အဆင့်မြင့်နည်းပညာများနှင့်ပြုလုပ်ထားသော Yealink Product ပစ္စည်းများမိတ်ဆက်

အဆင့်မြင့်နည်းပညာများအသုံးပြုကာ ပြုလုပ်ထားသော Yealink Video Conferncing ၏ပစ္စည်းသစ်များ မိတ်ဆက်ပွဲအခမ်း အနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြိ့ Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

Photo Source – https://www.facebook.com/VortechMM/

အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် ဖိတ်ကြားထားသော နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီများမှ ဧည့်သည်တော်များတက်ကြ ပြီး Yelink Video Conferncing အကြောင်း၊ Video Conferencing One Stop Solution တစ်ခုဖြစ်သော Zoom Software အကြောင်းနှင့် Wireless Presentation Station စသည့်အကြောင်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူ များအား လက်တွေ့အသုံးပြုစမ်းသပ်ခွင့်ပြုစေခဲ့သည်။
Yealink video Conferncing Product ပစ္စည်းများသည် ကုမ္ပဏီလုပ်ငန်းများတွင် အစည်းအဝေးပြုလုပ်ရာ တွင်တစ်နေရာတွင် အရေးပါသုံးဝင်သောနည်းပညာပစ္စည်းများဖြစ်ပြီး တစ်နေရာမှတစ်နေရာ ရုပ်သံများဖြင့်တိုက်ရိုက် မြင်တွေ့ ပြောဆိုနိုင်မည်ဖြစ်ပြီး မှတ်တမ်းတင်ထားနိုင်သော နည်းပညာအထောက်အကူပြုပစ္စည်းများလည်းဖြစ်သည်။ ထို့ကြောင့်လည်း ကုမ္ပဏီလုပ် ငန်းများအနေဖြင့် များစွာအဆင်ပြေစေနိုင်မှာဖြစ်ပြီး အချိန်ကုန်ကျမှုသက်သာစေသည့်အပြင် လုပ်ငန်းပြီးမြောက်မှုမှန်ကန်စေ မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/VortechMM/

Yealink Video Conferncing Product များ၏ အားသာချက်များမှာလည်း လုပ်ငန်းတည်နေရာမတူညီပဲ အရေးပေါ်လုပ်ငန်း အစည်းအဝေးများကျင်းပသည့်အခါတွင်လည်း တစ်နေရာနှင့်တစ်နေရာ အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်ပြီး အသံပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ရှင်းပြနိုင်ခြင်း၊ စည်းဝေးမှတ်တမ်းများကို Record ပြုလုပ်ထားနိုင်ခြင်း၊ လုပ်ငန်း Project များ ကို တိုက်ရိုက်ပြသနိုင်ခြင်း စတဲ့အားသာချက်များရရှိနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/VortechMM/

ထို့အတွက်ကြောင့် ကုမ္ပဏီလုပ်ငန်းတစ်ခု Meeting ပြုလုပ်ပါကလည်း တစ်နေရာမှတစ်နေရာသွားလာရသည့်ပြဿနာ၊ ရုံးခွဲ များကိုစီမံခန့်ခွဲအုပ်ချုပ်တဲ့အခါ အရေးပေါ် Meeting ပြုလုပ်ချင်သည့်ပြဿနာနှင့် ဝန်ထမ်းများစီမံခန့်ခွဲညွှန်ကြားရခက်သည့် ပြဿနာများကို Yealink Product များကများစွာအထောက်အကူဖြစ်မည်လည်းဖြစ်သည်။
Yealink video Conferncing တွင်ပါဝင်သောပစ္စည်းများအမျိုးအစားများမှာလည်း Yealink MVC800 Room System၊ Yealink MVC500 Room System(For Small and medium rooms)၊ Yealink UVC80 USB PTZ Camera(For medium and Large rooms)၊ Yealink UVC50 USB PTZ Camera( For small and medium rooms)၊ Yealink MTouch Console၊ Yealink MShare HDMI Ingest၊ Yealink VCM34 Array Microphone+MSpeaker(For Medium and large rooms)၊ Yealink CPW90 Wireless Microphone+MSpeaker(For Small and medium rooms) စတဲ့ပစ္စည်းအမျိုးအစားအစုံအလင်ကို ရှင်းလင်းမိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Source – https://www.facebook.com/VortechMM/

Yealink သည် အကောင်းဆုံးအမှတ်တံဆိပ်အရည်အသွေးရှိသော ဆန်းသစ်သောနည်းပညာနှင့်အသုံးပြုရလွယ်ကူသော နည်းပညာပိုင်းဆိုင်ရာပစ္စည်းများကို ပြုလုပ်ပေးလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ်တစ်ခုလည်းသည်။ အဆိုပါ ပစ္စည်းများကိုလည်း Vortech Myanmar ကုမ္ပဏီတွင်ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များ ထပ် မံသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/VortechMM/
https://www.yealink.com/