Mytel မှ Covid-19 ကာလတွင် ကျန်းမာရေးလုပ်ငန်းများကိုကူညီသောအားဖြင့် တယ်လီကွန်းနှင့် အင်တာနက်ဝန်ဆောင်မှုများပိုမိုထောက်ပံ့

မြန်မာပြည်၏ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Mytel သည် ကမ္ဘာ့ကပ်ရောဂါ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းကထောက်ပံ့ပေးရန် ရည်ရွယ်လျက် စတင်ခဲ့သော Fight Covid 19 ကမ်ပိန်း၏ လုပ်ဆောင်ချက်တစ်ခုအဖြစ် ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော quarantine ပြုလုပ်ထားသည့်နေရာများတွင် Covid 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်လျက်ရှိသောဆရာဝန်များ၊ သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် လူနာ များကိုတယ်လီကွန်းနှင့် အင်တာနက်ဝန်ဆောင်မှုများထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကိုယ်ကျိုးစွန့်လျက် ရှေ့တန်းမှနေ၍ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများကို လေးစားဂုဏ်ပြုသည့် အနေဖြင့် Mytel မှ မိမိတတ်နိုင်သည့်ဘက်မှ ကပ်ရောဂါကိုအမြစ်ပြတ်သုတ်သင်နိုင်ရန် အစွမ်းကုန် ထောက်ပံ့ကူညီပေး သွားမည် ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

Photo Source https://web.facebook.com/mytelmyanmar/

“Mytel က အခုလိုအမြဲတစ်နိုင်ငံလုံးအနှံ့ လှူဒါန်းမှုတွေလုပ်ပြီးပြည်သူလူထုကိုတတ်နိုင်သလောက် ကူညီပံ့ပိုးပေးသွားမှာပါ။ အခုလို ကမ္ဘာလုံးဆိုင်ရာရောဂါကြီးကိုမပျံ့နှံ့အောင် နေ့ရောညပါ အားသွန်ခွန်စိုက် အလုပ်လုပ်ပြီး အတတ်နိုင်ဆုံး ကာကွယ် ထိန်းချုပ် ပံ့ပိုးကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျွန်တော်တို့ကအထူးပဲကျေးဇူးတင်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် အခုလိုအချိန်မျိုးမှာတစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်သွားဖို့ကအရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်းကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကိုပိုမိုပံ့ပိုးပေးနိုင်ဖို့အတွက် ဆေးရုံတွေ၊ အခြား quarantine ပြုလုပ်ထားတဲ့ နေရာတွေမှာတယ်လီကွန်းနှင့် အင်တာနက် ဝန်ဆောင်မှုတွေပေးသွားဖို့ အဓိကရည်ရွယ် ရတာပဲဖြစ်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှလည်း ပြောကြားသည်။
Mytel မှ ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော quarantine ပြုလုပ်ထားသည့်နေရာများတွင် နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ အခြားလိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့်တကွ တာဝန်ထမ်းဆောင်လျက်ရှိသောဆရာဝန်များ၊ သူနာပြုများနှင့် အခြားကျန်းမာရေး ဝန်ထမ်းများအားလုံးအတွက် data 5 GB နှင့် Mytelအချင်းချင်းမိနစ် ၂၀၀ အခမဲ့ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုများဖြင့် ထောက်ပံ့ပေးခဲ့ပါသည်။ ဤထောက်ပံ့ကူညီခြင်းအစီအစဉ်ကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဤအစီအစဉ်လုပ်ဆောင်ရခြင်းရည်ရွယ်ချက်မှာMytelသည် မိမိနိုင်ငံသားများကိုတစ်ဦးနှင့် တစ်ဦးအဆက်အသွယ်မပြတ်ရှိ နေစေရန်နှင့် ဤကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကိုတိုက်ဖျက်ရာ၌ ကျန်းမာရေးဝန်ထမ်းများကိုတစ်ထောင့်တစ်နေရာမှ တတ် အားသရွေ့ ကူညီပံ့ပိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

Photo Source https://web.facebook.com/mytelmyanmar/

မကြာသေးမီကပင် Mytel မှ “Safe Market” ဟူသောအစီအစဉ်ကိုပြည်တွင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများနှင့် ပူးပေါင်းကာစတင်အကောင်အထည်ဖော်ခဲ့ပြီး ကုန်သည်၊ ဈေးသည်များ အတွက် ဈေးအတွင်း social distancing အလေ့အကျင့်ကိုလိုက်နာကျင့်သုံးရန် အားပေးသောအနေဖြင့် ရွင်ဖျင်ထီးများလှူဒါန်းပေးခဲ့သည်။ ထိုအစီအစဉ်များအပြင် Mytel သည် (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ်နှင့် ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မည့် (111 သို့ CV19 ဟုပေးပို့ပြီးသုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်ငွေမှ ၁,၀၀၀ ကျပ်ကိုလှူဒါန်းနိုင်မည့်) အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့သည်။

Photo Source https://web.facebook.com/mytelmyanmar/

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာချောင်ချိရေးအားဂရုစိုက်သောရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအားအကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးနိုင်ရန်ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ် သောတီထွင်မှုများနှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအားအထူးအာရုံစိုက်လျက်ပြီးမြန်မာပြည်သူတို့အတွက် ကောင်းမွန်သော အနာဂတ်ကိုဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။