ဂီတအနုပညာကို ချစ်မြတ်နိုးပြီး သီချင်းအသစ်များကိုနားဆင်နိုင်သည့် တေးသံသာ Music App

ဂီတအနုပညာကို ချစ်မြတ်နိုးသူများအတွက် မည့်သည့်မီဒီယာမှမဖော်ပြရသေးသော မြန်မာသီချင်းအသစ်များ၊ သီချင်း ကောင်းများကို အကန့်အသတ်မရှိနားဆင်နိုင်သည့် Tay Than Tar Mobile App ကို မိမိဖုန်းထဲတွင် အလွယ်တကူ စတင်အသုံးပြုနိုင်နေပြီဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ App မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့Lotte Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။
အဆိုပါ App ကို East Boy Co.,Ltd မှ MPT နှင့်ပူးပေါင်းကာပြုလုပ်ခြင်းဖြစ်ပြီး “တေးသံသာ” Music App ကို Google Play Store (သို့မဟုတ်) Apple store တို့မှ ဒေါင်းလုတ်ရယူကာ MPT သုံးစွဲသူများအတွက် စတင်အသုံးပြုနိုင်ပြီလည်းဖြစ်သည်။ အဆိုပါဝန်ဆောင်မှုတွင် Free User နှင့် Premium User ဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားသတ်မှတ်ထားပြီး Free User များအနေဖြင့် သတ်မှတ်ထားသော တေးသီချင်းများကိုသာ နားဆင်နိုင်မည်ဖြစ်ပြီး Premium User များအနေဖြင့် Premium account ဖြင့် နောက်ဆုံးထွက်ရှိထားသော တေးသီချင်းများကို တစ်ရက်လျှင် ၉၉ကျပ်နှုန်းဖြင့် နားဆင်ခံစားနိုင်မည်လည်း ဖြစ်သည်။

Photo Source – https://www.facebook.com/taythantharmusic/

အရည်အသွေးမြင့် တေးသီချင်းများကို ဒေါင်းလုတ်ဆွဲပြီး နားဆင်နိုင်မည်ဖြစ်သည့်အပြင် Mega Stars မှ ထွက်ရှိသော အနုပညာရှင်များ၏ အထူးသီးသန့်ဂီတဗွီဒီယိုစုစည်းမူများ၊ ဂီတဖျော်ဖြေပွဲ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း နားဆင်ခံစား နိုင်မည်ဖြစ်သည်။ Apple ဖုန်းအသုံးပြုသူများအနေဖြင့် Premium ဝန်ဆောင်မှုကို မကြာမီအသုံးပြုနိုင်စေရန်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်းသိရသည်။ သို့ရာတွင် တေးသံသာ အက်ပလီကေးရှင်းတွင်ပါဝင်သော Premium တေးသီချင်းများအား အခြားသော မည်သည့်ဝန်ဆောင်မှုတွင်မရရှိနိုင်ကြောင်းလည်းသိရသည်။
“ဂီတအပေါ်ထားရှိတဲ့ မြတ်နိုးမှုတွေကို ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို မျှဝေပေးရတာ အရမ်းဝမ်းသာ ပျော်ရွှင်မိပါတယ်။ အခုလိုမျိုး “တေးသံသာ” ဂီတဝန်ဆောင်မှုအသစ်တစ်ခုနဲ့ မိတ်ဖက်အဖြစ်လက်တွဲဆောင်ရွက် လိုက်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ တီထွင်ဖန်တီးလိုတဲ့ မြန်မာအနုပညာရှင်တွေကို အားပေးကူညီရာရောက်သလို တေးသီချင်းချစ်သူတွေအားလုံးကလည်း သူတို့ကြိုက်တဲ့ အဆိုတော်တွေရဲ့ ဖန်တီးမှု တေးသီချင်းတွေကို အပြည့်အဝ နားဆင်ခံစားနိုင်မယ့် အခွင့်အရေးပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို အသစ်ထွက်ရှိလာတဲ့ တေးသီချင်းတွေနဲ့ ဂန္တဝင်သီချင်းတွေကို အကန့်အသတ်မရှိ နားဆင်နိုင်ခွင့်ပေးအပ်လိုက်ခြင်းက မြန်မာနိုင်ငံရဲ့ဂီတနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို မြှင့်တင်ပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားသည်။

Photo Source – https://www.facebook.com/taythantharmusic/

တေးသံသာ Music App ကို လုပ်မယ်လို့စဉ်းစားတဲ့အခါမှာ ကိုယ်တိုင်ကလည်း အနုပညာကို ဝါသနာပါတဲ့အချက်က အဓိက ဖြစ်ပါတယ်။ ဒါကြောင့် သူများတွေနဲ့မတူအောင်လည်း ကြိုးစားထားပါတယ်။ ၁၀၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားပိုင် ဖြစ်ပြီးတော့ နိုင်ငံတကာကမြန်မာလူမျိုးတွေလည်း နားဆင်လို့ရအောင် ဆောင်ရွက်ထားပါတယ်။ ပထမဆုံးနဲ့ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တဲ့ MPT နဲ့ သီးသန့်လက်တွဲခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ တေးသံသာ အက်ပလီ ကေးရှင်းထဲမှာ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် တေးသီချင်းတွေကို တင်ဆက်ထားပါတယ်။ ထပ်ပြီးတော့လည်း အသစ် အသစ်သော ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ သီချင်းအသစ်တွေကို တင်ဆက်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ဒီ အက်ပလီကေးရှင်း ဖြစ်မြောက်လာအောင် ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း တစ်ထောင့်တစ်နေရာကနေပြီးတော့ ပါဝင်ကူညီပေးကြဖို့နဲ့ ဒီအက်ပလီကေးရှင်း အောင်အောင်မြင်မြင်ရပ် တည်နိုင်အောင် ကျွန်တော်တို့ဘက်မှ ကြိုးစားသွားပါ့မယ်” ဟု East Boy Co., Ltd ၏ CEO ဖြစ်သူ ဦးညီသူရ က ပြောကြားခဲ့သည်။

Photo Source By Myanmar Tech Press

MPT သုံးစွဲသူများအနေဖြင့် တေးသံသာ Music App ၏ လုပ်ဆောင်ချက်အားလုံးကို သိရှိလိုပါက Google Play Store (သို့မဟုတ်) Apple Store တို့မှ ဝင်ရောက်၍ ဒေါင်းလုတ်ရယူအသုံးပြုနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီးပါက MPT ဆင်းမ်ကတ်နံပါတ်ဖြင့် စာရင်းသွင်းရန်လိုအပ်မည်ဖြစ်သည်။ Preminum ဝန်ဆောင်မှုအား အသုံးပြုလိုပါက 8734 သို့ ON ဟု SMS (စာတို) ပေးပို့နိုင်ပါသည် (သို့မဟုတ်) တေးသံသာ အက်ပလီကေးရှင်းမှတစ်ဆင့် ရယူနိုင်မည်လည်းဖြစ်သည်။
အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.tay_than_thar.app