ပန်းသီးဖောင်ဒေးရှင်းမှ တဆင့် အခြေခံပညာသင်ခန်းစာများ၊ နည်းပညာဗဟုသုတတွေကိုလေ့လာနိုင်မည့် ပန်းသီး Application စတင်လုပ်ဆောင် ခဲ့ပုံအကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ABC MIB Group ၏ Chief Technical Officer ကိုကျော်စည်သူမှ ပန်းသီး Application ၏ နည်းပညာပိုင်းဆိုင်ရာပြုလုပ်ခဲ့များကို ရှင်းလင်းပြောကြားခဲ့သည်။ ABC MIB Group ၏ Senior Project Coordinator ကိုဇွဲဘုန်းပြည့်မှ Pann Thee Application ကိုအသုံးပြုပုံများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာ၊ ဆရာမကြီးများကိုလည်း ဂုဏ်ပြုလက်ဆောင်ပန်းစီးများပေးအပ်ခဲ့ကြသည်။
အဆိုပါ Application ကို ပန်းသီးဖောင်ဒေးရှင်းမှစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဖောင်ဒေးရှင်းတည်ထောင်ရခြင်းရည်ရွယ်ချက် မှာလည်းဆင်းရဲနွမ်းပါးပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မှီခိုလျက်ပညာသင်ကြားနေကျသော ကလေးငယ် များအတွက် ကလေးအခွင့်အရေးများထဲမှ အဓိကနှစ်ချက်ဖြစ်သောကျန်းမာရေးနှင့်ပညာရေးကို ကူညီဆောင်ရွယ်လှူဒါန်းနိုင် ရန်ရည်ရွယ်ချက်ဖြင့်တည်ထောင်ထားခြင်းလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

ပန်းသီးဖောင်ဒေးရှင်းအနေဖြင့်ဆောင်ရွက်ချက်များမှာလည်း မိဘမဲ့ဂေဟာနှင့်ဘုန်းတော်ကြီးသင်၊ သီလရှင်ပညာရေး ကျောင်းများတွင် အသည်းရောင်အသားဝါဘီပိုးသွေးစစ်ပေးခြင်းနှင့်အသဲရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးပေးခြင်း၊ ဘုန်းတော်ကြီးသင်နှင့် သီလရှင်ကျောင်းများရှိဆရာ၊ ဆရာမများအား လစာငွေများထောက်ပံ့လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်လျက်ရှိသောစာသင်ဆောင်နှင့်အိပ်ဆောင်များဆောက်လုပ်လှူဒါန်းပေးခြင်း၊ ပညာသင် ထောက်ပံ့ကြေးများလှူန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
ထို့အပြင်နည်းပညာများပံ့ပိုးကူညီမှုအနေဖြင့် သင်ကြားမှုအထောက်အကူပြု ကွန်ပျုတာအလုံးရေစုစုပေါင်း ၆၀၇ လုံးကို ကျောင်း ၁၇ ကျောင်းတွင် လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
Pann Thee Application အား အောက်ပါ Link တွင်ဝင်ရောက် Install ပြုလုပ်ရယူနိုင်သည်။
https://play.google.com/store/apps/details?id=com.abcmib.pyinnyar