MPT မှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် Mobile Seminar ပွဲ ၇၀ ကျော်ကို နိုင်ငံတစ်ဝန်းတွင် ကျင်းပသွားမည်

ဆိုက်ဘာလုံခြုံရေးနှင့်ဆိုက်ဘာအလွဲသုံးစားလုပ်မှုများကို ကာကွယ်ရန်၊ မိုဘိုင်းလ်ဖုန်းသုံးစွဲရာတွင် သိထားသင့်သည့်အချက် အလက်များ၊ ကျင့်ဝတ်များ၊ မလိုအပ်ဘဲ ဒေတာများကုန်ဆုံးသွားခြင်းမှ ကာကွယ်သည့်နည်းလမ်းများအသိပေးမျှဝေ ပေးခြင်းနှင့် သုံးစွဲသူများ၏သဘောထားကို ပိုမိုသိရှိနားလည်ပြီး ဝန်ဆောင်မှုများ အပေါ်တွင် စိတ်ကျေနပ်မှုအပြည့်အဝရရှိရန် ရည်ရွယ်၍ Mobile Seminar များကို ၂၀၁၉ – ၂၀၂၀ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းသီးတွင် ပွဲ ၇၀ ကျော်ခန့်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပွဲများကို မည်သူမဆိုအခမဲ့တက်ရောက်ဆွေးနွေးနိုင်မှာဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိနေရာဒေသ ၇၀ တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ခုနှစ်၊ မတ်လ အထိ ကျင်းပပြုလုပ်သွားမည်လည်းဖြစ်သည်။ အဆိုပါ Mobile Seminar များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ MPT ရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။

Photo Source By Myanmar Tech Press

မြန်မာနိုင်ငံတွင် တယ်လီကွန်းဆက်သွယ်ရေး နည်းပညာများနှင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများသည် အလျင်အမြန် ပြောင်းလဲတိုးတက်လျက်ရှိပြီး အဆိုပါ လက္ခဏာရပ်များသည် မြန်မာပြည်သူများ၏ လူမှုစီးပွား စံနှုန်းများ သိသိသာသာ မြင့်တက်လာသည့်အချက်ကို ဖော်ပြနေသကဲ့သို့ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ အကြားတွင် အလွဲသုံးစားပြုလုပ်ခြင်း၊ ဆိုက်ဘာပြစ်မှုများနှင့် အန္တရာယ်ရှိသည့် အခြေအနေများလည်း ပိုမိုတိုးပွားလာနိုင်ခြေ ရှိသည်။
“MPT အနေနဲ့ မိုဘိုင်းလ်အသုံးပြုမှုနဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံသားအားလုံး ပိုမိုသိရှိလာစေဖို့ ဆက်လက်ကြိုးစား ဆောင်ရွက်နေပါတယ်။ မိုဘိုင်းလ်အသုံးပြုမှုနဲ့ ဝန်ဆောင်မှုတွေဟာ မြို့ပြဒေသပြင်ပရှိ လူနေမှုအဆင့်အတန်းကို သိသိ သာသာတိုးတက်စေနိုင်တာကြောင့် ဒီနှစ်မှာ ကျွန်တော်တို့အနေနဲ့ ကွဲပြားခြားနားတဲ့ လူမှုအသိုက်အဝိုင်းက မျိုးဆက်သစ် လူငယ်တွေအတွက် ပိုပြီးအဓိကထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မိုဘိုင်းလ်နည်းပညာတွေကို ပိုမိုသိရှိနားလည်သဘော ပေါက်ခြင်းနဲ့ ဝန်ဆောင်မှု ပိုမိုကောင်း မွန်ခြင်းဟာ သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကိုရရှိစေဖို့ အထောက်အကူပြုနိုင်လိမ့်မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနမှ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးကိုကိုအောင် ကပြောကြားခဲ့သည်။

Photo

Photo Source By Myanmar Tech Press

အခမဲ့တက်ရောက်နိုင်သည့် Moible Seminar များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ်၊ မတ်လအထိ မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာဒေသ ၇၀ က အများပြည်သူဆိုင်ရာ နေရာများ၊ ကျောင်းများနှင့်တက္ကသိုလ်များတွင် ကျင်းပ သွားမည်လည်းဖြစ်သည်။
“Mobile Seminar ကျင်းပရတဲ့ရည်ရွယ်ချက်ကလည်း တိုးတက်နေတဲ့ခေတ်ကြီးမှာ မိုဘိုင်းဖုန်းဆိုင်ရာနည်းပညာတွေကို မျှ ဝေခြင်းလည်းဖြစ်ပါတယ်။ အသုံးပြုတဲ့အခါ အကျိုးရှိစွာသုံးစွဲနိုင်အောင်လည်း အသိပညာမျှဝေခြင်းလည်းဖြစ်ပါတယ်။ Mobile Seminar ပွဲတွေကျင်းပခြင်းကြောင့်လည်း အင်တာနက်အသုံးပြုတဲ့အခါ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုလာနိုင် မယ်။ မိုဘိုင်းဖုန်းကို ကျန်းမာရေးနဲ့လည်း ညီညွှတ်စွာသုံးစွဲတတ်သွားမယ်။ အင်တာနက်ဒေတာတွေ မကုန်သင့်ပဲကုန်နေတာ တွေကိုလည်း မျှဝေသွားမှာပါ။ ကျေးလက်ဒေသတွေကို သွားရောက်ဟောပြောသွားမှာလည်းဖြစ်ပါတယ်။ Mobile Seminar ကို ၂၀၁၆ ခုနှစ် ကစပြီး ဧရာဝတီတိုင်း၊ မန္တလေးတိုင်း တို့မှာစတင်ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပွဲပေါင်း ၃၇၀ ကျော်ကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ လူပေါင်း တစ်သိန်းကျော်လာရောက်နားထောင်ခဲ့ပါတယ်။ အခုနောက်ပိုင်းကျင်းပပြု လုပ်မယ့်ပွဲတွေကို ခေါင်းစဉ် ၈ ခုနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု MPT Call Center ဌာနမှ ဒေါ်လွင်လွင်မျိုးက ပြော ကြားသည်။
ထို့အပြင် Mobile Seminar များတွင် ဆွေးနွေးမည့် အခြားခေါင်းစဉ်များမှာ လူမှုကွန်ရက်၊ ကျန်းမာရေးနှင့်မိုဘိုင်းလ် အသုံးပြုမှု၊ မိုဘိုင်းလ်ဒေတာကိုထိရောက်စွာ အသုံးပြုခြင်း၊ MPT4U အက်ပလီကေးရှင်းအသုံးပြုခြင်း၊ MPT Club၊ MPT Money နှင့် သုံးစွဲသူဝန်ဆောင်မှုပေးရေး ဝန်ဆောင်မှုများပံ့ပိုးပေးခြင်း စသည့်တို့ပါဝင်မည်လည်းဖြစ်သည်။
MPT Mobile Seminar များကို ၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ပွဲပေါင်း ၄၀၀ နီးပါး ကျင်းပနိုင်ခဲ့ပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုသူ တစ်သိန်းကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။ MPT သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Mobile Seminar များ ကျင်းပပြုလုပ်ခြင်းသာမက ဒေတာသုံးစွဲမှုများနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။