သုံးစွဲနေတဲ့ Internet Speed များတိုင်းတာရန်အတွက် သိထားသင့်သည့်အချက်များ

ခုချိန်မှာတော့ လူတိုင်းနီးပါး အင်တာနက်ကို သုံးစွဲနေကြပြီးဖြစ်သလို မိမိတို့ လက်ရှိအသုံးပြုနေကြတဲ့ Internet Speed တွေ အကြောင်းကို ကောင်းမွန်တိုင်းတာကြည့်တာတွေကို သိထားဖို့လိုအပ်ပါတယ်။ လက်ရှိမိမိအသုံးပြုနေတဲ့ Internet Speed နဲ့ ငွေပေးချေရမှုဟာ တန်ရဲ့လားဆိုတာလည်း သိထားသင့်ပါတယ်။
လူတော်တော်များကက သိချင်သိကြနိုင်တယ်ဆိုပေမယ့် မသိသေးတဲ့သူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ တကယ်လို့ nPerf app ကိုသာ အသုံးပြုမယ်ဆိုရင် သုံးနေတဲ့ Bandwidth နဲ့ တကယ်ပြသနေတဲ့ ISP နဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာ တိုက်ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ စစ်လည်းစစ်ဆေးသင့်ပါတယ်။ အဲ့ဒီ service ကို အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ widget အတိုင်း လိုက်နာဆောင်ရွက်ဖို့တော့လိုပါမယ်။ ( တကယ်လို့ သင်က javascript ကို block လုပ်ထားမိမယ်ဆိုရင်တော့ မြင်နိုင်မှာမဟုတ်ပါဘူး။

Photo Source – https://bit.ly/2CmadAF

(၁) ဘယ်ဘက်အခြမ်းမှာဆိုရင်တော့ အသုံးပြုသူ Operator နာမည်၊ အသုံးပြုနေတဲ့ Connection အမျိုးအစား၊ အသုံးပြုသူရဲ့ IP Address တွေအပြင် အသုံးပြုနေသူရဲ့ ကွန်ပြူတာ(သို့မဟုတ်) ဖုန်းမှာ သုံးထားတဲ့ Browser Version တွေ စတဲ့အချက် အလက်ပေါင်းများစွာကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။
(၂) ညာဘက်မှာဆိုရင် အမြင့်ဆုံးနဲ့ ပျမ်းမျှ Download Speeds တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။
(၃) ဒီ Service က အမြင့်ဆုံးနဲ့ ပျမ်းမျှ Upload လုပ်နိုင်တဲ့ Speeds တွေကိုလည်း Offer လုပ်ပေးနိုင်ပါသေးတယ်။
(၄) နောက်ဆုံးတစ်ချက်အနေနဲ့ ညာဘက်အောက်ခြေမှာ data transmission latency (ping) နဲ့သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကို တွေ့ရမှာလည်းဖြစ်ပါတယ်။

 

Photo Source – https://bit.ly/2CmadAF

အလယ်က Spanner ကို Click နှိပ်ပြီး တိုင်းတာတဲ့ Unit တွေကို လည်း ချိန်ဆပြောင်းလဲနိုင်ပါသေးတယ်။ ပြီးတော့ Test Server ရဲ့တည်နေရာကို ပြောင်းလဲနိုင်တဲ့အပြင် အဲ့ကရလာတဲ့ စမ်းသပ်မှုအဖြေတွေကို Facebook တို့ Twitter တို့ကနေ တစ်ဆင့်လည်း Share လုပ်လို့ရနိုင်ပါတယ်။ အကြိမ်အရေအတွက်အများကြီးကို လိုအပ်သလို စမ်းသပ်စစ်ဆေးနိုင်ပါမယ်။ Server ကိုပြောင်း၊ Disable Downloads လုပ်နိုင်တဲ့အပြင် အင်တာနက်အသုံးပြုနေတဲ့ ဘယ်အရာကိုမဆို Pause လည်း လုပ်နိုင်ပါသေးတယ်။
ဒီအဆင့်တွေကို ကျော်လွန်စမ်းသပ်ပြီးရင်တော့ မိမိတို့အသုံးပြုနေတဲ့ Connection က မိမိကို Operator က တကယ်ကတိ ပေးထားတာနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ဆန်းစစ်လို့ရပြီ ထင်ပါပြီ။ တကယ်လို့ ကျေနပ်မှုမရှိဘူးဆိုရင်တော့ မိမိတို့ရဲ့ ISP ကို ခေါ်ဆိုပြီး ဖြေရှင်းချက်ပေးခိုင်းတာမျိုး ( ဒါမှမဟုတ်) အခြားဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေကို အတူတူရှာကြတာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ မိမိတို့ရဲ့ ISP Speed နဲ့ တကယ့် Speed ကိုက်ညီမှုရှိမရှိ ပြန်ကြည့်လိုက်ကြအုံးနော်။
အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုပါ။
https://play.google.com/store/apps/details?id=com.nperf.tester

Article Source – https://bit.ly/2CmadAF