ချေးငွေလုပ်ငန်းများနှင့်ဆက်သွယ်ကာချေးငွေရယူနိုင်သည့် နည်းပညာ Platform Waloan App စတင်မိတ်ဆက်

လိုအပ်သောအချက်အလက်များကိုဖြည့်သွင်းပြီး အချက်အလက်စုံလင်စွာပါရှိပါက ချေးငွေလုပ်ငန်းများနှင့်ဆက်သွယ်ကာ ချေးငွေထုတ်ယူနိုင်သည့် နည်းပညာ Platform တစ်ခုဖြစ်သော Waloan App ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel တွင်စတင်မိတ်ဆက်ခဲ့သည်။

Photo Source By Myanmar Tech Press

အဆိုပါ App ကို Pristine Global Finance ကုမ္ပဏီမှပြုလုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ငွေကြေးဝန်ဆောင်မှုများပေးပြီး ငွေကြေးအခက်အခဲပြေလည်စေရန်၊ အရှိန်အဟုန်နှင့်အရည်အသွေး ပြည့်ဝစွာလုပ်ဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ထားခြင်းလည်းဖြစ်သည်။ အဆိုပါ App ကိုအသုံးပြုသူများ အနေဖြင့် လူတစ်ဦးချင်းမိမိတို့လိုအပ်ချက်အလျောက် ချေးယူနိုင်သလို SME စွန့်ဦးတီထွင် လုပ်ငန်းများအပြင် အခြေကျပြီး တိုးချဲ့ဖို့လိုနေတဲ့လုပ်ငန်းများကလည်း အရင်းအနှီးအဖြစ် ငွေကြေးအကူအညီရယူနိုင်မည်လည်းဖြစ်သည်။
လိုအပ်သော အချက်အလက်များကို အချိန်သုံးမိနစ်ပေးကာဖြည့်သွင်းပေးရုံနှင့်လျှင်မြန်လွယ်ကူရိုးရှင်းစွာ ငွေကြေးအတိုင်း အတာ ပမာဏတစ်ခုကို ရရှိစေနိုင်မည့် ခုရှိတဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုလည်းဖြစ်သည်။ လျှောက်ထား ရာတွင်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်များကို မပေါက်ကြားစေရန် အပြည့်အဝတာဝန်ယူထားမည်ဖြစ်ပြီး အချက် အလက်များမပြည့်စုံပါက ချေးငွေလျှောက်ထားရယူနိုင်မည်မဟုတ်ကြောင်းလည်း သိရသည်။

Photo Source – https://www.facebook.com/app.waloan/

ချေးငွေထုတ်ယူရာတွင်လည်း ချေးငွေပုံစံသုံးမျိုးဖြင့် လုပ်ငန်းအပေါ်မူတည်ပြီးထုတ်ယူနိုင်မည်လည်းဖြစ်သည်။ ပထမပုံစံ အနေနှင့် ချေးငွေကို အာမခံတစ်ဦးနှင့် ၁၀ သိန်းမှ ၂၅ သိန်းအထိထုတ်ယူနိုင်မည်ဖြစ်ပြီး ဒုတိယပုံစံအနေဖြင့် ချေးငွေကို အာမခံနှစ်ဦးနှင့် သိန်း ၃၀ မှ ၅၀ အထိထုတ်ယူနိုင်မည်လည်းဖြစ်သည်။ တတိယပုံစံအနေဖြင့် ချေးငွေကို အာမခံနှစ်ဦးနှင့် ၅၅ သိန်း မှ သိန်း ၁၀၀ အထိ ထုတ်ယူနိုင်မည်လည်းဖြစ်သည်။ အာမခံပေးနိုင်သည့်သူများကလည်း မိမိနှင့်လုပ်ငန်းတူ သူများဖြစ်ရမည်ဖြစ်ပြီး ချေးငွေကာလများမှာလည်း ၁၂ လ၊ ၁၈ လ၊ ၂၄ လ တို့ဖြစ်သည်။ အတိုးနှုန်းများကို App တွင်အသေးစိတ်ဖော်ပြထားပြီး App ကို Play Store တွင်ဝင်ရောက် Install ပြုလုပ်နိုင်မည် လည်းဖြစ်သည်။

Photo Source – https://www.facebook.com/app.waloan/

အဆိုပါ App တွင် အသေးစားချေးငွေအဖွဲ့အစည်းများ၏ လိပ်စာနဲ့ ဖုန်းနံပါတ်များ ထည့်သွင်းပေးထားပါပြီး ဖုန်းခေါ်ဆိုရန် မလိုအပ်ပဲ ချေးငွေရရှိစေရန် လိုအပ်သည့်အကြောင်းအရာများကို ရှင်းလင်းစွာသိရှိနိုင်ရန်အတွက်ဖော်ပြပေးထားပြီးဖြစ် ကြောင်းလည်းသိရသည်။ လက်ရှိတွင် အဆိုပါ App ကိုရန်ကုန်တိုင်းနှင့်မွန်ပြည်နယ်အတွက်သာ အသုံးပြုရနိုင်မှာဖြစ်ပြီး ချေးငွေရယူလိုသူအနေများအနေဖြင့်လည်း မှတ်ပုံတင်ဖြင့်လစာဝင်ငွေများကိုဖော်ပြပေးရမည်လည်းဖြစ်သည်။ ချေးငွေချေး ယူထားသူများအနေဖြင့်လည်း ချေးငွေပြန်လည်ပေးသွင်းရာတွင် CBPay နှင့် KBZPay များမှတဆင့်လွယ်ကူစွာပြန် လည်ပေးချေနိုင်မည်လည်းဖြစ်သည်။
အဆိုပါ App ကို Android ဖုန်းများအားလုံးတွင်အသုံးပြုနိုင်ပြီး IOS ဖုန်းများတွင် ယခုလအတွင်းအသုံးပြုနိုင်ရန်ဆောင်ရွက် နေပြီးဖြစ်ကြောင်းလည်းသိရသည်။
ထပ်မံသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုငိသည်။
https://www.facebook.com/app.waloan/
https://www.waloan.app
App ကိုအောက်ပါ Link တွင်ဝင်ရောက် Install ပြလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.globalwave.waloan